ချစ်သူနဲ့အတူ ဘဝကိုရိုးရှင်းစွာဖြတ်သန်းမယ့် ဂျာမန်-မြန်မာအဆိုတော် မစ်ကီ

ချစ်သူနဲ့အတူ ဘဝကိုရိုးရှင်းစွာဖြတ်သန်းမယ့် ဂျာမန်-မြန်မာအဆိုတော် မစ်ကီ

ဂျာမနီနိုင်ငံသား ဂျာမန်-မြန်မာ အဆိုတော် မစ်ကီဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်ရင်း မြန်မာနိုင်ငံမှာပဲ ချစ်သူနဲ့အတူ ဘဝကိုရိုးရှင်းစွာနဲ့ ဖြတ်သန်းသွားဖို့ အစီအစဉ်ရှိနေတယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အဆိုတော်မစ်ကီ (Mikis Weber)ဟာ ပြည်တွင်းက အခမ်းအနားပွဲတွေကိုလည်း သူရဲ့ ချစ်သူနဲ့အတူ တက်ရောက်နေရင်း မီဒီယာတွေနဲ့တွေ့ဆုံစဉ်ပြောပြလိုက်တာဖြစ်ပါတယ်။

“အခု မြန်မာပြည်ကို လာတာဟာ သူ့ရဲ့မိဘတွေနဲ့ လာတွေ့တာ ဖြစ်ပါတယ်၊ သူ့မိဘနဲ့တွေ့တော့ ကျွန်တော် အရမ်းလည်း စိုးရိမ်မိတယ်၊ တစ်ခါမှလည်း မတွေ့ဖူးဘူးလေ၊ ဒါကပထမဆုံးအကြိမ်လာတွေ့တာပေါ့၊ 90 present လည်း ဝမ်းသာတယ်၊ ကျွန်တော်တို့ အခု ၂၀၁၉ ထဲမှာ အနုပညာအလုပ်တွေ အများကြီး လုပ်ဖို့ ရှိနေပါတယ်၊ မြန်မာပြည်မှာ ဆယ်လီဖြစ်ဖို့တော့ ရည်ရွယ်ချက်မျိုးမရှိဘူးလေ၊ ကျွန်တော်က အေးအေးချမ်းချမ်း ဘဝလေးကို နှစ်သက်မိတယ်၊ သူနဲ့အတူ ကျွန်တော်ဒီမှာ အနုပညာအလုပ်တွေလုပ်မယ်၊ ကျွန်တော် မြန်မာစကား လည်းပြောတတ်တယ်”လို့ ဂျာမန်-မြန်မာ အဆိုတော် မစ်ကီ (Mikis Weber) က ရှင်းပြပါတယ်။

သူဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဆုဆုဝေနဲ့အတူ လာမယ့် ဇူလိုင်လလောက်မှာ ဂျာမနီကိုသွားပြီးတော့ သူ့ရဲ့မိဘတွေနဲ့ သူ့ချစ်သူကို မိတ်ဆက်ပေး ဖို့ရှိနေကြောင်း၊ သူ့ရဲ့သီချင်းတွေမှာလည်း သူ့ချစ်သူကို သူနဲ့အတူ ပါဝင်သရုပ်ဆောင်ခိုင်းပေမယ့် တခြားသူတွေနဲ့ တွဲပြီး သရုပ်ဆောင် မှာမျိုးကိုတော့ မလိုလားဘူးလို့ ဆိုပါတယ်။

“ကျွန်တော့်ဘော်ဒါ ဒါရိုက်တာက အမျိုးသမီးပါဝင်သရုပ်ဆောင်တာ ကောင်းတယ်ဆိုတာနဲ့ သူ့ကိုသရုပ်ဆောင်ခိုင်း ဖြစ်တာပါ၊ ကျွန်တော်တို့ တွဲပြီးတော့ပဲသရုပ်ဆောင်ပါတယ်၊ ကျွန်တော်က သူ့ကို သူများနဲ့တွဲမရိုက်စေချင်ဘူး၊ ကျွန်တော်သိပ်ပြီးသဝန်တိုတတ်တာ၊ ကျွန်တော့်မိဘနဲ့ တွေ့ပေးဖို့ သူ့ကို ဂျာမနီကို ခေါ်သွားမယ်၊ ဟိုမှာနှစ်လလောက်တော့ ကြာမယ်၊ ရှစ်လပိုင်းလောက်တော့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာမှာ”လို့ သူက ရှင်းပြပါတယ်။

သူ့ရဲ့အနုပညာတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရှိနေပြီး အခု ၂၀၁၉ ခုနှစ်ထဲမှာ ရုပ်ရှင်ကားနှစ်ကား ထွက်ဖို့လည်း ရှိနေသလို ဘဝကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းရင်း အနုပညာအလုပ်တွေကို ပိုမိုလုပ်သွားဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ 

(  Zawgyi  )

