ပရိသတ်နဲ့အဆက်အသွယ်မပြတ်အောင် နေ့စဉ်လှုပ်ရှားမှုလေးတွေကို အွန်လိုင်းကတင်ပေးနေတဲ့ ယဉ်လက်

ပရိသတ်နဲ့အဆက်အသွယ်မပြတ်အောင် နေ့စဉ်လှုပ်ရှားမှုလေးတွေကို အွန်လိုင်းကတင်ပေးနေတဲ့ ယဉ်လက်

အထိုးအကြိတ် အသတ်အပုတ်တွေနဲ့အတူ ပရိသတ်အားပေးမှုကို အခိုင်အမာရနေတဲ့ သရုပ်ဆောင် ယဉ်လက်ဟာ အခုလိုကာလမှာ ပရိသတ်နဲ့အဆက်အသွယ်ပြတ်တာမျိုးမဖြစ်အောင် သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ကနေ အမြဲ တင်ပေးနေတယ်လို့ ဆိုပါတယ်။
 
သူမဟာ အက်ရှင်ဇာတ်ကားအများအပြားမှာ သဘာ၀ကျကျသရုပ်ဆောင်ခဲ့သလို ဒရမ်မာ၊ ဟာသ အစရှိတဲ့ ဇာတ်လမ်းအမျိုးအစားတွေမှာလည်း ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 
 
“အခုလိုကာလမှာက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Instagram တို့ကနေ နေ့စဉ်လှုပ်ရှားမှုလေးတွေ၊ Live လေးတွေနဲ့ အမျိုးမျိုးကို မရိုးရအောင် လုပ်ဆောင်ပေးနေပါတယ်၊ အခုကာလမှာတော့ အနုပညာလှုပ်ရှားမှုက သိပ်မရှိသေးဘူး၊ First Wave အပြီးကာလခေါ်မလား အခုလို COVID 19 တစ်ကျော့ပြန်မဖြစ် သေးတဲ့အချိန် အဲ့လောက်အထိတော့ ဇာတ်လမ်းတွဲတွေရိုက်တာရှိတယ်၊ မဂ္ဂဇင်းလေးတွေအတွက် ရိုက်ပေးရတာလေးတွေရှိတယ်၊ ကြော်ငြာ photo ရိုက်တာတွေ၊ အခမ်းအနားလေးတွေကို တက်တာတွေရှိခဲ့တယ်၊ အခုနောက်ပိုင်း ရောဂါလည်းလျော့လာပြီ၊ ပြန်ဖွင့်ပေးလာတဲ့အပေါ်မှာ မူတည်ပြီးတော့ အနုပညာအလုပ်တွေကို ဆက်လုပ်သွားဖို့ရှိမယ်၊ လောလောဆယ် ရိုက်ဖို့ပြောထားတာလေးတွေတော့ ရှိနေသေးတယ်၊ အခြေအနေကိုစောင့်ဆိုင်းနေရတဲ့ အနေအထားရှိပါတယ်၊ ပီပြင်အောင်လုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရတာတွေကြောင့်လည်း ကြိုပြီးပြင်ရတဲ့အပိုင်းတွေကတော့ ရှိတာပေါ့နော်” လို့ ၎င်းကရှင်းပြပါတယ်။
 
သူမဟာ ဒုတိယနှစ် E major အထူးပြုဘာသာရပ်နဲ့ ဒဂုံတက္ကသိုလ်မှာ ပညာသင်ယူနေသူလည်းဖြစ်သလို တိုက်ကွမ်ဒိုအားကစားကို ကျွမ်းကျင်တတ်မြောက်ထားသူလည်းဖြစ်ပါတယ်။
 
အက်ရှင်ဇာတ်ကားတွေထဲမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရလာခဲ့သူဖြစ်ပြီး CANAL+ ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသလို ပရိသတ်အားပေးမှုတွေ ဆက်လက်ရနေတယ်လို့ သိရပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၇
 
( Zawgyi )
 
