ပိုက်ဆံရရေး၊ စတားဖြစ်ရေးမဟုတ်ဘဲ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုအတိုင်းသာ ဝါသနာအခြေခံ၍ အနုပညာဖန်တီးနေကြောင်း ဒါရိုက်တာ ခရစ္စတီးနားခီ မှ ပြောကြား

ပိုက်ဆံရရေး၊ စတားဖြစ်ရေးမဟုတ်ဘဲ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုအတိုင်းသာ ဝါသနာအခြေခံ၍ အနုပညာဖန်တီးနေကြောင်း ဒါရိုက်တာ ခရစ္စတီးနားခီ မှ ပြောကြား

အနုပညာအလုပ်တွေကို လက်ရှိလုပ်ကိုင်နေတာတွေဟာ ပိုက်ဆံရရေး၊ အောင်မြင်ကျော်ကြားတဲ့ စတားဖြစ်လာရေးအတွက် မဟုတ်ဘဲ သင်ကြားပေးခဲ့တဲ့ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုတွေအတိုင်း ဝါသနာကို အရင်းခံကာ ကြိုးစားနေတာဖြစ်တယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီ က ထုတ်ဖော်ပြောကြားပါတယ်။

ရန်ကုန်မြို့က သုဝဏ္ဏဘူမိ Event Park မှာ ဧပြီ ၅ရက် ညနေပိုင်းက ကျင်းပတဲ့ Star Awards ဆုပေးပွဲမှာ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် ရရှိခဲ့ပါတယ်။

“အဓိက ကတော့ ရုပ်ရှင်ဒီနေ့ဆုပေးပွဲမှာ Nomination ပါတဲ့သူတွေကို Congratulation ပါလို့ ပြောချင်ပါတယ်၊ ကျွန်မရဲ့ ဆရာသမားတွေအားလုံးက ကျွန်မတို့ကို ဆုံးမထားပါတယ်၊ ရုပ်ရှင်ရိုက်ချင်တယ်ဆိုလို့ရှိရင် ပိုက်ဆံရချင်တာလား၊ ဒါမှမဟုတ် စတားဖြစ်ခြင်တာလား၊ စတားဖြစ်ချင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်အတွက် ပိုက်ဆံရဖို့ လုပ်တာဆိုရင်တော့ လာမသင်ပါနဲ့ဆိုပြီး ပထမဦးဆုံးနေ့မှာ သွန်သင်ဆုံးမဖူးပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီ က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူမအနေနဲ့ နဂိုကတည်းက ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဝါသနာကို အရင်းခံပြီး ကြိုးစားကာ ပုံဖော်ဖန်တီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သူမအနေနဲ့ အခုလတ်တလော ကာလမှာ သရုပ်ဆောင် ဇဏ်ခီ နဲ့ ပိုင်ဖြိုးသု တို့ ပါဝင်ထားတဲ့ “ထာဝရနှောင်ကြိုး” လို့ နာမည်ရသော ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး ကချင်ပြည်နယ်ဘက်ကို သွားရောက်ရိုက်ကူးထားသလို ဇာတ်ကားအတွက် လိုအပ်တဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ထာဝရနှောင်ကြိုးက ပြီးသလောက်တော့ ဖြစ်နေပါပြီ၊ ပရိသတ်လက်ထဲကို မကြာခင်အရောက်ပေးပို့နိုင်ဖို့ ကြိုးပမ်းနေပါတယ်ရှင်၊ ဒီကားမှာက အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ရသတွေကို ခံစားနိုင်ဖို့ ကျွန်မတို့ရဲ့ ထာဝရနှောင်ကြိုး ရိုက်ကူးရေးအဖွဲ့တွေရော သရုပ်ဆောင်တွေရော ကြိုးစားနေကြပါတယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ - ၆

( Zawgyi )

