မိတ်ဆက်တော့မယ့် Mi Band 4

မိတ်ဆက်တော့မယ့် Mi Band 4

လက်ရှိအချိန်မှာတော့ Xiaomi ရဲ့ လက်ပတ်အသစ်ကို မိတ်ဆက်ဖို့အချိန် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နွေရာသီ အစောပိုင်းကာလကတော့ Mi Band 3 ကို ကျနော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာတော့ Xiaomi မှ Mi Band 4 ကို မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဇွန်လ ၁၁ ရက်မှာ မိတ်ဆက်မယ့် Mi Band 4 ဟာ ထွက်ရှိခဲ့သမျှ Mi Band တွေထဲမှာ ပထမဆုံး အရောင်အသွေးပါဝင်တဲ့ မျက်နှာပြင်ဖြစ်မယ်လို့ ဆိုပါတယ်။

Mi Band 4 ကို တရုတ်ပြည်တွင်းမှာ အရင်ဆုံး ဖြန့်ချီမိတ်ဆက်သွားမှာဖြစ်ပြီး၊ အခြားသော နိုင်ငံတွေကိုတော့ တစ်လ၊ နှစ်လအတွင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။နောက်ထပ်ကြားသိရတဲ့ သတင်းတွေအရ NFC version နဲ့ chip မပါဝင်တဲ့ ဈေးသက်သာတဲ့ version နှစ်မျိုးထွက်ရှိလာမယ်လို့လည်း ဆိုပါတယ်။

၎င်းရဲ့ specs တွေကတော့ 0.78" မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပြီး၊ ယခင် Mi Band တွေလိုပဲ ဆေးတောင့်ပုံစံပဲ ဖြစ်ပါတယ်။ဘက်ထရီအနေနဲ့ 135mAh ပါဝင်လာမှာဖြစ်ကာ Mi Band 3 ထက် စွမ်းဆောင်ရည် ပိုမိုလာပါတယ်။မျက်နှာပြင်တစ်ခုလုံး အရောင်အသွေးပါဝင်မှာဖြစ်ပြီး၊ Xiaomi ရဲ့ AI assistant ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

နောက်ထပ် ဘယ်လိုနည်းပညာတွေ ပါဝင်ဦးမလည်းဆိုတာတော့ ဇွန်လ ၁၁ ရက်မှာ ကျနော်တို့ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

လက္ရွိအခ်ိန္မွာေတာ့ Xiaomi ရဲ႕ လက္ပတ္အသစ္ကို မိတ္ဆက္ဖို႔အခ်ိန္ ေရာက္ရွိလာၿပီပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ေႏြရာသီ အေစာပိုင္းကာလကေတာ့ Mi Band 3 ကို က်ေနာ္တို႔ ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။လာမယ့္ ဇြန္လ ၁၁ ရက္ေန႔မွာေတာ့ Xiaomi မွ Mi Band 4 ကို မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။

ဇြန္လ ၁၁ ရက္မွာ မိတ္ဆက္မယ့္ Mi Band 4 ဟာ ထြက္ရွိခဲ့သမွ် Mi Band ေတြထဲမွာ ပထမဆုံး အေရာင္အေသြးပါဝင္တဲ့ မ်က္ႏွာျပင္ျဖစ္မယ္လို႔ ဆိုပါတယ္။

Mi Band 4 ကို တ႐ုတ္ျပည္တြင္းမွာ အရင္ဆုံး ျဖန႔္ခ်ီမိတ္ဆက္သြားမွာျဖစ္ၿပီး၊ အျခားေသာ ႏိုင္ငံေတြကိုေတာ့ တစ္လ၊ ႏွစ္လအတြင္းမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ေနာက္ထပ္ၾကားသိရတဲ့ သတင္းေတြအရ NFC version နဲ႔ chip မပါဝင္တဲ့ ေဈးသက္သာတဲ့ version ႏွစ္မ်ိဳးထြက္ရွိလာမယ္လို႔လည္း ဆိုပါတယ္။

၎ရဲ႕ specs ေတြကေတာ့ 0.78" မ်က္ႏွာျပင္ တပ္ဆင္ထားမွာျဖစ္ၿပီး၊ ယခင္ Mi Band ေတြလိုပဲ ေဆးေတာင့္ပုံစံပဲ ျဖစ္ပါတယ္။ဘက္ထရီအေနနဲ႔ 135mAh ပါဝင္လာမွာျဖစ္ကာ Mi Band 3 ထက္ စြမ္းေဆာင္ရည္ ပိုမိုလာပါတယ္။မ်က္ႏွာျပင္တစ္ခုလုံး အေရာင္အေသြးပါဝင္မွာျဖစ္ၿပီး၊ Xiaomi ရဲ႕ AI assistant ကိုလည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ဘယ္လိုနည္းပညာေတြ ပါဝင္ဦးမလည္းဆိုတာေတာ့ ဇြန္လ ၁၁ ရက္မွာ က်ေနာ္တို႔ ျမင္ေတြ႕ရမွာလည္း ျဖစ္ပါတယ္။

Damien