ပြိုင်ပွဲတွေဝင်ပြိုင်ရင်း အကြွေးတင်ခဲ့ရတယ်ဆိုတဲ့ တေးသံရှင် ဘဝ

ပြိုင်ပွဲတွေဝင်ပြိုင်ရင်း အကြွေးတင်ခဲ့ရတယ်ဆိုတဲ့ တေးသံရှင် ဘဝ

ဂီတလောကမှာ အောင်မြင်တဲ့နေရာတစ်ခုရရှိဖို့ ကြိုးစားနေတဲ့ တေးသံရှင် ဘ၀ဟာ ပြိုင်ပွဲတွေ ဝင်ပြိုင်လိုက်တာကြောင့် အခုလိုကာလမှာ အကြွေးတွေတင်သွားတဲ့အခြေအနေမျိုး ကြုံနေရတယ်လို့ ပြောပါတယ်။

သူဟာ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိထားသူဖြစ်သော်လည်း တေးသီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း မျှော်မှန်းသလို Winner အဆင့်အထိ မရောက်ဘဲ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

“အခုမှ စိတ်ထိခိုက်တာလေး လျော့သွားတာပေါ့၊ ကိုယ်မျှော်လင့်ထားသလိုမဖြစ်ခဲ့ဘူး၊ ကိုယ်မျှော်မှန်းတာထက် ၈၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်ခဲ့တယ်၊ ကိုယ့်ရဲ့ကံက ဒီလောက်ပဲပါလာတာ၊ ပြိုင်ပွဲဝင်ပြိုင်လိုက်တာ အကြွေးတွေအများကြီးတင်သွားတယ်၊ ဟိုတစ်ယောက်ဆီကလှည့်ချေး ဒီတစ်ယောက်ဆီကလှည့်ချေးလိုက်နဲ့ လုပ်ခဲ့ရတယ်၊ သူငယ်ချင်းတွေကလည်းကောင်းတယ်၊ ထုတ်ချေးကြတယ်၊ အဲ့အကြွေးတွေကို ကျွန်တော်ပြန်ဆပ်မှာပါ ယုံကြည်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ တေးသံရှင် ဘ၀ က ရှင်းပြပါတယ်။

အခုဆိုရင် သူ့ကိုအားပေးတဲ့ပရိသတ်တွေအခိုင်အမာရလာခဲ့သလို သူရဲ့ တေးသီချင်းတွေထဲက “ရွှေလက်တွဲ” လို့ နာမည်ရတဲ့ တေးသီချင်းဟာ အွန်လိုင်းမှာ ပရိသတ်နှစ်သက်မှုများနေတဲ့ တေးသီချင်းလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

“ပြိုင်ပွဲကြောင့် အခုက ကျွန်တော့်ကို တစ်နိုင်ငံလုံးက သိသွားတယ်ထင်တယ်၊ အခွေတွေလည်း ပေါက်သွားတယ်၊ ဒါပေမဲ့ အခုထိ အကြွေးကတော့ မကျေသေးဘူး၊ Winner ဖြစ်ခဲ့ရင် ကျွန်တော့်အမေကို အိမ်လေးဆောက်ချင်တာလေးက မဖြစ်တော့ဘူး၊ ကံပေးသလောက်ပဲရခဲ့တယ်၊ ထပ်ကြိုးစားမယ်၊ ရည်မှန်းချက်ကို သွားတော့သွားနေတယ်၊ ဘယ်အချိန်ရောက်မလဲမသိဘူး၊ ကျွန်တော်က ညီအစ်ကိုမောင်နှမများတော့ အိမ်ရဲ့စားဝတ်နေရေးလေးရှိတော့ အခုအထိ မိန်းမမယူသေးတာပါ၊ ပြင်ဦးလွင်ပြန်ရောက်တာနဲ့ သီချင်းတွေရေးမယ်၊ မတွေ့တာကြာပြီဖြစ်တဲ့ အမေရဲ့အနားမှာ အနီးကပ်ပြုစုနေထိုင်မယ်၊ ရှေ့ဆက်ပြီးတော့လည်း ကိုယ်ပိုင်သီချင်းတွေနဲ့ အသက်ရှင်နေပါမယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ဘဝ)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၇

( Zawgyi )

