ဇာတ်ကားကောင်းဖြစ်ဖို့ ဒါရိုက်တာအရေးကြီးတယ်လို့ ပြောလိုက်တဲ့ သရုပ်ဆောင်/ဒါရိုက်တာ မင်းဦး

ဇာတ်ကားကောင်းဖြစ်ဖို့ ဒါရိုက်တာအရေးကြီးတယ်လို့ ပြောလိုက်တဲ့ သရုပ်ဆောင်/ဒါရိုက်တာ မင်းဦး

ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ သရုပ်ဆောင်အပိုင်းကလည်း အရေးကြီးပေမယ့် ဒါရိုက်တာရဲ့ ကြိုးပမ်း အားထုတ်မှုက ပိုကာအရေးကြီးတယ် လို့ သရုပ်ဆောင် အဖြစ်သာမကဘဲ ဒါရိုက်တာအဖြစ် လုပ်ကိုင် နေတဲ့ မင်းဦးက ပြောပါတယ်။

“အစ်ကို့အမြင်ပြောရရင် အစ်ကိုက Actor ဆိုလည်း ဟုတ်ပါတယ်။ ဒါရိုက်တာ ဆိုတာကလည်း တစ် ပိုင်း တစ်စပဲ ရှိပါသေးတယ်၊ ဒါပေမဲ့လည်း တစ်ကယ်တမ်းကျတော့ ဇာတ်ကားတစ်ကားကောင်းဖို့ဆိုရင် Actor တော်တာ လည်း ပါသလို ဒါရိုက်တာရဲ့ ညွှန်ကြားမှု၊ သင်ပြမှုပေါ့၊ အဲ့ဒီလိုသင်ပြမှုနဲ့ ဘယ်လောက်ပဲ သွားရမယ်၊ ဘယ်လောက်ပဲလုပ် ဆိုတဲ့ဟာမျိုး ကျတော့ ဒါရိုက်တာပေါ်မှာ မူတည်တာပေါ့၊ Actor ဘယ်လောက် ကောင်း ကောင်း ဒါရိုက်တာ ညွှန်ပြမှုအားနည်းရင် ကိုယ်ထင်တယ် ဇာတ်ကားတစ်ခုက ဘယ်လောက် တော်တော်ပါ ဇာတ်ကား က ကောင်းမလာဘူး၊ ကိုယ်က အဲ့ဒီလိုပဲမြင်တယ်”လို့ သူက ဆိုပါတယ်။

သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားထဲမှာ ဒါရိုက်တာပြောတဲ့အတိုင်းပဲလုပ်ခဲ့ပြီး ပြောတဲ့အတိုင်းသာ အပိုအ လိုမရှိအောင် လုပ်ခဲ့တာကြောင့် အကယ်ဒမီဆုလည်းရရှိခဲ့ဖူးတယ်လို့ ဆိုပါသေးတယ်။“အဲ့ဒီ အကယ်ဒမီရတဲ့ ဇာတ်ကားကို ပြန်ကြည့်တော့ ဘယ်လောက်အရေးကြီးလဲ ကိုယ်ပြန်ခံ စားရ တယ်၊ ဒါရိုက်တာ တစ်ဦးအနေနဲ့က ဇာတ်ကားတစ်ကားမရိုက်ခင် အများကြီးစဉ်းစားရပါတယ်၊ ကိုယ်အ တတ် နိုင်ဆုံး Actor တွေအပေါ်မှာ ဘယ်လောက်အထိ ခိုင်းရမလဲ၊ ကိုယ်ကရောသူတို့အပေါ်ကို ဘယ်လောက်ပြန်ရ မလဲပေါ့နော်၊ အတိုင်းအတာတစ်ခုရှိတယ်၊ ကိုယ်တို့လိုချင်သလောက် မရပေမယ့်လည်း အဆင်ပြေနိုင်သလား အများကြီးကို တွေးရတာပေါ့နော်၊ အများကြီးရှိတယ် တွေးရတာတွေလေ၊ အစ်ကိုအနေနဲ့ Actor ပဲဖြစ်ဖြစ် ဒါရိုက်တာပဲဖြစ်ဖြစ် ကိုယ်စွန်းဉာဏ်စွမ်းရှိသရွေ့ကြိုးစားမယ်လို့ ကိုယ့်စိတ်ထဲမှာ အမြဲတမ်းပဲ သတ်မှတ်ထား ပါတယ်၊ ဒါကတကယ့်ကိုပါ”လို့ သူက ဆက်လက်ပြောကြားပါတယ်။

သူ့အနေနဲ့ ဒါရိုက်တာအဖြစ် ပါဝင်ကာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေလည်းရှိနေပြီး ရုံတင်ရက် စောင့်နေတာ တွေလည်းရှိကြောင်း၊ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ သရုပ်ဆောင်အဖြစ် လုပ်ကိုင် ရတဲ့ အခြေအနေက နည်းလာကာ ဒါရိုက်တာအဖြစ် လုပ်ဆောင်ရတဲ့ အနေအထားက များပြားလာတယ်လို့ ဆိုပါတယ်။

မင်းခေတ်လင်း    
ရန်ကုန်၊ မေ ၂၈  

(    Zawgyi   )

