ဇာတိမြေသို့အလည်ပြန်ရင်း COVID ကြောင့် ပိတ်မိခဲ့တဲ့ တေးသံရှင် ဘင်ဂျမင်ဆုမ်း

ဇာတိမြေသို့အလည်ပြန်ရင်း COVID ကြောင့် ပိတ်မိခဲ့တဲ့ တေးသံရှင် ဘင်ဂျမင်ဆုမ်း

Myanmar Idol Season 4 တေးသီချင်းဆိုပြိုင်ပွဲကနေ လူသိများလာကာ အောင်မြင်မှုရလာတဲ့ တေးသံရှင် ဘင်ဂျမင်ဆုမ်းဟာ ရန်ကုန်မှာ အခြေချနေထိုင်ရင်းကနေ ဇာတိမြေကိုအလည်ပြန်ရင်း COVID 19 ကြောင့် ပိတ်မိပြီး ဒေသန္တရအမိန့် ညွှန်ကြားချက် တွေကိုလိုက်နာကာ Home at Stay နေထိုင်နေတယ်လို့ သိရပါတယ်။

“ကျွန်တော် စစချင်းပြန်သွားတုန်းကတော့ နှစ်ပတ်လောက်နေရင် ပြန်လာမလို့ပါ၊ ဒါပေမဲ့ ကလေးမြို့ကို ရောက်ပြီးတော့ ငါးရက် လောက်ပဲ လည်ပတ်ဖြစ်တယ်၊ အခု အိမ်မှာပဲနေတယ်၊ ကလေးမြို့မှာ COVID တွေ့တဲ့လူတွေအရမ်းများလာလို့ အပြင်မသွားရဲတော့ဘူး၊ အိမ်ထဲမှာပဲနေရပါတယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ချင်ပေမယ့် အခြေအနေက မပေးခဲ့ဘူး၊ မိသားစုဝင်တွေလည်းကြောက်နေရတော့ ဖေးမရင်းနဲ့ အတူ နေထိုင်နေပါတယ်”လို့ တေးသံရှင် ဘင်ဂျမင်ဆုမ်းက ပြောပါတယ်။

သူဟာသီချင်းသီဆိုတာလည်း ကောင်းတဲ့အပြင် ရိုးသားတဲ့မျက်နှာထားပိုင်ဆိုင်ထားသူဖြစ်သလို အသံဝဲဝဲလေးနဲ့ အေးဆေးစွာ စကားပြောဆိုတတ် တာကြောင့် ချစ်ခင်အားပေးသူတွေ များလာခဲ့ပါတယ်။ ရန်ကုန်မြို့မှာနေထိုင်ရင်း အနုပညာ အလုပ်တွေ လုပ်ဖို့ ရည်ရွယ်နေပေမယ့် သူနေထိုင်ရာ ကလေးမြို့ကို ခေတ္တ အလည်ပြန်ရင်း ရန်ကုန်ပြန်လာဖို့စီစဉ်ထားပေမယ့် COVID 19 ကြောင့် စိုးရိမ်နေ တဲ့ မိခင်ဖြစ်သူနဲ့ အစ်မ ဖြစ်သူ တွေကို အားပေးရင်း ပြန်လာဖို့မသေချာတော့တဲ့ အခြေအနေမျိုးကို ကြုံနေရတယ်လို့ သိရပါတယ်။

“ကျွန်တော့်အမေနဲ့ အစ်မတစ်ယောက်က အရမ်းကြောက်ကြတယ်၊ သူတို့ကိုလည်း မကြောက်ဖို့ အားပေးနေရ ပါတယ်။ လာတုန်း ကတော့ အစက နှစ်ပတ်လောက်နေမယ်လို့ မှန်းထားပေမယ့် အခု ဘယ်တော့ ပြန်လာဖြစ်မလဲ မသေချာသေးဘူး၊ အရမ်းအပြင် ထွက်ချင်တဲ့အခါမျိုးဆိုရင်တော့ ကားနဲ့လိုက်ပြီးသွားတယ်၊ ကားထဲက မထွက်ရဲဘူး၊ ဘုရားကျောင်းလည်း တက်ချင်တယ်၊ အခုဗိုင်းရပ်စ် ကိစ္စနဲ့ ဘုရားကျောင်းလည်း မတက်ရဘူး”လို့ သူက ဆက်လက်ရှင်းပြပါတယ်။ Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲကို ဝင်မပြိုင်ခင် အချိန်က သူငယ်ချင်းတွေနဲ့အတူ တေးဂီတဝိုင်းတစ်ခုဖွဲ့ထားပြီး သီချင်းတွေကို လုပ်ကိုင်နေတာဖြစ်ပေမယ့် ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အထိရောက်လာချိန်မှာ စခန်းသွင်းလေ့ကျင့်တာတွေ လုပ်ဆောင်ရင်း ရန်ကုန်မှာအခြေချ နေထိုင်ရတာကြောင့် နယ်ကသူငယ်ချင်းတွေနဲ့ ဖုန်းအဆက်အသွယ်သာရှိခဲ့ကြောင်း၊ နယ်ပြန်ပြီး သူငယ်ချင်းတွေနဲ့တွေ့ဆုံကာ သီချင်းတွေ လုပ်ဖို့ ရည်ရွယ်ထား ပေမယ့် အခုလိုရောဂါအခြေအနေကို ကြုံရတာကြောင့် ရောဂါကပ်ဘေးကြီး မြန်မြန်ပြီးသွားဖို့သာ ထိုင် ဆုတောင်းနေရ တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း                                          
(ဓာတ်ပုံ -  ကိုနိုင် -NG)
ရန်ကုန်၊ ဧပြီ၃၀

