ကျောင်းတစ်ဖက်နဲ့ ရံဖန်ရံခါ ပွဲလေးတွေ လိုက်တက်နေတယ်ဆိုတဲ့ သရုပ်ဆောင် ယွန်းယွန်း

 ကျောင်းတစ်ဖက်နဲ့ ရံဖန်ရံခါ ပွဲလေးတွေ လိုက်တက်နေတယ်ဆိုတဲ့ သရုပ်ဆောင် ယွန်းယွန်း

အနုပညာလောကကို ကလေးသရုပ်ဆောင်ကနေ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်းဟာ ယခု တက္ကသိုလ် ပညာသင်ယူနေရင်း ရံဖန်ရံခါလောက်သာ ပွဲလေးတွေလိုက်တက်ဖြစ်နေတယ်လို့ ပြောပါတယ်။

အခုလို အရွယ်ရောက်လာတဲ့အချိန်မှာ ဇာတ်လမ်းတွေထဲ အဓိကသရုပ်ဆောင် မင်းသမီးရဲ့ သူငယ်ချင်း နေရာတွေကနေသာ သရုပ်ဆောင်ဖြစ်သေးတယ်လို့ သိရပါတယ်။

“မင်းသမီးနေရာကလည်း မရိုက်ဖြစ် သေးပါဘူး၊ အရင်လို ကလေးသရုပ်ဆောင်အဖြစ် မရိုက်ရတော့ဘဲ မင်းသမီးရဲ့ သူငယ်ချင်းတို့၊ ညီအစ်မတို့ အခန်းကနေ ရိုက်ရတာတော့ရှိတယ်၊ ကိုယ်က အခုမှ ဒီလိုလူကြီးသရုပ်ဆောင်နေရာကနေ ရိုက်ရတာ ဆိုတော့ စိတ်ထဲတော့ တစ်မျိုးကြီးပဲ၊ ကျောင်းတစ်ဖက်ကလည်း ရှိသေးတော့ လောလောဆယ် ကျောင်းကိုပဲ အဓိက ထားပြီးတော့ လုပ်ဆောင်နေပါတယ်၊ ပွဲလေးတွေအနေနဲ့တော့ ဖိတ်ထားတဲ့ပွဲလေးတွေကို ရံဖန်ရံခါလောက် တက်ဖြစ်တာပဲ ရှိပါတယ်”လို့ သရုပ်ဆောင် ယွန်းယွန်းက ပြောပါတယ်။

သူ့အနေနဲ့ ပါဝင်ရိုက်ကူးထားပြီးရုံတင်ရခြင်းမရှိသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိနေသလို ယခုနောက်ပိုင်းမှာ ကြော်ငြာတွေမှာလည်း ပါဝင်ရိုက်ကူးနေပါတယ်။ အနုပညာလောကမှာ ဝေဖန်တိုက်ခိုက်မှုတွေလည်းရှိတာကြောင့် လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ “ဝေဖန်တိုက်ခိုက်တာတွေ ကောလာဟလတွေက ရှိလာတတ်စမြဲပါပဲ၊ ဒါကြောင့်လည်း မေမေတို့ကတောင် ပြောသေးတယ်၊ နင်ကလေး မဟုတ်တော့ဘူး၊ စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားဖို့ပေါ့လေ”လို့လည်း သူကပြောပါတယ်။

ယခုနောက်ပိုင်းမှာ ကျောင်းတစ်ဖက် နဲ့မို့ ဇာတ်ကားရိုက်ကူး တာတွေဟာ နည်းပါးနေပေမယ့် ကြော်ငြာနဲ့အလှဓာတ်ပုံရိုက်ကူးတာတွေကိုလည်း ရံဖန်ရံခါ လုပ်ဆောင်နေသလို ခင်မင်မှုဖြင့် ဖိတ်ကြား လာတဲ့ အခမ်းအနားပွဲတွေကိုလည်း အချိန်လုကာ တက်ဖြစ်တာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၅

