ဂီတသက်တမ်း ၁၃ နှစ်အတွင်း ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမယ့် တေးသံရှင် ပိုပို

ဂီတသက်တမ်း ၁၃ နှစ်အတွင်း ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမယ့် တေးသံရှင် ပိုပို

ဂီတလောကမှာ နေရာအခိုင်အမာရရှိနေတဲ့ တေးသံရှင် ပိုပိုဟာ သူ့ရဲ့ ဂီတသက်တမ်း ၁၃ နှစ် အတွင်း ပထမဆုံး အဖြစ် တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ခုကို လာမယ့် ဖေဖော်ဝါရီ ၂၉ ရက် ည ၆နာရီမှ စတင်ကာ မန္တလေးမြို့ရှိ ရတနာပုံ event Park မှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ပွဲနီးလာလေလေ စိတ်တွေပူပြီးတော့ ဖြစ်ပါ့မလားနဲ့၊ ပွင့်ပွင့်လင်းလင်းပြောရင် ကြောက်တာ ပေါ့နော်၊ ပဋ္ဌာန်းတွေ ရွတ်ရင်းနဲ့ ပရိသတ်တွေလာပါစေ၊ အောင်မြင်တဲ့ ပွဲလေးတစ်ပွဲဖြစ်ပါစေလို့ ဆုတောင်းပါတယ်၊ ဟိုကျရင် ပိုမိုက်တဲ့ဖက်ရှင်ဒီဇိုင်းတွေကို တွေ့ရဦးမှာပါ၊ ပိုတို့အနေနဲ့ အဆိုတွေ ရော၊ အကတွေရော၊ စတိတ်စင်ရဲ့ Background တွေမှာရော အမိုက်စားတွေ ပြင်ဆင် ထားပါ တယ်၊ အခုလည်း Here & Now အဖွဲ့နဲ့အတူ အကတိုက်နေတယ်၊ နေ့ရောညရော ပွဲအတွက်ပဲ စိတ်တွေနှစ်ထားတယ်၊ မနက် ၇ နာရီဆိုတာနဲ့ ထပြီးတော့ ပွဲအတွက် အလုပ်တွေလုပ်တယ်၊ အကတိုက်တယ်၊ Weight လျှော့ရတယ်၊ ဖေဖော်ဝါရီလရဲ့ လေးနှစ်မှာတစ်ကြိမ်ကျတဲ့ ရက်လေး ကို ရွေးပြီးတော့ ကျင်းပဖို့စီစဉ်ထားတာဖြစ်သလို  ပိုပိုအဆိုတော်ဖြစ်ကာစ မှာက မန္တလေးက အားပေးတဲ့သူတွေများတယ်လေ၊ ဒါကြောင့်လည်း မန္တလေးမှာ ကျင်းပဖြစ်တာပါ”လို့ တေးသံရှင် ပိုပိုက ရှင်းပြပါတယ်။

သူမရဲ့ One Lady Show ပွဲကို Masterpiece In Mandalay Show လို့ နာမည်ပေးထားပြီး ဖက်ရှင်ဒီဇိုင်း အဆန်းအပြားတွေ၊ ဆန်းပြားတဲ့ အကဖျော်ဖြေမှုတွေနဲ့လည်း လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း၊ ရန်ကုန်မှာ စီစဉ်ပေမယ့် ဒီဇိုင်းဆန်းတွေမလုပ်နိုင်တဲ့အခါ ပရိသတ် စိတ်ဝင် စား မှုနည်းမှာ ကြောက်တာကြောင့် အခုလို မန္တလေးမှာ လုပ်ဖို့ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ယင်းဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာ ရန်ကုန်က မီဒီယာတွေနဲ့ တွေ့ဆုံခဲ့သလို ဖေဖော်ဝါရီ ၁၃ ရက်မှာ မန္တလေးက မီဒီယာတွေနဲ့ တွေ့ဆုံဖို့ရှိနေကြောင်း၊ လက်မှတ်ဈေးနှုန်းတွေ အနေနဲ့ ငွေ ၁၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်၊ ၅၀၀၀၀ ကျပ် သတ်မှတ်ထားပြီး တီရှပ် အင်္ကျီ တွေနဲ့ လက်ဆောင်တွေ အများအပြားကိုလည်း ပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

“အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်၊ လာချင်ရင် နီးနီးလေးပါ၊ ရန်ကုန်မှာမလုပ်ဖြစ်တာက ပရိသတ်နည်းမှာလည်း ကြောက်လို့ နောက်တစ်ခုက ကိုယ်က ကောင်းကောင်း မလုပ်နိုင်ဘူး ဆိုရင် မလုပ်ချင်ဘူး၊ ကြောက်လည်း ကြောက်တယ်လေ၊ ဒါအမှန်အတိုင်း ပြောတာလေနော်၊ ကိုယ်က ၅၀၀ ပဲ ကုန်ကုန်၊ ၁၀၀၀ ပဲကုန်ကုန်၊ ပရိသတ်က ပွဲပြည့်ပွဲလျှံအောင် လူတွေ အများကြီး လာရင် မမြတ်လည်းနေပါလေ့စေ ပျော်ရွှင်မှုတစ်ခုပဲရရင် ကျေနပ်တယ်၊ ရန်ကုန်ကတော့ ကြောက်လို့လေ၊ ပိုက်ဆံလည်းကုန်သေးတယ်၊ လူကလည်းမလာဘူးဆိုရင် ကြောက်တဲ့အတွက် မလုပ်ဖြစ်တာပါ၊ ရန်ကုန်မှာလုပ်ဖို့ Plan တွေလုပ်နေတာတော့ရှိပါတယ်၊ အမိုက်စားတွေ အရမ်းလုပ်နိုင်ရင်တော့ လုပ်ဖြစ်မှာပါ၊ အခုလည်း ရန်ကုန်မှာ လုပ်ဖြစ်ဖို့ ပိုက်ဆံ စုနေပါတယ်၊ ပိုပိုရဲ့ ပရိသတ်တွေ အကုန်လုံးကိုတော့ ချစ်ပါတယ်၊ ဒါပေမဲ့ မန္တလေးကို အဝေးကြီး လာကြည့်တဲ့သူတွေကို ပိုပြီးတော့ ကျေးဇူးလည်းတင်ပါတယ်”လို့ သူမက ပြောကြားခဲ့ ပါတယ်။                                     

မင်းခေတ်လင်း

(  Zawgyi  )

 ဂီတေလာကမွာ ေနရာအခိုင္အမာရရွိေနတဲ့ ေတးသံရွင္ ပိုပိုဟာ သူ႔ရဲ႕ ဂီတသက္တမ္း ၁၃ ႏွစ္ အတြင္း ပထမဆုံး အျဖစ္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲတစ္ခုကို လာမယ့္ ေဖေဖာ္ဝါရီ ၂၉ ရက္ ည ၆နာရီမွ စတင္ကာ မႏၲေလးၿမိဳ႕ရွိ ရတနာပုံ event Park မွာ က်င္းပသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ပြဲနီးလာေလေလ စိတ္ေတြပူၿပီးေတာ့ ျဖစ္ပါ့မလားနဲ႔၊ ပြင့္ပြင့္လင္းလင္းေျပာရင္ ေၾကာက္တာ ေပါ့ေနာ္၊ ပ႒ာန္းေတြ ႐ြတ္ရင္းနဲ႔ ပရိသတ္ေတြလာပါေစ၊ ေအာင္ျမင္တဲ့ ပြဲေလးတစ္ပြဲျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္၊ ဟိုက်ရင္ ပိုမိုက္တဲ့ဖက္ရွင္ဒီဇိုင္းေတြကို ေတြ႕ရဦးမွာပါ၊ ပိုတို႔အေနနဲ႔ အဆိုေတြ ေရာ၊ အကေတြေရာ၊ စတိတ္စင္ရဲ႕ Background ေတြမွာေရာ အမိုက္စားေတြ ျပင္ဆင္ ထားပါ တယ္၊ အခုလည္း Here & Now အဖြဲ႕နဲ႔အတူ အကတိုက္ေနတယ္၊ ေန႔ေရာညေရာ ပြဲအတြက္ပဲ စိတ္ေတြႏွစ္ထားတယ္၊ မနက္ ၇ နာရီဆိုတာနဲ႔ ထၿပီးေတာ့ ပြဲအတြက္ အလုပ္ေတြလုပ္တယ္၊ အကတိုက္တယ္၊ Weight ေလွ်ာ့ရတယ္၊ ေဖေဖာ္ဝါရီလရဲ႕ ေလးႏွစ္မွာတစ္ႀကိမ္က်တဲ့ ရက္ေလး ကို ေ႐ြးၿပီးေတာ့ က်င္းပဖို႔စီစဥ္ထားတာျဖစ္သလို  ပိုပိုအဆိုေတာ္ျဖစ္ကာစ မွာက မႏၲေလးက အားေပးတဲ့သူေတြမ်ားတယ္ေလ၊ ဒါေၾကာင့္လည္း မႏၲေလးမွာ က်င္းပျဖစ္တာပါ”လို႔ ေတးသံရွင္ ပိုပိုက ရွင္းျပပါတယ္။