(  Zawgyi   )

 Myanmar Idol Season 4 ေတးသီခ်င္းဆိုၿပိဳင္ပြဲကေန လူသိမ်ားလာကာ ေအာင္ျမင္မႈရလာတဲ့ ေတးသံရွင္ ဘင္ဂ်မင္ဆုမ္းဟာ ရန္ကုန္မွာ အေျခခ်ေနထိုင္ရင္းကေန ဇာတိေျမကိုအလည္ျပန္ရင္း COVID 19 ေၾကာင့္ ပိတ္မိၿပီး ေဒသႏၲရအမိန႔္ ၫႊန္ၾကားခ်က္ ေတြကိုလိုက္နာကာ Home at Stay ေနထိုင္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ စစခ်င္းျပန္သြားတုန္းကေတာ့ ႏွစ္ပတ္ေလာက္ေနရင္ ျပန္လာမလို႔ပါ၊ ဒါေပမဲ့ ကေလးၿမိဳ႕ကို ေရာက္ၿပီးေတာ့ ငါးရက္ ေလာက္ပဲ လည္ပတ္ျဖစ္တယ္၊ အခု အိမ္မွာပဲေနတယ္၊ ကေလးၿမိဳ႕မွာ COVID ေတြ႕တဲ့လူေတြအရမ္းမ်ားလာလို႔ အျပင္မသြားရဲေတာ့ဘူး၊ အိမ္ထဲမွာပဲေနရပါတယ္၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ခ်င္ေပမယ့္ အေျခအေနက မေပးခဲ့ဘူး၊ မိသားစုဝင္ေတြလည္းေၾကာက္ေနရေတာ့ ေဖးမရင္းနဲ႔ အတူ ေနထိုင္ေနပါတယ္”လို႔ ေတးသံရွင္ ဘင္ဂ်မင္ဆုမ္းက ေျပာပါတယ္။

သူဟာသီခ်င္းသီဆိုတာလည္း ေကာင္းတဲ့အျပင္ ႐ိုးသားတဲ့မ်က္ႏွာထားပိုင္ဆိုင္ထားသူျဖစ္သလို အသံဝဲဝဲေလးနဲ႔ ေအးေဆးစြာ စကားေျပာဆိုတတ္ တာေၾကာင့္ ခ်စ္ခင္အားေပးသူေတြ မ်ားလာခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာေနထိုင္ရင္း အႏုပညာ အလုပ္ေတြ လုပ္ဖို႔ ရည္႐ြယ္ေနေပမယ့္ သူေနထိုင္ရာ ကေလးၿမိဳ႕ကို ေခတၱ အလည္ျပန္ရင္း ရန္ကုန္ျပန္လာဖို႔စီစဥ္ထားေပမယ့္ COVID 19 ေၾကာင့္ စိုးရိမ္ေန တဲ့ မိခင္ျဖစ္သူနဲ႔ အစ္မ ျဖစ္သူ ေတြကို အားေပးရင္း ျပန္လာဖို႔မေသခ်ာေတာ့တဲ့ အေျခအေနမ်ိဳးကို ႀကဳံေနရတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္အေမနဲ႔ အစ္မတစ္ေယာက္က အရမ္းေၾကာက္ၾကတယ္၊ သူတို႔ကိုလည္း မေၾကာက္ဖို႔ အားေပးေနရ ပါတယ္။ လာတုန္း ကေတာ့ အစက ႏွစ္ပတ္ေလာက္ေနမယ္လို႔ မွန္းထားေပမယ့္ အခု ဘယ္ေတာ့ ျပန္လာျဖစ္မလဲ မေသခ်ာေသးဘူး၊ အရမ္းအျပင္ ထြက္ခ်င္တဲ့အခါမ်ိဳးဆိုရင္ေတာ့ ကားနဲ႔လိုက္ၿပီးသြားတယ္၊ ကားထဲက မထြက္ရဲဘူး၊ ဘုရားေက်ာင္းလည္း တက္ခ်င္တယ္၊ အခုဗိုင္းရပ္စ္ ကိစၥနဲ႔ ဘုရားေက်ာင္းလည္း မတက္ရဘူး”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။ Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲကို ဝင္မၿပိဳင္ခင္ အခ်ိန္က သူငယ္ခ်င္းေတြနဲ႔အတူ ေတးဂီတဝိုင္းတစ္ခုဖြဲ႕ထားၿပီး သီခ်င္းေတြကို လုပ္ကိုင္ေနတာျဖစ္ေပမယ့္ ၿပိဳင္ပြဲမွာ ေနာက္ဆုံးအဆင့္အထိေရာက္လာခ်ိန္မွာ စခန္းသြင္းေလ့က်င့္တာေတြ လုပ္ေဆာင္ရင္း ရန္ကုန္မွာအေျခခ် ေနထိုင္ရတာေၾကာင့္ နယ္ကသူငယ္ခ်င္းေတြနဲ႔ ဖုန္းအဆက္အသြယ္သာရွိခဲ့ေၾကာင္း၊ နယ္ျပန္ၿပီး သူငယ္ခ်င္းေတြနဲ႔ေတြ႕ဆုံကာ သီခ်င္းေတြ လုပ္ဖို႔ ရည္႐ြယ္ထား ေပမယ့္ အခုလိုေရာဂါအေျခအေနကို ႀကဳံရတာေၾကာင့္ ေရာဂါကပ္ေဘးႀကီး ျမန္ျမန္ၿပီးသြားဖို႔သာ ထိုင္ ဆုေတာင္းေနရ တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း                                          
(ဓာတ္ပုံ -  ကိုႏိုင္ -NG)
ရန္ကုန္၊ ဧၿပီ၃၀