အႏုပညာအလုပ္ေတြကို လက္ရွိလုပ္ကိုင္ေနတာေတြဟာ ပိုက္ဆံရေရး၊ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စတားျဖစ္လာေရးအတြက္ မဟုတ္ဘဲ သင္ၾကားေပးခဲ့တဲ့ ဆရာသမားေတြရဲ႕ ဆိုဆုံးမမႈေတြအတိုင္း ဝါသနာကို အရင္းခံကာ ႀကိဳးစားေနတာျဖစ္တယ္လို႔ ဒါ႐ိုက္တာ ခရစၥတီးနားခီ က ထုတ္ေဖာ္ေျပာၾကားပါတယ္။

ရန္ကုန္ၿမိဳ႕က သုဝဏၰဘူမိ Event Park မွာ ဧၿပီ ၅ရက္ ညေနပိုင္းက က်င္းပတဲ့ Star Awards ဆုေပးပြဲမွာ “ဥပါယ္တံမ်ဥ္” ႐ုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆုံး ဒါ႐ိုက္တာဆုအျဖစ္ ရရွိခဲ့ပါတယ္။

“အဓိက ကေတာ့ ႐ုပ္ရွင္ဒီေန႔ဆုေပးပြဲမွာ Nomination ပါတဲ့သူေတြကို Congratulation ပါလို႔ ေျပာခ်င္ပါတယ္၊ ကြၽန္မရဲ႕ ဆရာသမားေတြအားလုံးက ကြၽန္မတို႔ကို ဆုံးမထားပါတယ္၊ ႐ုပ္ရွင္႐ိုက္ခ်င္တယ္ဆိုလို႔ရွိရင္ ပိုက္ဆံရခ်င္တာလား၊ ဒါမွမဟုတ္ စတားျဖစ္ျခင္တာလား၊ စတားျဖစ္ခ်င္တာပဲျဖစ္ျဖစ္၊ ႐ုပ္ရွင္အတြက္ ပိုက္ဆံရဖို႔ လုပ္တာဆိုရင္ေတာ့ လာမသင္ပါနဲ႔ဆိုၿပီး ပထမဦးဆုံးေန႔မွာ သြန္သင္ဆုံးမဖူးပါတယ္” လို႔ ဒါ႐ိုက္တာ ခရစၥတီးနားခီ က ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူမအေနနဲ႔ နဂိုကတည္းက ဝါသနာပါတဲ့ အႏုပညာအလုပ္ကို ဝါသနာကို အရင္းခံၿပီး ႀကိဳးစားကာ ပုံေဖာ္ဖန္တီးေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

သူမအေနနဲ႔ အခုလတ္တေလာ ကာလမွာ သ႐ုပ္ေဆာင္ ဇဏ္ခီ နဲ႔ ပိုင္ၿဖိဳးသု တို႔ ပါဝင္ထားတဲ့ “ထာဝရေႏွာင္ႀကိဳး” လို႔ နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးေနၿပီး ကခ်င္ျပည္နယ္ဘက္ကို သြားေရာက္႐ိုက္ကူးထားသလို ဇာတ္ကားအတြက္ လိုအပ္တဲ့ ဖန္တီးမႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ထာဝရေႏွာင္ႀကိဳးက ၿပီးသေလာက္ေတာ့ ျဖစ္ေနပါၿပီ၊ ပရိသတ္လက္ထဲကို မၾကာခင္အေရာက္ေပးပို႔ႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္ရွင္၊ ဒီကားမွာက အရင္ဇာတ္ကားေတြနဲ႔မတူတဲ့ ရသေတြကို ခံစားႏိုင္ဖို႔ ကြၽန္မတို႔ရဲ႕ ထာဝရေႏွာင္ႀကိဳး ႐ိုက္ကူးေရးအဖြဲ႕ေတြေရာ သ႐ုပ္ေဆာင္ေတြေရာ ႀကိဳးစားေနၾကပါတယ္” လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ - ၆