သူမရဲ႕ One Lady Show ပြဲကို Masterpiece In Mandalay Show လို႔ နာမည္ေပးထားၿပီး ဖက္ရွင္ဒီဇိုင္း အဆန္းအျပားေတြ၊ ဆန္းျပားတဲ့ အကေဖ်ာ္ေျဖမႈေတြနဲ႔လည္း လုပ္ေဆာင္သြားဖို႔ စီစဥ္ထားေၾကာင္း၊ ရန္ကုန္မွာ စီစဥ္ေပမယ့္ ဒီဇိုင္းဆန္းေတြမလုပ္ႏိုင္တဲ့အခါ ပရိသတ္ စိတ္ဝင္ စား မႈနည္းမွာ ေၾကာက္တာေၾကာင့္ အခုလို မႏၲေလးမွာ လုပ္ဖို႔ေ႐ြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း၊ ယင္းေဖ်ာ္ေျဖပြဲနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီ ၁၁ ရက္မွာ ရန္ကုန္က မီဒီယာေတြနဲ႔ ေတြ႕ဆုံခဲ့သလို ေဖေဖာ္ဝါရီ ၁၃ ရက္မွာ မႏၲေလးက မီဒီယာေတြနဲ႔ ေတြ႕ဆုံဖို႔ရွိေနေၾကာင္း၊ လက္မွတ္ေဈးႏႈန္းေတြ အေနနဲ႔ ေငြ ၁၀၀၀၀ က်ပ္၊ ၃၀၀၀၀ က်ပ္၊ ၅၀၀၀၀ က်ပ္ သတ္မွတ္ထားၿပီး တီရွပ္ အက်ႌ ေတြနဲ႔ လက္ေဆာင္ေတြ အမ်ားအျပားကိုလည္း ေပးဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။

“အားေပးၾကဖို႔ ဖိတ္ေခၚပါတယ္၊ လာခ်င္ရင္ နီးနီးေလးပါ၊ ရန္ကုန္မွာမလုပ္ျဖစ္တာက ပရိသတ္နည္းမွာလည္း ေၾကာက္လို႔ ေနာက္တစ္ခုက ကိုယ္က ေကာင္းေကာင္း မလုပ္ႏိုင္ဘူး ဆိုရင္ မလုပ္ခ်င္ဘူး၊ ေၾကာက္လည္း ေၾကာက္တယ္ေလ၊ ဒါအမွန္အတိုင္း ေျပာတာေလေနာ္၊ ကိုယ္က ၅၀၀ ပဲ ကုန္ကုန္၊ ၁၀၀၀ ပဲကုန္ကုန္၊ ပရိသတ္က ပြဲျပည့္ပြဲလွ်ံေအာင္ လူေတြ အမ်ားႀကီး လာရင္ မျမတ္လည္းေနပါေလ့ေစ ေပ်ာ္႐ႊင္မႈတစ္ခုပဲရရင္ ေက်နပ္တယ္၊ ရန္ကုန္ကေတာ့ ေၾကာက္လို႔ေလ၊ ပိုက္ဆံလည္းကုန္ေသးတယ္၊ လူကလည္းမလာဘူးဆိုရင္ ေၾကာက္တဲ့အတြက္ မလုပ္ျဖစ္တာပါ၊ ရန္ကုန္မွာလုပ္ဖို႔ Plan ေတြလုပ္ေနတာေတာ့ရွိပါတယ္၊ အမိုက္စားေတြ အရမ္းလုပ္ႏိုင္ရင္ေတာ့ လုပ္ျဖစ္မွာပါ၊ အခုလည္း ရန္ကုန္မွာ လုပ္ျဖစ္ဖို႔ ပိုက္ဆံ စုေနပါတယ္၊ ပိုပိုရဲ႕ ပရိသတ္ေတြ အကုန္လုံးကိုေတာ့ ခ်စ္ပါတယ္၊ ဒါေပမဲ့ မႏၲေလးကို အေဝးႀကီး လာၾကည့္တဲ့သူေတြကို ပိုၿပီးေတာ့ ေက်းဇူးလည္းတင္ပါတယ္”လို႔ သူမက ေျပာၾကားခဲ့ ပါတယ္။                                     

မင္းေခတ္လင္း