(  Zawgyi  )

 အႏုပညာေလာကကို ကေလးသ႐ုပ္ေဆာင္ကေန ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္းဟာ ယခု တကၠသိုလ္ ပညာသင္ယူေနရင္း ရံဖန္ရံခါေလာက္သာ ပြဲေလးေတြလိုက္တက္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

အခုလို အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ ဇာတ္လမ္းေတြထဲ အဓိကသ႐ုပ္ေဆာင္ မင္းသမီးရဲ႕ သူငယ္ခ်င္း ေနရာေတြကေနသာ သ႐ုပ္ေဆာင္ျဖစ္ေသးတယ္လို႔ သိရပါတယ္။

“မင္းသမီးေနရာကလည္း မ႐ိုက္ျဖစ္ ေသးပါဘူး၊ အရင္လို ကေလးသ႐ုပ္ေဆာင္အျဖစ္ မ႐ိုက္ရေတာ့ဘဲ မင္းသမီးရဲ႕ သူငယ္ခ်င္းတို႔၊ ညီအစ္မတို႔ အခန္းကေန ႐ိုက္ရတာေတာ့ရွိတယ္၊ ကိုယ္က အခုမွ ဒီလိုလူႀကီးသ႐ုပ္ေဆာင္ေနရာကေန ႐ိုက္ရတာ ဆိုေတာ့ စိတ္ထဲေတာ့ တစ္မ်ိဳးႀကီးပဲ၊ ေက်ာင္းတစ္ဖက္ကလည္း ရွိေသးေတာ့ ေလာေလာဆယ္ ေက်ာင္းကိုပဲ အဓိက ထားၿပီးေတာ့ လုပ္ေဆာင္ေနပါတယ္၊ ပြဲေလးေတြအေနနဲ႔ေတာ့ ဖိတ္ထားတဲ့ပြဲေလးေတြကို ရံဖန္ရံခါေလာက္ တက္ျဖစ္တာပဲ ရွိပါတယ္”လို႔ သ႐ုပ္ေဆာင္ ယြန္းယြန္းက ေျပာပါတယ္။

သူ႔အေနနဲ႔ ပါဝင္႐ိုက္ကူးထားၿပီး႐ုံတင္ရျခင္းမရွိေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ရွိေနသလို ယခုေနာက္ပိုင္းမွာ ေၾကာ္ျငာေတြမွာလည္း ပါဝင္႐ိုက္ကူးေနပါတယ္။ အႏုပညာေလာကမွာ ေဝဖန္တိုက္ခိုက္မႈေတြလည္းရွိတာေၾကာင့္ လိုအပ္တဲ့ျပင္ဆင္မႈေတြနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္ေအာင္လည္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ “ေဝဖန္တိုက္ခိုက္တာေတြ ေကာလာဟလေတြက ရွိလာတတ္စၿမဲပါပဲ၊ ဒါေၾကာင့္လည္း ေမေမတို႔ကေတာင္ ေျပာေသးတယ္၊ နင္ကေလး မဟုတ္ေတာ့ဘူး၊ စိတ္ဓာတ္ႀကံ့ခိုင္ေအာင္ ႀကိဳးစားဖို႔ေပါ့ေလ”လို႔လည္း သူကေျပာပါတယ္။

ယခုေနာက္ပိုင္းမွာ ေက်ာင္းတစ္ဖက္ နဲ႔မို႔ ဇာတ္ကား႐ိုက္ကူး တာေတြဟာ နည္းပါးေနေပမယ့္ ေၾကာ္ျငာနဲ႔အလွဓာတ္ပုံ႐ိုက္ကူးတာေတြကိုလည္း ရံဖန္ရံခါ လုပ္ေဆာင္ေနသလို ခင္မင္မႈျဖင့္ ဖိတ္ၾကား လာတဲ့ အခမ္းအနားပြဲေတြကိုလည္း အခ်ိန္လုကာ တက္ျဖစ္တာေတြရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၅