ပရိသတ်အားပေးမှုမရတော့ရင် ရပ်တည်နိုင်ဖို့ စီးပွားရေး လုပ်ငန်း တွဲဖက်လုပ်ကိုင်နေတယ်ဆိုတဲ့ သရုပ်ဆောင် နေမျိုးအောင်

 ပရိသတ်အားပေးမှုမရတော့ရင် ရပ်တည်နိုင်ဖို့ စီးပွားရေး လုပ်ငန်း တွဲဖက်လုပ်ကိုင်နေတယ်ဆိုတဲ့ သရုပ်ဆောင် နေမျိုးအောင်

အနုပညာလောကမှာ ပရိသတ်အားပေးမှုကို မရတော့တဲ့ အခါ ရပ်တည်နေနိုင်ဖို့အတွက် စီးပွားရေး လုပ်ငန်း ကိုလည်း ပူးတွဲ လုပ်ကိုင်နေရတယ်လို့ သရုပ်ဆောင် နေမျိုးအောင်က ပြောပါတယ်။

"ကျောထောက်နောက်ခံ အနေနဲ့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်၊ ကျွန်တော့် အမျိုးသမီးက စိုက်ပျိုးရေး ဝါသနာ ပါတာကြောင့်လည်း ဟိုတယ်လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်နေ တာပါ၊ အနုပညာ အနေနဲ့က သရုပ်ဆောင်ထားတဲ့ ကားတွေတော့ ရှိပါသေးတယ်၊ ဘယ်တော့ ရုံတင်မလဲတော့ မသိဘူးပေါ့လေ"လို့လည်း သရုပ်ဆောင် နေမျိုးအောင်က ဆိုပါတယ်။ သူ့အနေနဲ့ ပုပ္ပား ဒေသမှာ "နေမင်းသား"လို့ နာမည်ရတဲ့ ဟိုတယ်ကို ဖွင့်လှစ် ထားတဲ့အပြင် နဂါးမောက်သီး စိုက်ခင်းတွေ၊ ပန်းမန် စိုက်ခင်း တွေကိုလည်း စိုက်ပျိုးလုပ်ကိုင် နေတာဖြစ်ပါတယ်။

"ကျွန်တော်တို့ ဆီမှာက ဘယ်သရုပ်ဆောင်မှ ဆိုတာမျိုး အစွဲ လည်း ရှိပါတယ်၊ တစ်ချို့ဆိုရင် တဖြေးဖြေးနဲ့ မရိုက်ရတော့ တာမျိုးတွေလည်း ကိုယ့်ရှေ့မှာ မြင်ခဲ့တာတွေ အများကြီးပဲ၊ ဒါကြောင့် လည်း တစ်ဖက်တစ်လမ်းက ရပ်တည်နိုင်အောင် စီးပွားရေး လုပ်ငန်းလေးတစ်ခုနဲ့ နောက်ကနေ ထောက်ကန်ထားတာပါ၊ နဂါးမောက်သီးကတော့ အဖြူရော၊ အနီရော စိုက်ပါတယ်၊ နှစ်ခင်းစီ စိုက်ထားတယ်၊ ပန်းတွေလည်း စိုက်ထားတယ်၊ ပရိသတ်တွေ အနေနဲ့လည်း ပုပ္ပားဘက်ကို ရောက် ရင် လာရောက်အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"လို့ သူက ပြောပါတယ်။

လတ်တလောမှာ သရုပ်ဆောင်တဲ့အခါ ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေ သလို knowledge ပေးနိုင်သော ဇာတ်ကားမျိုးကိုသာ ရွေးချယ် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၈

(  Zawgyi  )

 အႏုပညာေလာကမွာ ပရိသတ္အားေပးမႈကို မရေတာ့တဲ့ အခါ ရပ္တည္ေနႏိုင္ဖို႔အတြက္ စီးပြားေရး လုပ္ငန္း ကိုလည္း ပူးတြဲ လုပ္ကိုင္ေနရတယ္လို႔ သ႐ုပ္ေဆာင္ ေနမ်ိဳးေအာင္က ေျပာပါတယ္။

"ေက်ာေထာက္ေနာက္ခံ အေနနဲ႔လည္း စီစဥ္ထားတာ ျဖစ္ပါတယ္၊ ကြၽန္ေတာ့္ အမ်ိဳးသမီးက စိုက္ပ်ိဳးေရး ဝါသနာ ပါတာေၾကာင့္လည္း ဟိုတယ္လုပ္ငန္းနဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းကို လုပ္ကိုင္ေန တာပါ၊ အႏုပညာ အေနနဲ႔က သ႐ုပ္ေဆာင္ထားတဲ့ ကားေတြေတာ့ ရွိပါေသးတယ္၊ ဘယ္ေတာ့ ႐ုံတင္မလဲေတာ့ မသိဘူးေပါ့ေလ"လို႔လည္း သ႐ုပ္ေဆာင္ ေနမ်ိဳးေအာင္က ဆိုပါတယ္။ သူ႔အေနနဲ႔ ပုပၸား ေဒသမွာ "ေနမင္းသား"လို႔ နာမည္ရတဲ့ ဟိုတယ္ကို ဖြင့္လွစ္ ထားတဲ့အျပင္ နဂါးေမာက္သီး စိုက္ခင္းေတြ၊ ပန္းမန္ စိုက္ခင္း ေတြကိုလည္း စိုက္ပ်ိဳးလုပ္ကိုင္ ေနတာျဖစ္ပါတယ္။

"ကြၽန္ေတာ္တို႔ ဆီမွာက ဘယ္သ႐ုပ္ေဆာင္မွ ဆိုတာမ်ိဳး အစြဲ လည္း ရွိပါတယ္၊ တစ္ခ်ိဳ႕ဆိုရင္ တေျဖးေျဖးနဲ႔ မ႐ိုက္ရေတာ့ တာမ်ိဳးေတြလည္း ကိုယ့္ေရွ႕မွာ ျမင္ခဲ့တာေတြ အမ်ားႀကီးပဲ၊ ဒါေၾကာင့္ လည္း တစ္ဖက္တစ္လမ္းက ရပ္တည္ႏိုင္ေအာင္ စီးပြားေရး လုပ္ငန္းေလးတစ္ခုနဲ႔ ေနာက္ကေန ေထာက္ကန္ထားတာပါ၊ နဂါးေမာက္သီးကေတာ့ အျဖဴေရာ၊ အနီေရာ စိုက္ပါတယ္၊ ႏွစ္ခင္းစီ စိုက္ထားတယ္၊ ပန္းေတြလည္း စိုက္ထားတယ္၊ ပရိသတ္ေတြ အေနနဲ႔လည္း ပုပၸားဘက္ကို ေရာက္ ရင္ လာေရာက္အပန္းေျဖလည္ပတ္ဖို႔ ဖိတ္ေခၚပါတယ္"လို႔ သူက ေျပာပါတယ္။

လတ္တေလာမွာ သ႐ုပ္ေဆာင္တဲ့အခါ ပရိသတ္အတြက္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေန သလို knowledge ေပးႏိုင္ေသာ ဇာတ္ကားမ်ိဳးကိုသာ ေ႐ြးခ်ယ္ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၈