တစ်ကိုယ်တော်အခွေနဲ့ စုံတွဲခွေတွေ ထုတ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တေးသံရှင် ဖြူဖြူကျော်သိန်း က ပြောလာ

တစ်ကိုယ်တော်အခွေနဲ့ စုံတွဲခွေတွေ ထုတ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တေးသံရှင် ဖြူဖြူကျော်သိန်း က ပြောလာ

မကြာခင်မှာ တစ်ကိုယ်တော် သီချင်းခွေနဲ့ စုံတွဲခွေတစ်ခွေ တွေအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သူဟာ လူကြီးလူငယ်မရွေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်သလို တေးသီချင်း တွေကိုလည်း ဖြေးဖြေးချင်း လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ “ဖြူဖြူရဲ့ တစ်ကိုယ်တော် အခွေ ထွက်လာဖို့ရှိပါတယ်၊ အဲ့ဒီအတွက် အသံသွင်းတာတွေနဲ့ ကြိုတင်ပြင်ဆင်နေတာတွေလည်း လုပ်ဆောင် နေပါတယ်၊ Cobra နဲ့ ပေါင်းပြီးတော့ စုံတွဲခွေအတွက်လည်း အသံသွင်းတာတွေကို လုပ်နေပါတယ်၊ လောလောဆယ် ဖြူဖြူလက်ထဲမှာ ထွက်ဖို့အတွက် သီချင်း ၁၀ ပုဒ်လောက် လက်ထဲမှာရှိတယ်”လို့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

တေးသီချင်းတွေကို တစ်ချိန်တည်းမှာ အများကြီးလုပ်လိုက်တဲ့အခါ ပရိသတ်တွေကြားထဲ ဟုန်သွားတဲ့ အနေအထားမျိုး ဖြစ်နိုင်သလို သူမရဲ့ အဆိုတော်သက်တမ်းတစ်လျှောက်မှာ ပရိသတ်တွေရဲ့ လက်ထဲ ရောက်သွားဖို့ အနည်းဆုံး ခြောက်လကနေ ငါးနှစ်လောက်အထိ အချိန်စောင့််ရတာမျိုးလည်း ရှိတာကြောင့် ဖြေးဖြေးချင်း စီစဉ်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဖြူဖြူရဲ့ အဆိုတော် သက်တမ်းတစ်လျှောက်မှာ လေ့လာထားတဲ့အရပေါ့နော် ဖြူဖြူ သတိထားမိတာက ဘာလဲဆိုလို့ရှိရင် သီချင်း သစ်တစ်ပုဒ်ပဲဖြစ်ဖြစ် အခွေသစ်တစ်ပုဒ်ပဲဖြစ်ဖြစ် ပေါ့နော်၊ ပရိသတ်တွေ အများစုလက်ခံလာဖို့ဆိုရင် တန်းပြီးတော့ ပေါက်သွားတဲ့ ဟာလည်း ရှိတတ်တယ်၊ တစ်ခါတလေကျရင် အချိန်တစ်ခုကို စောင့်ဆိုင်းပြီးတော့မှ ပရိသတ်ရဲ့ လက်ထဲကို ရောက်သွားပြီး စောင့်ရတဲ့ဟာမျိုးလည်း ရှိတတ်တယ်၊ အဲ့ဒါမျိုးက ခြောက်လကနေ ငါးနှစ်အထိ အချိန်ပေးရတယ် ဆိုတာကိုလည်း ဖြူဖြူနားလည်ထားပါတယ်၊ ဖြူဖြူရဲ့ သီချင်းတွေကို နားထောင်ပြီးသား ပရိသတ်တွေရှိသလို နားမထောင်ဖူးသေးတဲ့ ပရိသတ်တွေလည်း ရှိပါတယ်၊ အဲ့ဒီ နားမထောင်ဖူးသေးတဲ့ ပရိသတ်တွေကို စောင့်ရင်း ဖြူဖြူ တို့ ဖြေးဖြေးချင်း သွားကြမယ်လေ”လို့လည်း သူက ပြောပါတယ်။

သူမဟာ တေးသီချင်းပေါင်း ၁၀၀ ကျော် ထွက်ရှိခဲ့သလို ယင်းတေးသီချင်းတွေထဲမှာ အပုဒ် ၇၀ လောက်ဟာ ကိုယ်ပိုင်သံစဉ်သီချင်းတွေဖြစ် တယ်လို့ သိရပါတယ်။ သူဟာ DJ သော်သော်နဲ့အတူ Remix အခွေတစ်ခွေ ကိုလည်း လွန်ခဲ့တဲ့ မတ်လ ၁၆ ရက်က ဖြန့်ချိထားတာကြောင့် နောက်ထပ်အခွေတွေ ထုတ်နိုင်ဖို့ သီချင်းတွေရှိပေမယ့် ဖြေးဖြေးချင်းလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၂၆

(  Zawgyi  )

 မၾကာခင္မွာ တစ္ကိုယ္ေတာ္ သီခ်င္းေခြနဲ႔ စုံတြဲေခြတစ္ေခြ ေတြအတြက္ လိုအပ္တဲ့ ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေတးသံရွင္ ျဖဴျဖဴေက်ာ္သိန္းက ေျပာပါတယ္။

