မိခင်ဖြစ်သူ ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်နေရကြောင်းပြောခဲ့တဲ့ တေလာဆွတ်ဖ်

 
မိခင်ဖြစ်သူ ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်နေရကြောင်းပြောခဲ့တဲ့ တေလာဆွတ်ဖ်

တေလာဆွတ်ဖ်ရဲ့အသက် ၆၁ နှစ်အရွယ် မိခင်ဖြစ်သူ အန်ဒရီရယ် ဆွတ် ဟာ ၂၀၁၅ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တေလာဆွတ်ဖ်ဟာ Elle မဂ္ဂဇင်း အတွက် သူမ အသက် ၃၀ မတိုင်ခင် ရခဲ့တဲ့ သင်ခန်းစာ ၃၀ ခုအကြောင်းကိုရေးသား ခဲ့ပါတယ်။ထိုစာထဲမှာ ကျွန်မဘဝရဲ့အခက်ခဲဆုံးသင်ခန်းစာဟာ မိသားစုမှာဖြစ်နေတဲ့ ဆိုးဝါးသည့်ရောဂါဝေဒနာ ကိုဘယ်လို ကိုင်တွယ်ရမလဲဆိုတာပါပဲ။

“ကျွန်မမိဘနစ်ပါးလုံးကကင်ဆာရောဂါဝေဒနာရှိတွေပါ။ကျွန်မမိခင်ကနောက်တစ်ကြိမ်ကင်ဆာနဲ့တိုက်ပွဲဝင်နေပါတယ်။ဒီကိစ္စနှင့်ပတ်သတ်ပြီးတော့ ကျွန်မရလိုက်တဲ့သင်ခန်းစာက လောကမှာ တကယ့်ပြဿနာနှင့်သာမည ပြဿနာ တွေရှိတယ်ဆိုတာပါပဲ။ အမေ့ရောဂါကလွဲရင် ကျန်တာအကုန်သာမညတွေပါ။ကျွန်မအရင်က တစ်နေ့လုံးမှာဖြစ်နေတဲ့ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေကြောင့်လည်း စိတ်ပူပန်ဖူး ပါတယ်။အခုတော့ကျွန်မစိတ်ပူပန်မှုတွေနှင့်ဆုတောင်းမှုတွေကိုအားလုံးတကယ့်ပြဿနာပေါ်မှာပဲထားရှိပါတော့တယ်”ရေးသားထားခဲ့ပါတယ်။

သူမမိခင်ဖြစ်သူပထမဦးဆုံးအကြိမ်ကင်ဆာရောဂါခံစားနေရတယ်လို့သိရခြင်းတုန်းက သူမပရိတ်သတ်တွေနဲ့ လူမှုကွန်ယက်မှနေ တဆင့် ဒီသတင်းဆိုးကြီးကိုမျှဝေခဲ့ပါတယ်။သူမက“ဆေးစစ်ချက်အဖြေတော့ထွက်လာပြီကျွန်မအရမ်းဝမ်းနည်းစွာနဲ့အမေ့မှာကင်ဆာဖြစ်နေကြောင်း
ပြောပြ ရပါတော့မယ်။

ကျွန်မအစကကျွန်မအမေရဲ့ရောဂါအခြေအနေနဲ့ကုထုံးနည်းလမ်းတွေကိုလူသိထင်ရှားမပြောချင်ပေမဲ့လည်းအမေကကတော့ကျွန်မပရိတ်သတ်တွေကိုသိစေချင်တဲ့အတွက်ကျွန်မပြောပြတာဖြစ်ပါတယ်”လို့ရေးခဲ့ပါတယ်။

TT 

(  Zawgyi  )

 ေတလာဆြတ္ဖ္ရဲ႕အသက္ ၆၁ ႏွစ္အ႐ြယ္ မိခင္ျဖစ္သူ အန္ဒရီရယ္ ဆြတ္ ဟာ ၂၀၁၅ ခုႏွစ္မွာ ကင္ဆာေရာဂါျဖစ္ေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ေတလာဆြတ္ဖ္ဟာ Elle မဂၢဇင္း အတြက္ သူမ အသက္ ၃၀ မတိုင္ခင္ ရခဲ့တဲ့ သင္ခန္းစာ ၃၀ ခုအေၾကာင္းကိုေရးသား ခဲ့ပါတယ္။ထိုစာထဲမွာ ကြၽန္မဘဝရဲ႕အခက္ခဲဆုံးသင္ခန္းစာဟာ မိသားစုမွာျဖစ္ေနတဲ့ ဆိုးဝါးသည့္ေရာဂါေဝဒနာ ကိုဘယ္လို ကိုင္တြယ္ရမလဲဆိုတာပါပဲ။

“ကြၽန္မမိဘနစ္ပါးလုံးကကင္ဆာေရာဂါေဝဒနာရွိေတြပါ။ကြၽန္မမိခင္ကေနာက္တစ္ႀကိမ္ကင္ဆာနဲ႔တိုက္ပြဲဝင္ေနပါတယ္။ဒီကိစၥႏွင့္ပတ္သတ္ၿပီးေတာ့ ကြၽန္မရလိုက္တဲ့သင္ခန္းစာက ေလာကမွာ တကယ့္ျပႆနာႏွင့္သာမည ျပႆနာ ေတြရွိတယ္ဆိုတာပါပဲ။ အေမ့ေရာဂါကလြဲရင္ က်န္တာအကုန္သာမညေတြပါ။ကြၽန္မအရင္က တစ္ေန႔လုံးမွာျဖစ္ေနတဲ့ဘာမဟုတ္တဲ့ကိစၥေသးေသးေလးေတြေၾကာင့္လည္း စိတ္ပူပန္ဖူး ပါတယ္။အခုေတာ့ကြၽန္မစိတ္ပူပန္မႈေတြႏွင့္ဆုေတာင္းမႈေတြကိုအားလုံးတကယ့္ျပႆနာေပၚမွာပဲထားရွိပါေတာ့တယ္”ေရးသားထားခဲ့ပါတယ္။

သူမမိခင္ျဖစ္သူပထမဦးဆုံးအႀကိမ္ကင္ဆာေရာဂါခံစားေနရတယ္လို႔သိရျခင္းတုန္းက သူမပရိတ္သတ္ေတြနဲ႔ လူမႈကြန္ယက္မွေန တဆင့္ ဒီသတင္းဆိုးႀကီးကိုမွ်ေဝခဲ့ပါတယ္။သူမက“ေဆးစစ္ခ်က္အေျဖေတာ့ထြက္လာၿပီကြၽန္မအရမ္းဝမ္းနည္းစြာနဲ႔အေမ့မွာကင္ဆာျဖစ္ေနေၾကာင္း
ေျပာျပ ရပါေတာ့မယ္။

ကြၽန္မအစကကြၽန္မအေမရဲ႕ေရာဂါအေျခအေနနဲ႔ကုထုံးနည္းလမ္းေတြကိုလူသိထင္ရွားမေျပာခ်င္ေပမဲ့လည္းအေမကကေတာ့ကြၽန္မပရိတ္သတ္ေတြကိုသိေစခ်င္တဲ့အတြက္ကြၽန္မေျပာျပတာျဖစ္ပါတယ္”လို႔ေရးခဲ့ပါတယ္။

TT