စိန်ထည်တွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့ မော်ဒယ်လ် ဇာဇာထက်

စိန်ထည်တွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့ မော်ဒယ်လ် ဇာဇာထက်

ဆန်းပြားတဲ့ဖက်ရှင်တွေနဲ့အတူ ခေတ်နဲ့အညီ ဒီဇိုင်းတွေထွင်ကာ ဝတ်ဆင်လေ့ရှိသလို ပရိသတ်အားပေးမှု အခိုင်အမာရနေတဲ့ မော်ဒယ်လ် ဇာဇာထက်ဟာ သူမအနေနဲ့ စိန်ထည်တွေကိုကြိုက်နှစ်သက်ပေမယ့် အမြဲတမ်းမဝတ်ဆင်ဖြစ်ဘူးလို့ ဆိုပါတယ်။

မကြာသေးခင်က Live ကနေ ရောင်းချတဲ့ စိန်ထည်ကိုလည်း ဝယ်ဖြစ်ခဲ့ပြီး ပစ္စည်းသွားယူရင်းနဲ့ ရွှေတိဂုံဘုရားကို အနီးကပ်ဖူးခွင့်ရခဲ့တဲ့အတွက် ဝမ်းသာကြည်နူးမှုတွေဖြစ်မိတယ်လို့ သိရပါတယ်။

“ဟုတ်တယ်၊ အစ်မက ရတနာပစ္စည်းတွေမှာဆိုရင် စိန်ထည်တွေကို တော်တော်လေးကြိုက်တယ်၊ အဲ့ဒါကြောင့်လည်း တစ်ခါမှ Live ကနေ မဝယ်ဖူးပေမယ့် တလောလေးကပဲ ဝယ်ဖြစ်တယ်၊ အဲ့ဒါလေးသွားယူရင်းနဲ့ သူ့ဝရံတာကနေ ရွှေတိဂုံဘုရားကို ဖူးဖြစ်ခဲ့တယ်။ကုသိုလ်လည်းရခဲ့တာပေါ့နော်။အစ်မက အဲ့ဒီတုန်းက စိန်နားကပ်ယူဖြစ်တယ်။အစ်မက စိန်ကြိုက်တယ်၊ sets အလိုက်ဝတ်ဖြစ်တယ်၊ အရင်တုန်းက အမေ့ကို ရရင်ရသလောက် ဆင်တာပေါ့။အခုမှ ဝယ်နိုင်တာ၊ အစ်မက အမြဲတမ်းစုတ်စုတ်ပြတ်ပြတ်နေလို့ သူများတွေက ဖန်စီတို့၊ 925 တို့ထင်လို့ ကိုင်ကြည့်တော့လည်း စိတ်ဆိုးရအခက် ငိုရအခက်ဖြစ်တယ်၊ လက်ဝတ်လက်စား ကောင်းကောင်းလေးဝတ်တာကို အရမ်းဝါသနာပါတယ်၊ ပွဲလေးလမ်းလေးမှာ သူများအထင်သေးမှာစိုးလို့ ဝတ်ပါတယ်၊ သာမန်အားဖြင့်တော့ အလကားနေရင်းလည်း မဝတ်ဘူး၊ ဟိုနားသွား ဒီနားသွား မဝတ်ဘူး၊ အစ်မက လေ့ကျင့်ခန်းလုပ်နေတော့ ပြုတ်ထွက်မှာစိုးလို့လေ” လို့ သူမက ရှင်းပြပါတယ်။

အခုလို COVID ကာလမှာ ကျန်းမာရေးလည်း လိုက်စားနေထိုင်သလို ကုသိုလ်ရစေမယ့် အလုပ်မျိုးတွေကို နေ့စဉ်လုပ်ကိုင်လေ့ရှိတယ်လို့ သိရပါတယ်။

“နေ့တိုင်းတော့ ကုသိုလ်ရဖို့လုပ်တယ်။နောက်တစ်ခုက ကိုယ့်ဆီကိုရောက်လာတဲ့ပစ္စည်းကို ဘယ်တော့မှပြန်မရောင်းဖြစ်ဘူး၊ မရောင်းဖြစ်အောင်လည်း ထိန်းသိမ်းထားတယ်၊ အဓိကကတော့ စာဖတ်ပါတယ်၊ ဒါကြောင့်လည်း အခုလို လေးလေးနက်နက်ဖြစ်တာ၊ နောက်ပြီးတော့လည်း သူများကို အတုယူတယ်။အောင်မြင်တဲ့သူတွေ ဘယ်လိုမျိုးနေထိုင်သွားလာသလဲ အဝတ်အစားတွေဝတ်သလဲပေါ့၊ အခုလို COVID ကာလမှာလည်း ကျန်းမာရေးကိုအလေးထားတယ်၊ ပရိသတ်တွေအနေနဲ့လည်း ဒီလိုကာလမှာ ကျန်းမာအောင်နေပါ၊ အသွားအလာဆင်ခြင်ပါ၊ အားလုံးခက်ခဲနေမယ်လို့ သိပါတယ်၊ ခက်ခဲတဲ့ကာလလည်းဖြစ်ပါတယ်၊ ဒါပေမဲ့ ဒါကလည်း အခိုက်အတန့်ပါပဲ၊ အားတင်းပြီး နေထိုင်ကြပါလို့ ပြောလိုပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၅

( Zawgyi )