အထိုးအႀကိတ္ အသတ္အပုတ္ေတြနဲ႔အတူ ပရိသတ္အားေပးမႈကို အခိုင္အမာရေနတဲ့ သ႐ုပ္ေဆာင္ ယဥ္လက္ဟာ အခုလိုကာလမွာ ပရိသတ္နဲ႔အဆက္အသြယ္ျပတ္တာမ်ိဳးမျဖစ္ေအာင္ သူမရဲ႕ေန႔စဥ္လႈပ္ရွားမႈေတြကို လူမႈကြန္ရက္ကေန အၿမဲ တင္ေပးေနတယ္လို႔ ဆိုပါတယ္။
 
သူမဟာ အက္ရွင္ဇာတ္ကားအမ်ားအျပားမွာ သဘာ၀က်က်သ႐ုပ္ေဆာင္ခဲ့သလို ဒရမ္မာ၊ ဟာသ အစရွိတဲ့ ဇာတ္လမ္းအမ်ိဳးအစားေတြမွာလည္း ပိုင္ႏိုင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ 
 
“အခုလိုကာလမွာက ပရိသတ္ႀကီးနဲ႔ အဆက္အသြယ္မျပတ္ရေအာင္ လူမႈကြန္ယက္စာမ်က္ႏွာေတြျဖစ္တဲ့ Facebook, Instagram တို႔ကေန ေန႔စဥ္လႈပ္ရွားမႈေလးေတြ၊ Live ေလးေတြနဲ႔ အမ်ိဳးမ်ိဳးကို မ႐ိုးရေအာင္ လုပ္ေဆာင္ေပးေနပါတယ္၊ အခုကာလမွာေတာ့ အႏုပညာလႈပ္ရွားမႈက သိပ္မရွိေသးဘူး၊ First Wave အၿပီးကာလေခၚမလား အခုလို COVID 19 တစ္ေက်ာ့ျပန္မျဖစ္ ေသးတဲ့အခ်ိန္ အဲ့ေလာက္အထိေတာ့ ဇာတ္လမ္းတြဲေတြ႐ိုက္တာရွိတယ္၊ မဂၢဇင္းေလးေတြအတြက္ ႐ိုက္ေပးရတာေလးေတြရွိတယ္၊ ေၾကာ္ျငာ photo ႐ိုက္တာေတြ၊ အခမ္းအနားေလးေတြကို တက္တာေတြရွိခဲ့တယ္၊ အခုေနာက္ပိုင္း ေရာဂါလည္းေလ်ာ့လာၿပီ၊ ျပန္ဖြင့္ေပးလာတဲ့အေပၚမွာ မူတည္ၿပီးေတာ့ အႏုပညာအလုပ္ေတြကို ဆက္လုပ္သြားဖို႔ရွိမယ္၊ ေလာေလာဆယ္ ႐ိုက္ဖို႔ေျပာထားတာေလးေတြေတာ့ ရွိေနေသးတယ္၊ အေျခအေနကိုေစာင့္ဆိုင္းေနရတဲ့ အေနအထားရွိပါတယ္၊ ပီျပင္ေအာင္လုပ္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ရတာေတြေၾကာင့္လည္း ႀကိဳၿပီးျပင္ရတဲ့အပိုင္းေတြကေတာ့ ရွိတာေပါ့ေနာ္” လို႔ ၎ကရွင္းျပပါတယ္။
 
သူမဟာ ဒုတိယႏွစ္ E major အထူးျပဳဘာသာရပ္နဲ႔ ဒဂုံတကၠသိုလ္မွာ ပညာသင္ယူေနသူလည္းျဖစ္သလို တိုက္ကြမ္ဒိုအားကစားကို ကြၽမ္းက်င္တတ္ေျမာက္ထားသူလည္းျဖစ္ပါတယ္။
 
အက္ရွင္ဇာတ္ကားေတြထဲမွာ ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္လည္း အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္မႈေတြရလာခဲ့သူျဖစ္ၿပီး CANAL+ ႐ုပ္သံလိုင္းက ထုတ္လႊင့္တဲ့ “ေလာကႀကိဳးဝိုင္း” ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားသလို ပရိသတ္အားေပးမႈေတြ ဆက္လက္ရေနတယ္လို႔ သိရပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၇