ဒါရိုက်တာအဖြစ်သာ ရပ်တည်တော့မယ့် ညီဘွားညီ

ဒါရိုက်တာအဖြစ်သာ ရပ်တည်တော့မယ့် ညီဘွားညီ

ကိုယ်တိုင် သရုပ်ဆောင်တာတွေအပြင် ဒါရိုက်တာအဖြစ်လည်း လုပ်ဆောင်ကာ ဇာတ်ကားရိုက်ကူးနေတဲ့ ညီဘွားညီဟာ နောက်ပိုင်းမှာ ဒါရိုက်တာအဖြစ်ဖြင့်သာ ရပ်တည်တော့မယ်လို့ ပြောပါတယ်။“ဇာတ်ကားတွေ တော်တော်များများလည်း ရိုက်ထားတာရှိပါတယ်၊ ဒါရိုက်တာအဖြစ်နဲ့  ရိုက်နေတဲ့ ကားတွေလည်းရှိတယ်၊ ရိုက်ထားတဲ့ဇာတ်ကားတွေလည်း မဟာချန်နယ်လိုင်းကနေ မကြာခင်လွှင့်မှာပါ၊ ပရိသတ်တွေအနေနဲ့လည်း အားပေးကြပါနော်”လို့ ညီဘွားညီက ပြောပါတယ်။ မကြာသေးခင်ကလည်း “မေတ္တာအလွဲများ”လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲကို စီစဉ်သူ စစ်သွေး၊ ဝတ္ထု၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အဖြစ် ညီဘွားညီ ကိုယ်တိုင် တာဝန်ယူကာ ညီဘွားညီ၊ စစ်သွေး၊ ရဲသွေးအောင်၊ ရဲလေးမ၊ မြို့တော်ချစ်ဖွယ်၊ ခင်စိုးပိုင် တို့အပါအဝင် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုတွေအပြင် ဝေဖန်မှုတွေကိုလည်း နားထောင်ကာ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြောင်း၊ ယခုရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲမှာလည်း စစ်သွေးကို အားဖြည့် ပေးတဲ့အနေနဲ့ ဝင်ပြီးသရုပ်ဆောင်တာဖြစ်ပေမယ့် ဒါရိုက်တာအပိုင်းကိုသာ အဓိကလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ငယ်ငယ်ကတည်းက စိတ်ကူးထားခဲ့တဲ့ ဇာတ်လမ်းတွေ၊ အတွေ့ အကြုံတွေ၊ ပရိသတ်တွေရဲ့ ကြားက အဖြစ်အပျက်တွေကို အခြေခံကာ ဖျော်ဖြေတဲ့သဘောမျိုးဆောင်တဲ့ ဇာတ်ကားတွေကို  ရိုက်ကူး သွားဖို့ရှိတယ်လို့ သိရပါတယ်။

 “ညီဘွားညီဆိုတာကလည်း သူ့အတိုင်းအတာအလျောက်တော့ နေရာတစ်ခုမှာရပ်တည်နေပါတယ်၊ ဒါကကျွန်တော့် ခံယူချက်ပဲလေ၊ ကျွန်တော်ဟာ အနုပညာကို ရူးသွပ်တာကြောင့်လည်း အနုပညာအလုပ်ကို ဆက်လုပ်နေဦးမှာပါ၊ ပရိသတ်တွေကို စိတ်ညစ်စရာတွေထက် ပျော်ရွှင်စေမယ့်ဇာတ်လမ်းမျိုးတွေ ဖန်တီးသွားမှာပါ၊ ဒါကျွန်တော့်ယုံကြည်ချက်တစ်ခုပဲ၊ ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာတွေကို လည်း ပရိသတ်ကြားထဲ ချပြသွားမှာပါ၊ အဲ့ဒီအတွက်လည်း ကြိုးစားနေပါတယ်၊ ပရိသတ်တွေဆီက အားပေးမှုတစ်ခုပဲ ကျွန်တော် လိုချင်တာ” လို့ ဒါရိုက်တာ/သရုပ်ဆောင် ညီဘွားညီက ပြောပါတယ်။

လက်ရှိမှာ သူဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေကို မဟာချန်နယ် လိုင်းကနေ လွှင့်ဖို့ဆွေးနွေးနေတာတွေရှိ သလို အခြား ရုပ်သံလိုင်း တွေ နဲ့လည်း ချိတ်ဆက်ပြီးလုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

(  Zawgyi  )

