ခေတ်သစ်နီတိ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်

ခေတ်သစ်နီတိ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်

"့ခေတ်သစ်နီတိ" လို့ နာမည်ရတဲ့ တေးစီးရီးအတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကိုတော့ ဒီကနေ့(ဧပြီ ၃၀ရက်) မွန်းလွဲ ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းက House of Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါတေးစီးရီးမှာ တေးသံရှင်မိုင်းမိုင်ဆန်းက သီဆိုဖန်တီး ထားတဲ့ တေးသီချင်းတွေ ဖြစ်ကြပြီး Bo Bo Music Production က တစ်နိုင်ငံ လုံးကို ဖြန့်ချိသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ "ဒီ တေးစီးရီးAlbum လေး ဖြစ်လာဖို့ အများကြီးကို ကြိုးပမ်းခဲ့ရပါတယ်၊ အဆိုတော်လည်း ကျွန်မ၊ မင်းသမီးလည်း ကျွန်မ၊ ပွဲစီစဉ် သူလည်း ကျွန်မ၊တောက်တိုမယ်ရလည်း ကျွန်မ ပါရှင့်၊ တစ်ခါတလေ အော် ငါ့အဖြစ်ကလည်းဆိုပြီးတော့ ဝမ်းနည်းနေဖို့ အားငယ်နေဖို့ ကျွန်မ မတွေးအားဘူး၊ ဆင်ဖမ်းပေးမယ်၊ ကျားဖမ်းပေးမယ် ဆိုတာတွေလည်း မယုံရဲတော့ဘူး၊ အဲဒီဆင် အဲဒီကျား ကို ကိုယ်တိုင် ဖမ်းနိုင်ဖို့ပဲကြိုးစားမယ်"လို့ တေးသံရှင်မိုင်းမိုင်ဆန်း က ပြောပါတယ်။

ထို တေးစီးရီးAlbum နဲ့ပတ်သက်ပြီး လာမယ့်မေလ ၄ရက်မှာ ရန်ကုန်မြို့က လှည်းတန်းစင်တာမှာ Myanmar Idol က အနုပညာ မောင်နှစ်မတွေနဲ့ အတူ promotion အခမ်းအနားအဖြစ် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကချင်တိုင်းရင်းသူလည်း ဖြစ်တဲ့ တေးသံရှင် မိုင်းမိုင်ဆန်းဟာ Myanmar Idol တေးသီချင်းပြိုင်ပွဲမှာ Top Eleven ပြိုင်ပွဲဝင် အဖြစ် ပါဝင်ခဲ့သလို Vote တွေ ပေးကာ အားပေးတဲ့ ပရိသတ်တွေလည်း အများအပြား ရှိခဲ့သူဖြစ်ပါတယ်။ "ဒီချိန်ရဲ့ feeling ကဘယ်လိုပြောရမလဲ ရည်းစားပူပူနွေးနွေးရထားသလို ကြည်နူးပြီး တစ်ချိန်လုံး ပြုံးစိပြုံးစိဖြစ်နေတယ်၊ ပိုတယ်ပြောမလား" လို့လည်း သူက ဆိုပါသေးတယ်။ လက်ရှိကာလမှာတော့ ရန်ကုန်မြို့မှာ အခြေချနေထိုင်ရင်း သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၃၀

(  Zawgyi  )

 "့ေခတ္သစ္နီတိ" လို႔ နာမည္ရတဲ့ ေတးစီးရီးအတြက္ စာနယ္ဇင္း မိတ္ဆက္ပြဲကိုေတာ့ ဒီကေန႔(ဧၿပီ ၃၀ရက္) မြန္းလြဲ ပိုင္းက ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ဘုရားလမ္းက House of Orchid ဟိုတယ္မွာ က်င္းပခဲ့ပါတယ္။

အဆိုပါေတးစီးရီးမွာ ေတးသံရွင္မိုင္းမိုင္ဆန္းက သီဆိုဖန္တီး ထားတဲ့ ေတးသီခ်င္းေတြ ျဖစ္ၾကၿပီး Bo Bo Music Production က တစ္ႏိုင္ငံ လုံးကို ျဖန႔္ခ်ိသြားဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ "ဒီ ေတးစီးရီးAlbum ေလး ျဖစ္လာဖို႔ အမ်ားႀကီးကို ႀကိဳးပမ္းခဲ့ရပါတယ္၊ အဆိုေတာ္လည္း ကြၽန္မ၊ မင္းသမီးလည္း ကြၽန္မ၊ ပြဲစီစဥ္ သူလည္း ကြၽန္မ၊ေတာက္တိုမယ္ရလည္း ကြၽန္မ ပါရွင့္၊ တစ္ခါတေလ ေအာ္ ငါ့အျဖစ္ကလည္းဆိုၿပီးေတာ့ ဝမ္းနည္းေနဖို႔ အားငယ္ေနဖို႔ ကြၽန္မ မေတြးအားဘူး၊ ဆင္ဖမ္းေပးမယ္၊ က်ားဖမ္းေပးမယ္ ဆိုတာေတြလည္း မယုံရဲေတာ့ဘူး၊ အဲဒီဆင္ အဲဒီက်ား ကို ကိုယ္တိုင္ ဖမ္းႏိုင္ဖို႔ပဲႀကိဳးစားမယ္"လို႔ ေတးသံရွင္မိုင္းမိုင္ဆန္း က ေျပာပါတယ္။

ထို ေတးစီးရီးAlbum နဲ႔ပတ္သက္ၿပီး လာမယ့္ေမလ ၄ရက္မွာ ရန္ကုန္ၿမိဳ႕က လွည္းတန္းစင္တာမွာ Myanmar Idol က အႏုပညာ ေမာင္ႏွစ္မေတြနဲ႔ အတူ promotion အခမ္းအနားအျဖစ္ လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ကခ်င္တိုင္းရင္းသူလည္း ျဖစ္တဲ့ ေတးသံရွင္ မိုင္းမိုင္ဆန္းဟာ Myanmar Idol ေတးသီခ်င္းၿပိဳင္ပြဲမွာ Top Eleven ၿပိဳင္ပြဲဝင္ အျဖစ္ ပါဝင္ခဲ့သလို Vote ေတြ ေပးကာ အားေပးတဲ့ ပရိသတ္ေတြလည္း အမ်ားအျပား ရွိခဲ့သူျဖစ္ပါတယ္။ "ဒီခ်ိန္ရဲ႕ feeling ကဘယ္လိုေျပာရမလဲ ရည္းစားပူပူေႏြးေႏြးရထားသလို ၾကည္ႏူးၿပီး တစ္ခ်ိန္လုံး ၿပဳံးစိၿပဳံးစိျဖစ္ေနတယ္၊ ပိုတယ္ေျပာမလား" လို႔လည္း သူက ဆိုပါေသးတယ္။ လက္ရွိကာလမွာေတာ့ ရန္ကုန္ၿမိဳ႕မွာ အေျခခ်ေနထိုင္ရင္း သူဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၃၀