သူဟာ လူႀကီးလူငယ္မေ႐ြး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားသူျဖစ္သလို ေတးသီခ်င္း ေတြကိုလည္း ေျဖးေျဖးခ်င္း လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ “ျဖဴျဖဴရဲ႕ တစ္ကိုယ္ေတာ္ အေခြ ထြက္လာဖို႔ရွိပါတယ္၊ အဲ့ဒီအတြက္ အသံသြင္းတာေတြနဲ႔ ႀကိဳတင္ျပင္ဆင္ေနတာေတြလည္း လုပ္ေဆာင္ ေနပါတယ္၊ Cobra နဲ႔ ေပါင္းၿပီးေတာ့ စုံတြဲေခြအတြက္လည္း အသံသြင္းတာေတြကို လုပ္ေနပါတယ္၊ ေလာေလာဆယ္ ျဖဴျဖဴလက္ထဲမွာ ထြက္ဖို႔အတြက္ သီခ်င္း ၁၀ ပုဒ္ေလာက္ လက္ထဲမွာရွိတယ္”လို႔ ေတးသံရွင္ ျဖဴျဖဴေက်ာ္သိန္းက ေျပာပါတယ္။

ေတးသီခ်င္းေတြကို တစ္ခ်ိန္တည္းမွာ အမ်ားႀကီးလုပ္လိုက္တဲ့အခါ ပရိသတ္ေတြၾကားထဲ ဟုန္သြားတဲ့ အေနအထားမ်ိဳး ျဖစ္ႏိုင္သလို သူမရဲ႕ အဆိုေတာ္သက္တမ္းတစ္ေလွ်ာက္မွာ ပရိသတ္ေတြရဲ႕ လက္ထဲ ေရာက္သြားဖို႔ အနည္းဆုံး ေျခာက္လကေန ငါးႏွစ္ေလာက္အထိ အခ်ိန္ေစာင့္္ရတာမ်ိဳးလည္း ရွိတာေၾကာင့္ ေျဖးေျဖးခ်င္း စီစဥ္ေနရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ “ျဖဴျဖဴရဲ႕ အဆိုေတာ္ သက္တမ္းတစ္ေလွ်ာက္မွာ ေလ့လာထားတဲ့အရေပါ့ေနာ္ ျဖဴျဖဴ သတိထားမိတာက ဘာလဲဆိုလို႔ရွိရင္ သီခ်င္း သစ္တစ္ပုဒ္ပဲျဖစ္ျဖစ္ အေခြသစ္တစ္ပုဒ္ပဲျဖစ္ျဖစ္ ေပါ့ေနာ္၊ ပရိသတ္ေတြ အမ်ားစုလက္ခံလာဖို႔ဆိုရင္ တန္းၿပီးေတာ့ ေပါက္သြားတဲ့ ဟာလည္း ရွိတတ္တယ္၊ တစ္ခါတေလက်ရင္ အခ်ိန္တစ္ခုကို ေစာင့္ဆိုင္းၿပီးေတာ့မွ ပရိသတ္ရဲ႕ လက္ထဲကို ေရာက္သြားၿပီး ေစာင့္ရတဲ့ဟာမ်ိဳးလည္း ရွိတတ္တယ္၊ အဲ့ဒါမ်ိဳးက ေျခာက္လကေန ငါးႏွစ္အထိ အခ်ိန္ေပးရတယ္ ဆိုတာကိုလည္း ျဖဴျဖဴနားလည္ထားပါတယ္၊ ျဖဴျဖဴရဲ႕ သီခ်င္းေတြကို နားေထာင္ၿပီးသား ပရိသတ္ေတြရွိသလို နားမေထာင္ဖူးေသးတဲ့ ပရိသတ္ေတြလည္း ရွိပါတယ္၊ အဲ့ဒီ နားမေထာင္ဖူးေသးတဲ့ ပရိသတ္ေတြကို ေစာင့္ရင္း ျဖဴျဖဴ တို႔ ေျဖးေျဖးခ်င္း သြားၾကမယ္ေလ”လို႔လည္း သူက ေျပာပါတယ္။

သူမဟာ ေတးသီခ်င္းေပါင္း ၁၀၀ ေက်ာ္ ထြက္ရွိခဲ့သလို ယင္းေတးသီခ်င္းေတြထဲမွာ အပုဒ္ ၇၀ ေလာက္ဟာ ကိုယ္ပိုင္သံစဥ္သီခ်င္းေတြျဖစ္ တယ္လို႔ သိရပါတယ္။ သူဟာ DJ ေသာ္ေသာ္နဲ႔အတူ Remix အေခြတစ္ေခြ ကိုလည္း လြန္ခဲ့တဲ့ မတ္လ ၁၆ ရက္က ျဖန႔္ခ်ိထားတာေၾကာင့္ ေနာက္ထပ္အေခြေတြ ထုတ္ႏိုင္ဖို႔ သီခ်င္းေတြရွိေပမယ့္ ေျဖးေျဖးခ်င္းလုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၂၆