ဆန္းျပားတဲ့ဖက္ရွင္ေတြနဲ႔အတူ ေခတ္နဲ႔အညီ ဒီဇိုင္းေတြထြင္ကာ ဝတ္ဆင္ေလ့ရွိသလို ပရိသတ္အားေပးမႈ အခိုင္အမာရေနတဲ့ ေမာ္ဒယ္လ္ ဇာဇာထက္ဟာ သူမအေနနဲ႔ စိန္ထည္ေတြကိုႀကိဳက္ႏွစ္သက္ေပမယ့္ အၿမဲတမ္းမဝတ္ဆင္ျဖစ္ဘူးလို႔ ဆိုပါတယ္။

မၾကာေသးခင္က Live ကေန ေရာင္းခ်တဲ့ စိန္ထည္ကိုလည္း ဝယ္ျဖစ္ခဲ့ၿပီး ပစၥည္းသြားယူရင္းနဲ႔ ေ႐ႊတိဂုံဘုရားကို အနီးကပ္ဖူးခြင့္ရခဲ့တဲ့အတြက္ ဝမ္းသာၾကည္ႏူးမႈေတြျဖစ္မိတယ္လို႔ သိရပါတယ္။

“ဟုတ္တယ္၊ အစ္မက ရတနာပစၥည္းေတြမွာဆိုရင္ စိန္ထည္ေတြကို ေတာ္ေတာ္ေလးႀကိဳက္တယ္၊ အဲ့ဒါေၾကာင့္လည္း တစ္ခါမွ Live ကေန မဝယ္ဖူးေပမယ့္ တေလာေလးကပဲ ဝယ္ျဖစ္တယ္၊ အဲ့ဒါေလးသြားယူရင္းနဲ႔ သူ႔ဝရံတာကေန ေ႐ႊတိဂုံဘုရားကို ဖူးျဖစ္ခဲ့တယ္။ကုသိုလ္လည္းရခဲ့တာေပါ့ေနာ္။အစ္မက အဲ့ဒီတုန္းက စိန္နားကပ္ယူျဖစ္တယ္။အစ္မက စိန္ႀကိဳက္တယ္၊ sets အလိုက္ဝတ္ျဖစ္တယ္၊ အရင္တုန္းက အေမ့ကို ရရင္ရသေလာက္ ဆင္တာေပါ့။အခုမွ ဝယ္ႏိုင္တာ၊ အစ္မက အၿမဲတမ္းစုတ္စုတ္ျပတ္ျပတ္ေနလို႔ သူမ်ားေတြက ဖန္စီတို႔၊ 925 တို႔ထင္လို႔ ကိုင္ၾကည့္ေတာ့လည္း စိတ္ဆိုးရအခက္ ငိုရအခက္ျဖစ္တယ္၊ လက္ဝတ္လက္စား ေကာင္းေကာင္းေလးဝတ္တာကို အရမ္းဝါသနာပါတယ္၊ ပြဲေလးလမ္းေလးမွာ သူမ်ားအထင္ေသးမွာစိုးလို႔ ဝတ္ပါတယ္၊ သာမန္အားျဖင့္ေတာ့ အလကားေနရင္းလည္း မဝတ္ဘူး၊ ဟိုနားသြား ဒီနားသြား မဝတ္ဘူး၊ အစ္မက ေလ့က်င့္ခန္းလုပ္ေနေတာ့ ျပဳတ္ထြက္မွာစိုးလို႔ေလ” လို႔ သူမက ရွင္းျပပါတယ္။

အခုလို COVID ကာလမွာ က်န္းမာေရးလည္း လိုက္စားေနထိုင္သလို ကုသိုလ္ရေစမယ့္ အလုပ္မ်ိဳးေတြကို ေန႔စဥ္လုပ္ကိုင္ေလ့ရွိတယ္လို႔ သိရပါတယ္။

“ေန႔တိုင္းေတာ့ ကုသိုလ္ရဖို႔လုပ္တယ္။ေနာက္တစ္ခုက ကိုယ့္ဆီကိုေရာက္လာတဲ့ပစၥည္းကို ဘယ္ေတာ့မွျပန္မေရာင္းျဖစ္ဘူး၊ မေရာင္းျဖစ္ေအာင္လည္း ထိန္းသိမ္းထားတယ္၊ အဓိကကေတာ့ စာဖတ္ပါတယ္၊ ဒါေၾကာင့္လည္း အခုလို ေလးေလးနက္နက္ျဖစ္တာ၊ ေနာက္ၿပီးေတာ့လည္း သူမ်ားကို အတုယူတယ္။ေအာင္ျမင္တဲ့သူေတြ ဘယ္လိုမ်ိဳးေနထိုင္သြားလာသလဲ အဝတ္အစားေတြဝတ္သလဲေပါ့၊ အခုလို COVID ကာလမွာလည္း က်န္းမာေရးကိုအေလးထားတယ္၊ ပရိသတ္ေတြအေနနဲ႔လည္း ဒီလိုကာလမွာ က်န္းမာေအာင္ေနပါ၊ အသြားအလာဆင္ျခင္ပါ၊ အားလုံးခက္ခဲေနမယ္လို႔ သိပါတယ္၊ ခက္ခဲတဲ့ကာလလည္းျဖစ္ပါတယ္၊ ဒါေပမဲ့ ဒါကလည္း အခိုက္အတန႔္ပါပဲ၊ အားတင္းၿပီး ေနထိုင္ၾကပါလို႔ ေျပာလိုပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၅