ကျော်ကျော်နန္ဒပါတဲ့ သရဲကား ဇာတ်လမ်း တွဲ ရိုက်ကူးမည်

ကျော်ကျော်နန္ဒပါတဲ့ သရဲကား ဇာတ်လမ်း တွဲ ရိုက်ကူးမည်

သရဲကားကိုမှ ကြိုက်နှစ်သက်ကြသော ပရိသတ်တွေအတွက် “ထိတ်လန့်ခြောက်ခြားသော ညများ”လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့လုပ်ဆောင်နေတယ်လို့ ဒါရိုက်တာ ညီဘွားညီက ပြောပါတယ်။

“ဟိုတယ်ပိုင်ရှင် အမျိုးသမီးက သေသွားပြီးတော့ သရဲဖြစ်သွားမယ်၊ အဲ့ဒီနောက်မှာ ခြောက်လှန့်တာတွေ ဘာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင်တော့ ရိုက်ကူးသွားဖို့ ပြင်ဆင်ထားပါတယ်၊ ချောင်းသာမှာ သွားရိုက်မယ်၊ ဒီကားမရိုက်ခင် ကတည်းက အွန်လိုင်းမှာ ပြောတာဆိုတာတွေရှိတော့ ဒီကားက ပရိသတ် စိတ်ဝင်စားမှုရစေတဲ့ ဇာတ်ကားတစ်ကားဖြစ်လာဖို့တော့ မှန်းထားပါတယ်”လို့ သူက ရှင်းပြ ပါတယ်။

ထိုဇာတ်လမ်းတွဲထဲမှာ အထူးသရုပ်ဆောင် အနေနဲ့ ကျော်ကျော်နန္ဒ၊ ဒေးဗစ်ကျော် တို့ ပါဝင်ထားပြီး သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း၊ မေရတနာ၊ ဇွဲညီ၊ မင်းခန့်ညီ၊ ရတု၊  သရဝုဏ်နဲ့ သရုပ်ဆောင်ပေါင်း များစွာ ပါဝင်ကြမှာဖြစ်သလို ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် သရုပ်ဆောင် ညီဘွားညီက ဖန်တီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ “စိတ်ပူတာကတော့ သူတို့နဲ့ရောပြီး ကိုယ်ပါအဆဲခံရမှာတော့ ကြောက်တယ်၊ အကောင်းဆုံး သရုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း ကရှင်းပြပါတယ်။

ထိုဇာတ်လမ်းတွဲဟာ သူ့အနေနဲ့ ပထမဆုံးသရုပ်ဆောင်မယ့် ဇာတ်လမ်းတွဲလည်း ဖြစ်သလို ဒီဇိုင်နာ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရ မှာဖြစ်ကြောင်း၊ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကိုပီပြင်အောင် လုပ်ဆောင် သွားဖို့ရှိနေသလို လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်နေတာဖြစ် တယ်လို့လည်း ကျော်ကျော်နန္ဒက ပြောပါတယ်။ “ဇာတ်ကားအတွက် ဒီည(ဇွန်လ ၃ရက်ည) ထွက်မှာပါ၊ မဆောင်းတို့က မနက်ဖြန်ကျတော့မှ လိုက်လာမယ်၊ ကျွန်တော်က ပုသိမ်နဲ့ ချောင်းသာကို ထွက်မှာပါ၊ သုံးရက်အချိန်ပေးထားပါတယ်၊ ပြီးရင် ကျွန်တော်က ပုဂံဘက်ကိုသွားမယ်၊ ငပလီ ဘက်ကိုသွားမယ်၊ တစ်ဆက်တည်းသွားမယ်၊ သရုပ်ဆောင်ရမယ့် ကာရိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်အောင်လို့တော့ လေ့ကျင့်ထားတယ်”လို့ သူက ဆက်ပြောပါတယ်။

ထိုဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ ကန်တော့ပွဲပေးတဲ့ အစီအစဉ်တစ်ခုကိုတော့ ဇွန်လ  ၃ရက် မနက်မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အောင်မြေမှာ ကျင်းပခဲ့ကြပါတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဇွန် ၃

(    Zawgyi    )

