ပေါကားလို့ပြောနေမယ့်အစား ခဏတာလေး ပျော်ရွှင်ရယ်မောခြင်းက ပိုစိတ်ချမ်းသာနိုင် တယ်လို့ သရုပ်ဆောင် မေပန်းချီ ဆို

ပေါကားလို့ပြောနေမယ့်အစား ခဏတာလေး ပျော်ရွှင်ရယ်မောခြင်းက ပိုစိတ်ချမ်းသာနိုင် တယ်လို့ သရုပ်ဆောင် မေပန်းချီ ဆို

မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသဇာတ်ကားတွေနဲ့ပတ်သက်လို့ ပေါကားလို့ပြောနေမယ့်အစား ခဏတာလေး ပျော်ရွှင်ရယ်မောရတာကို စိတ်ချမ်းသာကျေနပ်သင့်ကြောင်း သရုပ်ဆောင် မေပန်းချီက ပြောပါတယ်။

“ပန်းချီက ပွဲတွေသိပ်မတက်ဖြစ်ဘူး၊ Press Show တွေဆို သိပ်မလာဖြစ်ဘူး၊ ကြိုက်တဲ့ကားတွေ ဆိုရင် ရောက်အောင်ကို လာတယ်၊ တစ်ချို့ ဝေဖန်ကြတယ်၊ ဟာသကားတွေကို ပေါပေါလောလောနဲ့ ရိုက်ကြ တယ်တဲ့၊ ပန်းချီကတော့ ခံယူထားတယ်၊ ကိုယ်ကြည့်လိုက်တဲ့အချိန်မှာ ခဏလေးပျော်သွားတယ် စိတ်ချမ်းသာ သွားရင် အသက်ရှည်မယ်၊ မြန်မာပေါကားလို့ ပြောနေတဲ့ သူတွေကို ပြောချင်တာက ဘယ်သူမှ အပြစ်မတင်ဘဲနဲ့ ကိုယ်ကြည့်လိုက်တဲ့အချိန် ရယ်ရတယ်၊ ပျော်ရွှင်ရတယ်၊ စိတ်ချမ်းသာတယ်ဆိုရင် အကျိုးရှိပါတယ်၊ တန်လည်းတန်ပါတယ်လို့၊ ကျေနပ်ကြပါလို့လေ”ဆိုပြီး သရုပ်ဆောင် မေပန်းချီက ပြောကြားပါတယ်။

သူမအနေနဲ့ လတ်တလောမှာ ဇာတ်ကားရိုက်ကူးမှုနည်းပါးနေသလို ဆိုင်ဖွင့်ပွဲတက်ရောက်တာတွေ၊ Photo Shooting တွေ၊ ရှိုးပွဲမှာ သီချင်းသီဆိုတာတွေနဲ့ လုပ်ကိုင်နေကြောင်း၊ နယ်ရှိုးပွဲတွေမှာ သီချင်းတွေကို သီဆိုတာတွေရှိပေမယ့် အဆိုတော်အဖြစ်ရပ်တည်မှာ မဟုတ်ဘူးလို့လည်း ဆိုပါသေးတယ်။ သူမမှာ တေးသီချင်း တစ်ပုဒ်စီစဉ်ထားပေမယ့် မိမိရဲ့ အသံကို အားရတာမျိုးမရှိသေးတာကြောင့် အခွေထုတ်ဖို့ အထိတော့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောပါသေးတယ်။ “သရုပ်ဆောင်ပိုင်းကို အားသန်တယ်၊ အဲ့ဒါကိုပဲ ဖြစ်အောင်လုပ်မယ်၊ နောက်တစ်ခုက နေရာတစ်ခုမှာ ခိုင်ခိုင်မာမာမလုပ်ဘဲ နောက်တစ်ခုကို ခုန်ကူးရရင် လူလည်းအရမ်းပင်ပန်းတယ်၊ ပိုက်ဆံလည်းအရမ်းကုန်တယ်၊ ထိရောက်မှုမရှိဘူး၊ အဲ့ဒီတော့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကိုပဲ ပိုလုပ်တယ်၊ သီချင်းဆိုတဲ့ အခါကျတော့ နယ်ပွဲမှာ ကိုယ်ဆိုနေတဲ့ သီချင်းကိုဆိုတဲ့ အဆိုတော်ပါလာလို့ ကိုယ်ရှောင်လိုက်ရတာတွေ သိမ်ငယ်ရတဲ့ အပိုင်းလေးတွေပဲရှိတယ်၊ သီချင်းကတော့ ကိုယ့်ဟာကိုယ် နားထောင်ဖို့ လုပ်တာပါ၊ ပရိသတ်တွေ အနေနဲ့တော့ ကြိုက်မယ်မထင်ဘူး၊ ပန်းချီက အသံကောင်းတဲ့အထဲမှာ မပါဘူး၊ ယောကျ်ားသံကြီးနဲ့ဖြစ်နေတာ၊ သီချင်းတော့ လုပ်ချင်တယ်၊ တစ်ပုဒ်လောက် ပါပဲ အများကြီးတော့ မလုပ်ဖြစ်ပါဘူး”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဟာသဇာတ္ကားေတြနဲ႔ပတ္သက္လို႔ ေပါကားလို႔ေျပာေနမယ့္အစား ခဏတာေလး ေပ်ာ္႐ႊင္ရယ္ေမာရတာကို စိတ္ခ်မ္းသာေက်နပ္သင့္ေၾကာင္း သ႐ုပ္ေဆာင္ ေမပန္းခ်ီက ေျပာပါတယ္။