 ဇာတ္ကားေကာင္းတစ္ကားျဖစ္ဖို႔ သ႐ုပ္ေဆာင္အပိုင္းကလည္း အေရးႀကီးေပမယ့္ ဒါ႐ိုက္တာရဲ႕ ႀကိဳးပမ္း အားထုတ္မႈက ပိုကာအေရးႀကီးတယ္ လို႔ သ႐ုပ္ေဆာင္ အျဖစ္သာမကဘဲ ဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္ ေနတဲ့ မင္းဦးက ေျပာပါတယ္။

“အစ္ကို႔အျမင္ေျပာရရင္ အစ္ကိုက Actor ဆိုလည္း ဟုတ္ပါတယ္။ ဒါ႐ိုက္တာ ဆိုတာကလည္း တစ္ ပိုင္း တစ္စပဲ ရွိပါေသးတယ္၊ ဒါေပမဲ့လည္း တစ္ကယ္တမ္းက်ေတာ့ ဇာတ္ကားတစ္ကားေကာင္းဖို႔ဆိုရင္ Actor ေတာ္တာ လည္း ပါသလို ဒါ႐ိုက္တာရဲ႕ ၫႊန္ၾကားမႈ၊ သင္ျပမႈေပါ့၊ အဲ့ဒီလိုသင္ျပမႈနဲ႔ ဘယ္ေလာက္ပဲ သြားရမယ္၊ ဘယ္ေလာက္ပဲလုပ္ ဆိုတဲ့ဟာမ်ိဳး က်ေတာ့ ဒါ႐ိုက္တာေပၚမွာ မူတည္တာေပါ့၊ Actor ဘယ္ေလာက္ ေကာင္း ေကာင္း ဒါ႐ိုက္တာ ၫႊန္ျပမႈအားနည္းရင္ ကိုယ္ထင္တယ္ ဇာတ္ကားတစ္ခုက ဘယ္ေလာက္ ေတာ္ေတာ္ပါ ဇာတ္ကား က ေကာင္းမလာဘူး၊ ကိုယ္က အဲ့ဒီလိုပဲျမင္တယ္”လို႔ သူက ဆိုပါတယ္။

သူသ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားထဲမွာ ဒါ႐ိုက္တာေျပာတဲ့အတိုင္းပဲလုပ္ခဲ့ၿပီး ေျပာတဲ့အတိုင္းသာ အပိုအ လိုမရွိေအာင္ လုပ္ခဲ့တာေၾကာင့္ အကယ္ဒမီဆုလည္းရရွိခဲ့ဖူးတယ္လို႔ ဆိုပါေသးတယ္။“အဲ့ဒီ အကယ္ဒမီရတဲ့ ဇာတ္ကားကို ျပန္ၾကည့္ေတာ့ ဘယ္ေလာက္အေရးႀကီးလဲ ကိုယ္ျပန္ခံ စားရ တယ္၊ ဒါ႐ိုက္တာ တစ္ဦးအေနနဲ႔က ဇာတ္ကားတစ္ကားမ႐ိုက္ခင္ အမ်ားႀကီးစဥ္းစားရပါတယ္၊ ကိုယ္အ တတ္ ႏိုင္ဆုံး Actor ေတြအေပၚမွာ ဘယ္ေလာက္အထိ ခိုင္းရမလဲ၊ ကိုယ္ကေရာသူတို႔အေပၚကို ဘယ္ေလာက္ျပန္ရ မလဲေပါ့ေနာ္၊ အတိုင္းအတာတစ္ခုရွိတယ္၊ ကိုယ္တို႔လိုခ်င္သေလာက္ မရေပမယ့္လည္း အဆင္ေျပႏိုင္သလား အမ်ားႀကီးကို ေတြးရတာေပါ့ေနာ္၊ အမ်ားႀကီးရွိတယ္ ေတြးရတာေတြေလ၊ အစ္ကိုအေနနဲ႔ Actor ပဲျဖစ္ျဖစ္ ဒါ႐ိုက္တာပဲျဖစ္ျဖစ္ ကိုယ္စြန္းဉာဏ္စြမ္းရွိသေ႐ြ႕ႀကိဳးစားမယ္လို႔ ကိုယ့္စိတ္ထဲမွာ အၿမဲတမ္းပဲ သတ္မွတ္ထား ပါတယ္၊ ဒါကတကယ့္ကိုပါ”လို႔ သူက ဆက္လက္ေျပာၾကားပါတယ္။

သူ႔အေနနဲ႔ ဒါ႐ိုက္တာအျဖစ္ ပါဝင္ကာ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားေတြလည္းရွိေနၿပီး ႐ုံတင္ရက္ ေစာင့္ေနတာ ေတြလည္းရွိေၾကာင္း၊ လတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႔ သ႐ုပ္ေဆာင္အျဖစ္ လုပ္ကိုင္ ရတဲ့ အေျခအေနက နည္းလာကာ ဒါ႐ိုက္တာအျဖစ္ လုပ္ေဆာင္ရတဲ့ အေနအထားက မ်ားျပားလာတယ္လို႔ ဆိုပါတယ္။

မင္းေခတ္လင္း    
ရန္ကုန္၊ ေမ ၂၈