 ကိုယ္တိုင္ သ႐ုပ္ေဆာင္တာေတြအျပင္ ဒါ႐ိုက္တာအျဖစ္လည္း လုပ္ေဆာင္ကာ ဇာတ္ကား႐ိုက္ကူးေနတဲ့ ညီဘြားညီဟာ ေနာက္ပိုင္းမွာ ဒါ႐ိုက္တာအျဖစ္ျဖင့္သာ ရပ္တည္ေတာ့မယ္လို႔ ေျပာပါတယ္။“ဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ထားတာရွိပါတယ္၊ ဒါ႐ိုက္တာအျဖစ္နဲ႔  ႐ိုက္ေနတဲ့ ကားေတြလည္းရွိတယ္၊ ႐ိုက္ထားတဲ့ဇာတ္ကားေတြလည္း မဟာခ်န္နယ္လိုင္းကေန မၾကာခင္လႊင့္မွာပါ၊ ပရိသတ္ေတြအေနနဲ႔လည္း အားေပးၾကပါေနာ္”လို႔ ညီဘြားညီက ေျပာပါတယ္။ မၾကာေသးခင္ကလည္း “ေမတၱာအလြဲမ်ား”လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲကို စီစဥ္သူ စစ္ေသြး၊ ဝတၳဳ၊ ဇာတ္ၫႊန္းနဲ႔ ဒါ႐ိုက္တာ အျဖစ္ ညီဘြားညီ ကိုယ္တိုင္ တာဝန္ယူကာ ညီဘြားညီ၊ စစ္ေသြး၊ ရဲေသြးေအာင္၊ ရဲေလးမ၊ ၿမိဳ႕ေတာ္ခ်စ္ဖြယ္၊ ခင္စိုးပိုင္ တို႔အပါအဝင္ သ႐ုပ္ေဆာင္မ်ားစြာနဲ႔ ႐ိုက္ကူးခဲ့ပါတယ္။

ပရိသတ္ေတြရဲ႕ အားေပးမႈေတြအျပင္ ေဝဖန္မႈေတြကိုလည္း နားေထာင္ကာ လိုအပ္တဲ့ျပင္ဆင္မႈေတြနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းေနေၾကာင္း၊ ယခု႐ိုက္ကူးေနတဲ့ ဇာတ္လမ္းတြဲမွာလည္း စစ္ေသြးကို အားျဖည့္ ေပးတဲ့အေနနဲ႔ ဝင္ၿပီးသ႐ုပ္ေဆာင္တာျဖစ္ေပမယ့္ ဒါ႐ိုက္တာအပိုင္းကိုသာ အဓိကလုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း၊ ငယ္ငယ္ကတည္းက စိတ္ကူးထားခဲ့တဲ့ ဇာတ္လမ္းေတြ၊ အေတြ႕ အႀကဳံေတြ၊ ပရိသတ္ေတြရဲ႕ ၾကားက အျဖစ္အပ်က္ေတြကို အေျခခံကာ ေဖ်ာ္ေျဖတဲ့သေဘာမ်ိဳးေဆာင္တဲ့ ဇာတ္ကားေတြကို  ႐ိုက္ကူး သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

 “ညီဘြားညီဆိုတာကလည္း သူ႔အတိုင္းအတာအေလ်ာက္ေတာ့ ေနရာတစ္ခုမွာရပ္တည္ေနပါတယ္၊ ဒါကကြၽန္ေတာ့္ ခံယူခ်က္ပဲေလ၊ ကြၽန္ေတာ္ဟာ အႏုပညာကို ႐ူးသြပ္တာေၾကာင့္လည္း အႏုပညာအလုပ္ကို ဆက္လုပ္ေနဦးမွာပါ၊ ပရိသတ္ေတြကို စိတ္ညစ္စရာေတြထက္ ေပ်ာ္႐ႊင္ေစမယ့္ဇာတ္လမ္းမ်ိဳးေတြ ဖန္တီးသြားမွာပါ၊ ဒါကြၽန္ေတာ့္ယုံၾကည္ခ်က္တစ္ခုပဲ၊ ကြၽန္ေတာ္တို႔ ဖန္တီးတဲ့ အႏုပညာေတြကို လည္း ပရိသတ္ၾကားထဲ ခ်ျပသြားမွာပါ၊ အဲ့ဒီအတြက္လည္း ႀကိဳးစားေနပါတယ္၊ ပရိသတ္ေတြဆီက အားေပးမႈတစ္ခုပဲ ကြၽန္ေတာ္ လိုခ်င္တာ” လို႔ ဒါ႐ိုက္တာ/သ႐ုပ္ေဆာင္ ညီဘြားညီက ေျပာပါတယ္။

လက္ရွိမွာ သူဖန္တီး႐ိုက္ကူးထားတဲ့ ဇာတ္လမ္းေတြကို မဟာခ်န္နယ္ လိုင္းကေန လႊင့္ဖို႔ေဆြးေႏြးေနတာေတြရွိ သလို အျခား ႐ုပ္သံလိုင္း ေတြ နဲ႔လည္း ခ်ိတ္ဆက္ၿပီးလုပ္ေဆာင္သြားဖို႔ အစီအစဥ္ေတြရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