ပရိသတ်အတွက် အကျိုးရှိမယ့်ဇာတ်ကားမျိုး ဖန်တီးချင်တဲ့ ဟိန်းဝေယံ

ပရိသတ်အတွက် အကျိုးရှိမယ့်ဇာတ်ကားမျိုး  ဖန်တီးချင်တဲ့ ဟိန်းဝေယံ

သရုပ်ဆောင် ဟိန်းဝေယံဟာ ယခုဆိုရင် သရုပ်ဆောင်အလုပ်သာမက ဒါရိုက်တာ အလုပ်ကိုလည်း ကိုယ်တိုင် လုပ်ကိုင်နေတာကြောင့် ပရိသတ်အတွက် အကျိုးရှိစေမယ့် ဇာတ်ကားမျိုးကိုသာ ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်ကိုယ်တိုင်လည်း ပရိသတ်အတွက် အကျိုးမရှိတဲ့ ကားမျိုးတော့ သရုပ်မဆောင်ဘူး၊ အဲ့ဒီလိုပဲ ဒါရိုက်တာ လုပ်နေတဲ့အခါမှာလည်း အကျိုးမရှိတာမရိုက်ဘူး၊ ပရိသတ်က ဇာတ်ကားကို ကြည့်တယ်ဆိုတာ အချိန်ကုန်ခံငွေကုန်ခံပြီး ကြည့်တာလေ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီအတွက် ကျွန်တော်ကတော့ ပရိသတ်ကို တစ်ခုခု ပြန်ရသွားစေချင်တယ်၊ အကျိုးရှိသွားစေတယ်ပေါ့ဗျာ”လို့လည်း သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။

 မေလ ၁၂ရက်လည်း သူ့ရဲ့အသက် ၃၀နှစ်ပြည့် မွေးနေ့အလှူပွဲကို ရန်ကုန်မြို့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးထဲမှာရှိတဲ့ ပင်မဆောင်၊ ဦးနှောက်နဲ့အာရုံကြောဌာန၊ ကင်ဆာဌာနတွေမှာ လူနာတွေနဲ့ ဆေးရုံစောင့် တွေအပါအဝင် လာသမျှလူအကုန်လုံးကို ခေါက်ဆွဲကြော်၊ ကြာဆံကြော်နဲ့ အချိုရည်တွေကို စတုဒီသာအဖြစ် ပေးဝေတာတွေကို လုပ်ဆောင်ခဲ့ပြီး လူပေါင်း ၁၂၀၀ စာအတွက် ပေးဝေခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်အသက်အရွယ်က ပြောရရင် ထိပ်စီးပြောင်းသွားပြီပေါ့၊ ဒါပေမဲ့ စိတ်ထဲမှာတော့ ၁၈ နှစ်လောက်ပဲ ဖြစ်စေချင်တာပါ၊ အခုလို အလှူအတန်းတွေနဲ့ ဖြတ်သန်းရတာကို အတိုင်းမသိလည်း ပျော်ရွှင်မိတယ်၊ အသက် တစ်နှစ်ကြီးလာတဲ့အတွက် တတ်နိုင်သမျှတော့ ဘာလုပ်လုပ် အမှားနည်းအောင်တော့ ကြိုးစားပါတယ်၊ သရုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် အရည်အသွေး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ၊ အရည်သွေးဆိုတဲ့အနေရာမှာ ဇာတ်ကားရဲ့ ဇာတ်လမ်းတွေရဲ့ဖန်တီးတည်ဆောက်ပုံ အရည်အသွေးတွေ အပါအဝင် ထုတ်လုပ်မှုတွေ အကုန်လုံးပါဝင်တာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

သူ့ရဲ့ မွေးနေ့နဲ့ အမေများနေ့တိုက်ဆိုင်ခဲ့သလို အမေများနေ့နဲ့ပတ်သက်လို့လည်း အမှတ်တရအနေနဲ့ သူက “အမေ စိတ်ချမ်းသာအောင်လို့လည်း ကြိုးစားနေပါတယ်၊ အရည်အချင်းရှိတဲ့ သားတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်၊ အမေလည်း ကျန်းမာပါစေ၊ ပျော်ရွှင်ပါစေ”လို့လည်း ပြောကြားခဲ့ပါတယ်။ မကြာခင်မှာ အချစ်ဇာတ်ကားတစ်ကား ရိုက်ကူးသွးဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း  
ရန်ကုန်၊ မေ ၁၃

(  Zawgyi  )