 ဂ်ာမနီႏိုင္ငံသား ဂ်ာမန္-ျမန္မာ အဆိုေတာ္ မစ္ကီဟာ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ေဆာင္ရင္း ျမန္မာႏိုင္ငံမွာပဲ ခ်စ္သူနဲ႔အတူ ဘဝကို႐ိုးရွင္းစြာနဲ႔ ျဖတ္သန္းသြားဖို႔ အစီအစဥ္ရွိေနတယ္လို႔ ေျပာပါတယ္။ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ အဆိုေတာ္မစ္ကီ (Mikis Weber)ဟာ ျပည္တြင္းက အခမ္းအနားပြဲေတြကိုလည္း သူရဲ႕ ခ်စ္သူနဲ႔အတူ တက္ေရာက္ေနရင္း မီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္ေျပာျပလိုက္တာျဖစ္ပါတယ္။

“အခု ျမန္မာျပည္ကို လာတာဟာ သူ႔ရဲ႕မိဘေတြနဲ႔ လာေတြ႕တာ ျဖစ္ပါတယ္၊ သူ႔မိဘနဲ႔ေတြ႕ေတာ့ ကြၽန္ေတာ္ အရမ္းလည္း စိုးရိမ္မိတယ္၊ တစ္ခါမွလည္း မေတြ႕ဖူးဘူးေလ၊ ဒါကပထမဆုံးအႀကိမ္လာေတြ႕တာေပါ့၊ 90 present လည္း ဝမ္းသာတယ္၊ ကြၽန္ေတာ္တို႔ အခု ၂၀၁၉ ထဲမွာ အႏုပညာအလုပ္ေတြ အမ်ားႀကီး လုပ္ဖို႔ ရွိေနပါတယ္၊ ျမန္မာျပည္မွာ ဆယ္လီျဖစ္ဖို႔ေတာ့ ရည္႐ြယ္ခ်က္မ်ိဳးမရွိဘူးေလ၊ ကြၽန္ေတာ္က ေအးေအးခ်မ္းခ်မ္း ဘဝေလးကို ႏွစ္သက္မိတယ္၊ သူနဲ႔အတူ ကြၽန္ေတာ္ဒီမွာ အႏုပညာအလုပ္ေတြလုပ္မယ္၊ ကြၽန္ေတာ္ ျမန္မာစကား လည္းေျပာတတ္တယ္”လို႔ ဂ်ာမန္-ျမန္မာ အဆိုေတာ္ မစ္ကီ (Mikis Weber) က ရွင္းျပပါတယ္။

သူဟာ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့ ဆုဆုေဝနဲ႔အတူ လာမယ့္ ဇူလိုင္လေလာက္မွာ ဂ်ာမနီကိုသြားၿပီးေတာ့ သူ႔ရဲ႕မိဘေတြနဲ႔ သူ႔ခ်စ္သူကို မိတ္ဆက္ေပး ဖို႔ရွိေနေၾကာင္း၊ သူ႔ရဲ႕သီခ်င္းေတြမွာလည္း သူ႔ခ်စ္သူကို သူနဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ခိုင္းေပမယ့္ တျခားသူေတြနဲ႔ တြဲၿပီး သ႐ုပ္ေဆာင္ မွာမ်ိဳးကိုေတာ့ မလိုလားဘူးလို႔ ဆိုပါတယ္။

“ကြၽန္ေတာ့္ေဘာ္ဒါ ဒါ႐ိုက္တာက အမ်ိဳးသမီးပါဝင္သ႐ုပ္ေဆာင္တာ ေကာင္းတယ္ဆိုတာနဲ႔ သူ႔ကိုသ႐ုပ္ေဆာင္ခိုင္း ျဖစ္တာပါ၊ ကြၽန္ေတာ္တို႔ တြဲၿပီးေတာ့ပဲသ႐ုပ္ေဆာင္ပါတယ္၊ ကြၽန္ေတာ္က သူ႔ကို သူမ်ားနဲ႔တြဲမ႐ိုက္ေစခ်င္ဘူး၊ ကြၽန္ေတာ္သိပ္ၿပီးသဝန္တိုတတ္တာ၊ ကြၽန္ေတာ့္မိဘနဲ႔ ေတြ႕ေပးဖို႔ သူ႔ကို ဂ်ာမနီကို ေခၚသြားမယ္၊ ဟိုမွာႏွစ္လေလာက္ေတာ့ ၾကာမယ္၊ ရွစ္လပိုင္းေလာက္ေတာ့ ကြၽန္ေတာ္တို႔ ရန္ကုန္ကို ျပန္လာမွာ”လို႔ သူက ရွင္းျပပါတယ္။

သူ႔ရဲ႕အႏုပညာေတြနဲ႔ ေပါင္းစပ္ဖန္တီးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရွိေနၿပီး အခု ၂၀၁၉ ခုႏွစ္ထဲမွာ ႐ုပ္ရွင္ကားႏွစ္ကား ထြက္ဖို႔လည္း ရွိေနသလို ဘဝကိုေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္သန္းရင္း အႏုပညာအလုပ္ေတြကို ပိုမိုလုပ္သြားဖို႔လည္း စီစဥ္ထားတာ ျဖစ္ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၈