တေးသံရှင် နေသစ်ရဲ့ ခါးသက်သက် လို့နာမည်ရသော တေးစီးရီးခွေ မိတ်ဆက်

ခါးသက်သက်လို့ နာမည်ရတဲ့ တေးစီးရီးခွေနဲ့ ပတ်သက်လို့ လူငယ်တေးသံရှင် နေသစ်က မိတ်ဆက်ရှင်းလင်းပွဲ တစ်ရပ်ကို ဒီကနေ့(မတ်လ ၇ရက်) မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်းက House of Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီအခွေဟာ သူ့ရဲ့ ပထမဆုံးတေးစီးရီးလည်းဖြစ်သလို လူငယ် မျိုးဆက်သစ် တေးရေးတွေဖြစ်တဲ့ အောင်ချစ်ခိုင်၊ ဇွဲဟိန်းနဲ့ တေးသံရှင် နေသစ် ကိုယ်တိုင်ရေးသားထားကြတာ ဖြစ်ပါတယ်။ "ဒီကနေ့ဟာ ကျွန်တော့်ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်၊ မွေးနေ့မွေးရက်တိုက်ဆိုင်တဲ့ နှစ်မှာပဲ အခုလို စီးရီးမိတ်ဆက်ပွဲလေးကို လုပ်ဖြစ်ခဲ့တာ အမှတ်တရပါပဲ၊ ကျွန်တော် ပိုက်ဆံရှိလို့ ဒါကိုလုပ်တာတော့ မဟုတ်ပါဘူး၊ အနုပညာတစ်ရပ်ကို ဖန်တီးကြိုးပမ်းရင်းနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ဒီအခွေလေး ဖြစ်ဖို့အတွက် ကျွန်တော် သုံးနှစ်လောက် အချိန်ယူ ကြိုးစားထားခဲ့ရတာပါ၊ အခုတော့ မှတ်တမ်းတစ်ခု အနေနဲ့ အရာထင်ခဲ့ပြီပေါ့"လို့လည်း တေးသံရှင် နေသစ်က ပြောကြားပါတယ်။

 သူ့ရဲ့ တေးစီးရီးခွေ မိတ်ဆက်ပွဲနဲ့ ပတ်သက်ပြီး တေးရေး သားဇော်၊ တေးရေး NC တို့က အမှတ်တရ စကားတွေ ပြောကြားပေးခဲ့သလို နေသစ် ကိုယ်တိုင်ကလည်း အမှတ်တရမိတ်ဆက် ပြောကြား ခဲ့ပါသေးတယ်။

အဲ့ဒီတေးစီးရီးခွေထဲမှာ အပြင်မှာ သူငယ်ချင်း၊ သူ သူ သူ၊ ဧရိယာပြင်ပ၊ ဝေးမှသိ၊ ခါးသက်သက်၊ ကြယ်စင်၊ အနွေးဓာတ်လေး၊ အတူကဲကြစို့ စတဲ့ တေးသီချင်းတွေ အပါအဝင် လူငယ်တွေ ကြိုက်နှစ်သက်စေမယ့် တေးသီချင်း ၁၂ ပုဒ်ပါဝင်ပြီး Bo Bo Music Production က ဒီကနေ့မှာ စတင်ဖြန့်ချိတာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၇ 

(  Zawgyi  )