တေးအယ်လ်ဘမ်သစ်အတွက် အာရုံအပြည့်အဝစိုက်ကာ လုပ်ဆောင်နေတဲ့ သားစိုး

တေးအယ်လ်ဘမ်သစ်အတွက် အာရုံအပြည့်အဝစိုက်ကာ လုပ်ဆောင်နေတဲ့ သားစိုး

မြန်မာပရိသတ်တွေရဲ့ကြားမှာ Remix တေးသီချင်းတွေကို ဖန်တီးခဲ့တဲ့ တေးသံရှင် သားစိုးဟာ တေးအယ်လ်ဘမ်သစ်အတွက် အာရုံစိုက်လုပ်ကိုင်နေတာကြောင့် လတ်တလောမှာ ပရိသတ်ရှေ့ကို မရောက်လာသေးတဲ့ အခြေနေမျိုး ရှိနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော် အာရုံအပြည့်အဝစိုက်ပြီး လုပ်နေတာတွေရှိပါတယ်၊ မကြာခင်မှာ ပရိသတ်အရှေ့ကို ပြန်လည်ထွက်ပေါ်လာမှာပါ၊ လောလောဆယ်တော့ လိုအပ်ချက်မရှိအောင် လုပ်ကိုင်နေရတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်” လို့ တေးသံရှင် သားစိုး က ရှင်းပြပါတယ်။

ထိုလုပ်ကိုင်နေတဲ့ တေးအယ်လ်ဘမ်ကိုတော့ ယခုမိုးအကုန် ပွင့်လင်းရာသီကာလနဲ့အတူ ထွက်ရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

“လူငယ်အကြိုက် သီချင်းလေးတွေ ဖြစ်မှာပါ၊ အရင်က ထွက်ခဲ့တဲ့သီချင်းတွေနဲ့ သိပ်တော့မတူပေမယ့် ပိုပြီးကောင်းအောင်လို့ အစစအရာရာ ပြင်ဆင်ဖြည့်စွက်ပြီး အာရုံအပြည့်အဝစိုက် ထုတ်လုပ်နေတာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

သူဖြန့်ချီထုတ်လုပ်ခဲ့တဲ့ သီချင်းတွေဟာ ယခုအချိန်အထိ ကျေးလက်ဒေသက ပွဲလမ်းသဘင်တွေမှာ အသုံးပြုနေတာဖြစ်သလို ဆက်လက်ပြီးတော့လည်း မြူးကြွစေတဲ့ တေးသီချင်းမျိုးကို ဖန်တီးနေတယ်လို့ သိရပါတယ်။

သူ့ရဲ့တေးသီချင်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေရှိသလို နှစ်ခြိုက်အားပေးသူတွေလည်း အများအပြားရှိနေပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော်တို့ အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးပဲတင်ပါတယ်၊ ဆက်လက်ပြီးတော့လည်း စောင့်မျှော်အားပေးပါဦး၊ ပရိသတ်တွေကြိုက်မယ့် တေးသီချင်းမျိုးကို ဖန်တီးနေတာကြောင့် ဖြစ်ပါတယ်၊ မကြာခင်မှာ ပရိသတ်တွေရဲ့ လက်ထဲကို အရောက်ပို့ဆောင်နိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၁၂

( Zawgyi )

ျမန္မာပရိသတ္ေတြရဲ႕ၾကားမွာ Remix ေတးသီခ်င္းေတြကို ဖန္တီးခဲ့တဲ့ ေတးသံရွင္ သားစိုးဟာ ေတးအယ္လ္ဘမ္သစ္အတြက္ အာ႐ုံစိုက္လုပ္ကိုင္ေနတာေၾကာင့္ လတ္တေလာမွာ ပရိသတ္ေရွ႕ကို မေရာက္လာေသးတဲ့ အေျခေနမ်ိဳး ရွိေနတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ အာ႐ုံအျပည့္အဝစိုက္ၿပီး လုပ္ေနတာေတြရွိပါတယ္၊ မၾကာခင္မွာ ပရိသတ္အေရွ႕ကို ျပန္လည္ထြက္ေပၚလာမွာပါ၊ ေလာေလာဆယ္ေတာ့ လိုအပ္ခ်က္မရွိေအာင္ လုပ္ကိုင္ေနရတဲ့ အေျခအေနမ်ိဳးလည္း ရွိပါတယ္” လို႔ ေတးသံရွင္ သားစိုး က ရွင္းျပပါတယ္။

ထိုလုပ္ကိုင္ေနတဲ့ ေတးအယ္လ္ဘမ္ကိုေတာ့ ယခုမိုးအကုန္ ပြင့္လင္းရာသီကာလနဲ႔အတူ ထြက္ရွိႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔လည္း သိရပါတယ္။

“လူငယ္အႀကိဳက္ သီခ်င္းေလးေတြ ျဖစ္မွာပါ၊ အရင္က ထြက္ခဲ့တဲ့သီခ်င္းေတြနဲ႔ သိပ္ေတာ့မတူေပမယ့္ ပိုၿပီးေကာင္းေအာင္လို႔ အစစအရာရာ ျပင္ဆင္ျဖည့္စြက္ၿပီး အာ႐ုံအျပည့္အဝစိုက္ ထုတ္လုပ္ေနတာ ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

သူျဖန႔္ခ်ီထုတ္လုပ္ခဲ့တဲ့ သီခ်င္းေတြဟာ ယခုအခ်ိန္အထိ ေက်းလက္ေဒသက ပြဲလမ္းသဘင္ေတြမွာ အသုံးျပဳေနတာျဖစ္သလို ဆက္လက္ၿပီးေတာ့လည္း ျမဴးႂကြေစတဲ့ ေတးသီခ်င္းမ်ိဳးကို ဖန္တီးေနတယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ေတးသီခ်င္းေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္သူေတြရွိသလို ႏွစ္ၿခိဳက္အားေပးသူေတြလည္း အမ်ားအျပားရွိေနပါတယ္။

ဆက္လက္ၿပီး သူက “ကြၽန္ေတာ္တို႔ အားေပးေနတဲ့ ပရိသတ္ေတြကို ေက်းဇူးအထူးပဲတင္ပါတယ္၊ ဆက္လက္ၿပီးေတာ့လည္း ေစာင့္ေမွ်ာ္အားေပးပါဦး၊ ပရိသတ္ေတြႀကိဳက္မယ့္ ေတးသီခ်င္းမ်ိဳးကို ဖန္တီးေနတာေၾကာင့္ ျဖစ္ပါတယ္၊ မၾကာခင္မွာ ပရိသတ္ေတြရဲ႕ လက္ထဲကို အေရာက္ပို႔ေဆာင္ႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားေနပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၁၂