ပိုပြီးယောကျ်ားပီသအောင် PrP ထိုးဖို့ စဉ်းစားမိတယ်ဆိုတဲ့ သီဟ

ပိုပြီးယောကျ်ားပီသအောင် PrP ထိုးဖို့ စဉ်းစားမိတယ်ဆိုတဲ့ သီဟ

ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် သီဟ ဟာ ယခုထက်ပိုမိုပြီး ယောကျ်ားပီသအောင် PrP ထိုးဖို့ စဉ်းစားမိတယ်လို့ ပြောပြပါတယ်။

အဆိုပါ PrP ဟာ သွေးရည်ကြည်ကုထုံးမျိုးဖြစ်သလို မျက်နှာအလှအပနဲ့ပတ်သက်ပြီး လုပ်ဆောင်ကြတာတွေရှိပေမယ့် အမျိုးသားတွေအတွက် ယောကျ်ားပီသဖို့ ထိုးနှံနိုင်တာကြောင့် ထိုးနှံဖို့ စဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်က စိတ်ဝင်စားတယ်၊ မရှက်တမ်း ပွင့်ပွင့်လင်းလင်းပြောရရင် ယောကျ်ားလေးတိုင်း ဒါကလိုအပ်တယ်၊ အများအားဖြင့် ကျွန်တော်တို့ ယောကျ်ားလေးတွေက w၀rry ရှိကြတယ်၊ မြန်တာတို့ကြာတာတို့ ဆိုတဲ့အတွက် ဈေးပေါပေါဆေးတွေ၊ မသုံးသင့်တဲ့ဆေးတွေ၊ သုံးပြီးတော့ မဖြစ်သင့်တာတွေဖြစ်ကြတယ်၊ ဒီမှာက US FDA က အသိအမှတ်ပြုရထားတယ်၊ အီတလီက ဆရာဝန်ကြီးတွေလုပ်ပေးတယ်၊ စရိတ်စကကြီးပေမယ့် ကိုယ့်အတွက်အန္တရာယ်မရှိဘူး၊ လုံးဝနောက်တစ်ကြိမ်ဆိုတာ လှည့်ကြည့်စရာမလိုဘူး၊ ထိုးဖို့ဆိုတာကလည်း ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ လုပ်ပေးတာ၊ မိန်းမ ကိုယ့်အနားက လုံးဝမခွဲချင်အောင် ထိုးမလားလို့ တွေးမိတယ်” လို့ ပန်းလှိုင်ဆေးရုံသို့ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် လာရောက်စဉ် ၎င်းက ပြောပြခဲ့တာဖြစ်ပါတယ်။

ထို PrP ဟာ လူရဲ့သွေးရည်ကြည်ကို ဆေးနဲ့ရောကာ လုပ်ဆောင်တာမျိုးဖြစ်သလို ပြည်တွင်းက Beauty Center တွေမှာ မျက်နှာအရေးအကြောင်းများ ကင်းစေအောင်၊ ဝက်ခြံအမာရွတ်၊ ချွေးပေါက်များအတွက်လည်းကောင်း၊ မျက်နှာအသားရေကြည်လင်ဖို့ အမည်းစက်များပျောက်ကင်းဖို့ အပါအဝင် အလှအပပိုင်းဆိုင်ရာအတွက် အသုံးပြုနေသလို ပုဂ္ဂလိကဆေးရုံကြီးအချို့တွင်လည်း အမျိုးသားများအနေဖြင့် ထိုးနှံနိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။သူ့အနေနဲ့ လက်ရှိမှာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေနဲ့ အလုပ်ရှုပ်နေပေမယ့် ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေလည်းရှိနေသလို နောက်ထပ်ရိုက်ကူးမယ့် ကားတွေအတွက် COVID 19 ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ Negative အဖြေ ရရှိထားတာကြောင့် အလွန်ဝမ်းသာနေတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၄

( Zawgyi )

ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် သီဟ ဟာ ယခုထက်ပိုမိုပြီး ယောက်ျားပီသအောင် PrP ထိုးဖို့ စဉ်းစားမိတယ်လို့ ပြောပြပါတယ်။

အဆိုပါ PrP ဟာ သွေးရည်ကြည်ကုထုံးမျိုးဖြစ်သလို မျက်နှာအလှအပနဲ့ပတ်သက်ပြီး လုပ်ဆောင်ကြတာတွေရှိပေမယ့် အမျိုးသားတွေအတွက် ယောက်ျားပီသဖို့ ထိုးနှံနိုင်တာကြောင့် ထိုးနှံဖို့ စဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်က စိတ်ဝင်စားတယ်၊ မရှက်တမ်း ပွင့်ပွင့်လင်းလင်းပြောရရင် ယောက်ျားလေးတိုင်း ဒါကလိုအပ်တယ်၊ အများအားဖြင့် ကျွန်တော်တို့ ယောက်ျားလေးတွေက w၀rry ရှိကြတယ်၊ မြန်တာတို့ကြာတာတို့ ဆိုတဲ့အတွက် ဈေးပေါပေါဆေးတွေ၊ မသုံးသင့်တဲ့ဆေးတွေ၊ သုံးပြီးတော့ မဖြစ်သင့်တာတွေဖြစ်ကြတယ်၊ ဒီမှာက US FDA က အသိအမှတ်ပြုရထားတယ်၊ အီတလီက ဆရာဝန်ကြီးတွေလုပ်ပေးတယ်၊ စရိတ်စကကြီးပေမယ့် ကိုယ့်အတွက်အန္တရာယ်မရှိဘူး၊ လုံးဝနောက်တစ်ကြိမ်ဆိုတာ လှည့်ကြည့်စရာမလိုဘူး၊ ထိုးဖို့ဆိုတာကလည်း ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ လုပ်ပေးတာ၊ မိန်းမ ကိုယ့်အနားက လုံးဝမခွဲချင်အောင် ထိုးမလားလို့ တွေးမိတယ်” လို့ ပန်းလှိုင်ဆေးရုံသို့ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် လာရောက်စဉ် ၎င်းက ပြောပြခဲ့တာဖြစ်ပါတယ်။


 မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၄