ဂီတေလာကမွာ ေအာင္ျမင္တဲ့ေနရာတစ္ခုရရွိဖို႔ ႀကိဳးစားေနတဲ့ ေတးသံရွင္ ဘ၀ဟာ ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္လိုက္တာေၾကာင့္ အခုလိုကာလမွာ အေႂကြးေတြတင္သြားတဲ့အေျခအေနမ်ိဳး ႀကဳံေနရတယ္လို႔ ေျပာပါတယ္။

သူဟာ တစ္ကိုယ္ေတာ္ ေတးအယ္လ္ဘမ္ ထြက္ရွိထားသူျဖစ္ေသာ္လည္း ေတးသီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ရင္း ေမွ်ာ္မွန္းသလို Winner အဆင့္အထိ မေရာက္ဘဲ ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာခဲ့ရသူတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

“အခုမွ စိတ္ထိခိုက္တာေလး ေလ်ာ့သြားတာေပါ့၊ ကိုယ္ေမွ်ာ္လင့္ထားသလိုမျဖစ္ခဲ့ဘူး၊ ကိုယ္ေမွ်ာ္မွန္းတာထက္ ၈၀ ရာခိုင္ႏႈန္းေလာက္ပဲ လုပ္ႏိုင္ခဲ့တယ္၊ ကိုယ့္ရဲ႕ကံက ဒီေလာက္ပဲပါလာတာ၊ ၿပိဳင္ပြဲဝင္ၿပိဳင္လိုက္တာ အေႂကြးေတြအမ်ားႀကီးတင္သြားတယ္၊ ဟိုတစ္ေယာက္ဆီကလွည့္ေခ်း ဒီတစ္ေယာက္ဆီကလွည့္ေခ်းလိုက္နဲ႔ လုပ္ခဲ့ရတယ္၊ သူငယ္ခ်င္းေတြကလည္းေကာင္းတယ္၊ ထုတ္ေခ်းၾကတယ္၊ အဲ့အေႂကြးေတြကို ကြၽန္ေတာ္ျပန္ဆပ္မွာပါ ယုံၾကည္ေပးၾကပါလို႔ ေျပာခ်င္ပါတယ္” လို႔ ေတးသံရွင္ ဘ၀ က ရွင္းျပပါတယ္။

အခုဆိုရင္ သူ႔ကိုအားေပးတဲ့ပရိသတ္ေတြအခိုင္အမာရလာခဲ့သလို သူရဲ႕ ေတးသီခ်င္းေတြထဲက “ေ႐ႊလက္တြဲ” လို႔ နာမည္ရတဲ့ ေတးသီခ်င္းဟာ အြန္လိုင္းမွာ ပရိသတ္ႏွစ္သက္မႈမ်ားေနတဲ့ ေတးသီခ်င္းလည္း ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

“ၿပိဳင္ပြဲေၾကာင့္ အခုက ကြၽန္ေတာ့္ကို တစ္ႏိုင္ငံလုံးက သိသြားတယ္ထင္တယ္၊ အေခြေတြလည္း ေပါက္သြားတယ္၊ ဒါေပမဲ့ အခုထိ အေႂကြးကေတာ့ မေက်ေသးဘူး၊ Winner ျဖစ္ခဲ့ရင္ ကြၽန္ေတာ့္အေမကို အိမ္ေလးေဆာက္ခ်င္တာေလးက မျဖစ္ေတာ့ဘူး၊ ကံေပးသေလာက္ပဲရခဲ့တယ္၊ ထပ္ႀကိဳးစားမယ္၊ ရည္မွန္းခ်က္ကို သြားေတာ့သြားေနတယ္၊ ဘယ္အခ်ိန္ေရာက္မလဲမသိဘူး၊ ကြၽန္ေတာ္က ညီအစ္ကိုေမာင္ႏွမမ်ားေတာ့ အိမ္ရဲ႕စားဝတ္ေနေရးေလးရွိေတာ့ အခုအထိ မိန္းမမယူေသးတာပါ၊ ျပင္ဦးလြင္ျပန္ေရာက္တာနဲ႔ သီခ်င္းေတြေရးမယ္၊ မေတြ႕တာၾကာၿပီျဖစ္တဲ့ အေမရဲ႕အနားမွာ အနီးကပ္ျပဳစုေနထိုင္မယ္၊ ေရွ႕ဆက္ၿပီးေတာ့လည္း ကိုယ္ပိုင္သီခ်င္းေတြနဲ႔ အသက္ရွင္ေနပါမယ္” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ဘဝ)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၇