 သရဲကားကိုမွ ႀကိဳက္ႏွစ္သက္ၾကေသာ ပရိသတ္ေတြအတြက္ “ထိတ္လန႔္ေျခာက္ျခားေသာ ညမ်ား”လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲကို ႐ိုက္ကူးဖို႔လုပ္ေဆာင္ေနတယ္လို႔ ဒါ႐ိုက္တာ ညီဘြားညီက ေျပာပါတယ္။

“ဟိုတယ္ပိုင္ရွင္ အမ်ိဳးသမီးက ေသသြားၿပီးေတာ့ သရဲျဖစ္သြားမယ္၊ အဲ့ဒီေနာက္မွာ ေျခာက္လွန႔္တာေတြ ဘာေတြနဲ႔ စိတ္ဝင္စားဖြယ္ေကာင္းေအာင္ေတာ့ ႐ိုက္ကူးသြားဖို႔ ျပင္ဆင္ထားပါတယ္၊ ေခ်ာင္းသာမွာ သြား႐ိုက္မယ္၊ ဒီကားမ႐ိုက္ခင္ ကတည္းက အြန္လိုင္းမွာ ေျပာတာဆိုတာေတြရွိေတာ့ ဒီကားက ပရိသတ္ စိတ္ဝင္စားမႈရေစတဲ့ ဇာတ္ကားတစ္ကားျဖစ္လာဖို႔ေတာ့ မွန္းထားပါတယ္”လို႔ သူက ရွင္းျပ ပါတယ္။

ထိုဇာတ္လမ္းတြဲထဲမွာ အထူးသ႐ုပ္ေဆာင္ အေနနဲ႔ ေက်ာ္ေက်ာ္နႏၵ၊ ေဒးဗစ္ေက်ာ္ တို႔ ပါဝင္ထားၿပီး သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း၊ ေမရတနာ၊ ဇြဲညီ၊ မင္းခန႔္ညီ၊ ရတု၊  သရဝုဏ္နဲ႔ သ႐ုပ္ေဆာင္ေပါင္း မ်ားစြာ ပါဝင္ၾကမွာျဖစ္သလို ဝတၳဳ၊ ဇာတ္ၫႊန္း၊ ဒါ႐ိုက္တာအျဖစ္ သ႐ုပ္ေဆာင္ ညီဘြားညီက ဖန္တီးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ “စိတ္ပူတာကေတာ့ သူတို႔နဲ႔ေရာၿပီး ကိုယ္ပါအဆဲခံရမွာေတာ့ ေၾကာက္တယ္၊ အေကာင္းဆုံး သ႐ုပ္ေဆာင္သြားမွာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း ကရွင္းျပပါတယ္။

ထိုဇာတ္လမ္းတြဲဟာ သူ႔အေနနဲ႔ ပထမဆုံးသ႐ုပ္ေဆာင္မယ့္ ဇာတ္လမ္းတြဲလည္း ျဖစ္သလို ဒီဇိုင္နာ တစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ရ မွာျဖစ္ေၾကာင္း၊ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္ကိုပီျပင္ေအာင္ လုပ္ေဆာင္ သြားဖို႔ရွိေနသလို လိုအပ္တဲ့ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္ေနတာျဖစ္ တယ္လို႔လည္း ေက်ာ္ေက်ာ္နႏၵက ေျပာပါတယ္။ “ဇာတ္ကားအတြက္ ဒီည(ဇြန္လ ၃ရက္ည) ထြက္မွာပါ၊ မေဆာင္းတို႔က မနက္ျဖန္က်ေတာ့မွ လိုက္လာမယ္၊ ကြၽန္ေတာ္က ပုသိမ္နဲ႔ ေခ်ာင္းသာကို ထြက္မွာပါ၊ သုံးရက္အခ်ိန္ေပးထားပါတယ္၊ ၿပီးရင္ ကြၽန္ေတာ္က ပုဂံဘက္ကိုသြားမယ္၊ ငပလီ ဘက္ကိုသြားမယ္၊ တစ္ဆက္တည္းသြားမယ္၊ သ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္လို႔ေတာ့ ေလ့က်င့္ထားတယ္”လို႔ သူက ဆက္ေျပာပါတယ္။

ထိုဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ ကန္ေတာ့ပြဲေပးတဲ့ အစီအစဥ္တစ္ခုကိုေတာ့ ဇြန္လ  ၃ရက္ မနက္မွာ ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံေစတီေတာ္ ေအာင္ေျမမွာ က်င္းပခဲ့ၾကပါတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ဇြန္ ၃