“ပန္းခ်ီက ပြဲေတြသိပ္မတက္ျဖစ္ဘူး၊ Press Show ေတြဆို သိပ္မလာျဖစ္ဘူး၊ ႀကိဳက္တဲ့ကားေတြ ဆိုရင္ ေရာက္ေအာင္ကို လာတယ္၊ တစ္ခ်ိဳ႕ ေဝဖန္ၾကတယ္၊ ဟာသကားေတြကို ေပါေပါေလာေလာနဲ႔ ႐ိုက္ၾက တယ္တဲ့၊ ပန္းခ်ီကေတာ့ ခံယူထားတယ္၊ ကိုယ္ၾကည့္လိုက္တဲ့အခ်ိန္မွာ ခဏေလးေပ်ာ္သြားတယ္ စိတ္ခ်မ္းသာ သြားရင္ အသက္ရွည္မယ္၊ ျမန္မာေပါကားလို႔ ေျပာေနတဲ့ သူေတြကို ေျပာခ်င္တာက ဘယ္သူမွ အျပစ္မတင္ဘဲနဲ႔ ကိုယ္ၾကည့္လိုက္တဲ့အခ်ိန္ ရယ္ရတယ္၊ ေပ်ာ္႐ႊင္ရတယ္၊ စိတ္ခ်မ္းသာတယ္ဆိုရင္ အက်ိဳးရွိပါတယ္၊ တန္လည္းတန္ပါတယ္လို႔၊ ေက်နပ္ၾကပါလို႔ေလ”ဆိုၿပီး သ႐ုပ္ေဆာင္ ေမပန္းခ်ီက ေျပာၾကားပါတယ္။

သူမအေနနဲ႔ လတ္တေလာမွာ ဇာတ္ကား႐ိုက္ကူးမႈနည္းပါးေနသလို ဆိုင္ဖြင့္ပြဲတက္ေရာက္တာေတြ၊ Photo Shooting ေတြ၊ ရႈိးပြဲမွာ သီခ်င္းသီဆိုတာေတြနဲ႔ လုပ္ကိုင္ေနေၾကာင္း၊ နယ္ရႈိးပြဲေတြမွာ သီခ်င္းေတြကို သီဆိုတာေတြရွိေပမယ့္ အဆိုေတာ္အျဖစ္ရပ္တည္မွာ မဟုတ္ဘူးလို႔လည္း ဆိုပါေသးတယ္။ သူမမွာ ေတးသီခ်င္း တစ္ပုဒ္စီစဥ္ထားေပမယ့္ မိမိရဲ႕ အသံကို အားရတာမ်ိဳးမရွိေသးတာေၾကာင့္ အေခြထုတ္ဖို႔ အထိေတာ့ လုပ္ေဆာင္မွာမဟုတ္ဘူးလို႔ ေျပာပါေသးတယ္။ “သ႐ုပ္ေဆာင္ပိုင္းကို အားသန္တယ္၊ အဲ့ဒါကိုပဲ ျဖစ္ေအာင္လုပ္မယ္၊ ေနာက္တစ္ခုက ေနရာတစ္ခုမွာ ခိုင္ခိုင္မာမာမလုပ္ဘဲ ေနာက္တစ္ခုကို ခုန္ကူးရရင္ လူလည္းအရမ္းပင္ပန္းတယ္၊ ပိုက္ဆံလည္းအရမ္းကုန္တယ္၊ ထိေရာက္မႈမရွိဘူး၊ အဲ့ဒီေတာ့ ကိုယ္လုပ္ႏိုင္တဲ့ အပိုင္းကိုပဲ ပိုလုပ္တယ္၊ သီခ်င္းဆိုတဲ့ အခါက်ေတာ့ နယ္ပြဲမွာ ကိုယ္ဆိုေနတဲ့ သီခ်င္းကိုဆိုတဲ့ အဆိုေတာ္ပါလာလို႔ ကိုယ္ေရွာင္လိုက္ရတာေတြ သိမ္ငယ္ရတဲ့ အပိုင္းေလးေတြပဲရွိတယ္၊ သီခ်င္းကေတာ့ ကိုယ့္ဟာကိုယ္ နားေထာင္ဖို႔ လုပ္တာပါ၊ ပရိသတ္ေတြ အေနနဲ႔ေတာ့ ႀကိဳက္မယ္မထင္ဘူး၊ ပန္းခ်ီက အသံေကာင္းတဲ့အထဲမွာ မပါဘူး၊ ေယာက်္ားသံႀကီးနဲ႔ျဖစ္ေနတာ၊ သီခ်င္းေတာ့ လုပ္ခ်င္တယ္၊ တစ္ပုဒ္ေလာက္ ပါပဲ အမ်ားႀကီးေတာ့ မလုပ္ျဖစ္ပါဘူး”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း