 သ႐ုပ္ေဆာင္ ဟိန္းေဝယံဟာ ယခုဆိုရင္ သ႐ုပ္ေဆာင္အလုပ္သာမက ဒါ႐ိုက္တာ အလုပ္ကိုလည္း ကိုယ္တိုင္ လုပ္ကိုင္ေနတာေၾကာင့္ ပရိသတ္အတြက္ အက်ိဳးရွိေစမယ့္ ဇာတ္ကားမ်ိဳးကိုသာ ႐ိုက္ကူးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ကိုယ္တိုင္လည္း ပရိသတ္အတြက္ အက်ိဳးမရွိတဲ့ ကားမ်ိဳးေတာ့ သ႐ုပ္မေဆာင္ဘူး၊ အဲ့ဒီလိုပဲ ဒါ႐ိုက္တာ လုပ္ေနတဲ့အခါမွာလည္း အက်ိဳးမရွိတာမ႐ိုက္ဘူး၊ ပရိသတ္က ဇာတ္ကားကို ၾကည့္တယ္ဆိုတာ အခ်ိန္ကုန္ခံေငြကုန္ခံၿပီး ၾကည့္တာေလ၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီအတြက္ ကြၽန္ေတာ္ကေတာ့ ပရိသတ္ကို တစ္ခုခု ျပန္ရသြားေစခ်င္တယ္၊ အက်ိဳးရွိသြားေစတယ္ေပါ့ဗ်ာ”လို႔လည္း သ႐ုပ္ေဆာင္ ဟိန္းေဝယံက ေျပာပါတယ္။

 ေမလ ၁၂ရက္လည္း သူ႔ရဲ႕အသက္ ၃၀ႏွစ္ျပည့္ ေမြးေန႔အလႉပြဲကို ရန္ကုန္ၿမိဳ႕က ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးထဲမွာရွိတဲ့ ပင္မေဆာင္၊ ဦးေႏွာက္နဲ႔အာ႐ုံေၾကာဌာန၊ ကင္ဆာဌာနေတြမွာ လူနာေတြနဲ႔ ေဆး႐ုံေစာင့္ ေတြအပါအဝင္ လာသမွ်လူအကုန္လုံးကို ေခါက္ဆြဲေၾကာ္၊ ၾကာဆံေၾကာ္နဲ႔ အခ်ိဳရည္ေတြကို စတုဒီသာအျဖစ္ ေပးေဝတာေတြကို လုပ္ေဆာင္ခဲ့ၿပီး လူေပါင္း ၁၂၀၀ စာအတြက္ ေပးေဝခဲ့တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္အသက္အ႐ြယ္က ေျပာရရင္ ထိပ္စီးေျပာင္းသြားၿပီေပါ့၊ ဒါေပမဲ့ စိတ္ထဲမွာေတာ့ ၁၈ ႏွစ္ေလာက္ပဲ ျဖစ္ေစခ်င္တာပါ၊ အခုလို အလႉအတန္းေတြနဲ႔ ျဖတ္သန္းရတာကို အတိုင္းမသိလည္း ေပ်ာ္႐ႊင္မိတယ္၊ အသက္ တစ္ႏွစ္ႀကီးလာတဲ့အတြက္ တတ္ႏိုင္သမွ်ေတာ့ ဘာလုပ္လုပ္ အမွားနည္းေအာင္ေတာ့ ႀကိဳးစားပါတယ္၊ သ႐ုပ္ေဆာင္တာပဲ ျဖစ္ျဖစ္၊ ဇာတ္ကား႐ိုက္တာပဲျဖစ္ျဖစ္ အရည္အေသြး အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ၊ အရည္ေသြးဆိုတဲ့အေနရာမွာ ဇာတ္ကားရဲ႕ ဇာတ္လမ္းေတြရဲ႕ဖန္တီးတည္ေဆာက္ပုံ အရည္အေသြးေတြ အပါအဝင္ ထုတ္လုပ္မႈေတြ အကုန္လုံးပါဝင္တာ ျဖစ္ပါတယ္”လို႔ သူက ေျပာပါတယ္။

သူ႔ရဲ႕ ေမြးေန႔နဲ႔ အေမမ်ားေန႔တိုက္ဆိုင္ခဲ့သလို အေမမ်ားေန႔နဲ႔ပတ္သက္လို႔လည္း အမွတ္တရအေနနဲ႔ သူက “အေမ စိတ္ခ်မ္းသာေအာင္လို႔လည္း ႀကိဳးစားေနပါတယ္၊ အရည္အခ်င္းရွိတဲ့ သားတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္၊ အေမလည္း က်န္းမာပါေစ၊ ေပ်ာ္႐ႊင္ပါေစ”လို႔လည္း ေျပာၾကားခဲ့ပါတယ္။ မၾကာခင္မွာ အခ်စ္ဇာတ္ကားတစ္ကား ႐ိုက္ကူးသြးဖို႔အတြက္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း  
ရန္ကုန္၊ ေမ ၁၃