မီဂန် မာဂဲ အကြောင်းကိုပြောပြခဲ့တဲ့ သူမရဲ့ကျော်ကြားတဲ့ အတန်းဖော်ဟောင်း ကတ်သရင်းမက်ဖီးလ်

မီဂန် မာဂဲ အကြောင်းကိုပြောပြခဲ့တဲ့ သူမရဲ့ကျော်ကြားတဲ့ အတန်းဖော်ဟောင်း ကတ်သရင်းမက်ဖီးလ်

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့်လက်ထက်ပြီး စက်စစ်မြို့စားကတော်ဖြစ်လာတဲ့ မီဂန် မာဂဲ ကိုသူမငယ်ငယ်က အတန်းဖော် သူငယ်ချင်းတွေ ကမှတ်မိနေကြပါတယ်။ဒါပေမဲ့သူမအကြောင်းကိုသေချာသိနေပြီးသူမနဲ့ငယ်ဘဝပုံရိပ်တွေအထိပါမှတ်မိနေတဲ့ အတန်းဖော်ဟောင်း ကတ်သရင်းမက်ဖီးလ် ဟာမီဒီယာတွေကို မီဂန် အကြောင်းယခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်မ မီဂန် နဲ့တစ်ကျောင်းတည်းအတူတူတတ်ခဲ့တာပါ။မီဂန် က အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ပါရမီရှင်တစ်ယောက် ၊ အမြဲတမ်းအားလုံးထက်သာနေသူတစ်ယောက်ဖြစ်ပါတယ်။ကျွန်မတို့နစ်ယောက် ကျောင်းမှာ ဂီတ တွေအတူတူလုပ်ခဲ့ပါတယ်။သူကတော့ မြို့စားကတော်ဖြစ်ဖို့ကြီးပြင်းလာခဲ့ပြီး ကျွန်မကတော့ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။” ကတ်သရင်းမက်ဖီးလ် ဟာ American Idol အမှတ်စဉ် ၅ မှာ သူမဟာ ဒုတိယဆုသာရခဲ့ပေမဲ့ သူမရဲ့ထူးချွန်တဲ့ ဂီတ အရည်အချင်းကြောင့် ကိုယ်ပိုင် အယ်လ်ဘမ် တွေထုတ်ပြီး ရုပ်ရှင်တွေများလည်းသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်။

သူမကမီဂန် နဲ့သူမသူငယ်ချင်းများကိုသူမနဲ့အတူတူ အစီအစဉ်တွေမှာပါဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်။မီဂန် မာဂဲ ကို အတန်းဖော် ကတ်သရင်း ကသာမက သူငယ်ချင်းတွေဆီကပါ အမြဲလိုလို သူမဟာကြင်နာတတ်သူ ပျော်ပျော်နေတတ်သူ တစ်ကိုယ်ဆန်တဲ့စိတ်လုံးဝမရှိသူဟု အမြဲချီးမွန်းခံနေရသူတစ်ဦးဖြစ်ပါတယ်။
TT
 

(  Zawgyi   )

 ၿဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီႏွင့္လက္ထက္ၿပီး စက္စစ္ၿမိဳ႕စားကေတာ္ျဖစ္လာတဲ့ မီဂန္ မာဂဲ ကိုသူမငယ္ငယ္က အတန္းေဖာ္ သူငယ္ခ်င္းေတြ ကမွတ္မိေနၾကပါတယ္။ဒါေပမဲ့သူမအေၾကာင္းကိုေသခ်ာသိေနၿပီးသူမနဲ႔ငယ္ဘဝပုံရိပ္ေတြအထိပါမွတ္မိေနတဲ့ အတန္းေဖာ္ေဟာင္း ကတ္သရင္းမက္ဖီးလ္ ဟာမီဒီယာေတြကို မီဂန္ အေၾကာင္းယခုလိုေျပာၾကားခဲ့ပါတယ္။

“ကြၽန္မ မီဂန္ နဲ႔တစ္ေက်ာင္းတည္းအတူတူတတ္ခဲ့တာပါ။မီဂန္ က အရမ္းကိုခ်စ္ဖို႔ေကာင္းပါတယ္။ ပါရမီရွင္တစ္ေယာက္ ၊ အၿမဲတမ္းအားလုံးထက္သာေနသူတစ္ေယာက္ျဖစ္ပါတယ္။ကြၽန္မတို႔နစ္ေယာက္ ေက်ာင္းမွာ ဂီတ ေတြအတူတူလုပ္ခဲ့ပါတယ္။သူကေတာ့ ၿမိဳ႕စားကေတာ္ျဖစ္ဖို႔ႀကီးျပင္းလာခဲ့ၿပီး ကြၽန္မကေတာ့ နာမည္ေက်ာ္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။” ကတ္သရင္းမက္ဖီးလ္ ဟာ American Idol အမွတ္စဥ္ ၅ မွာ သူမဟာ ဒုတိယဆုသာရခဲ့ေပမဲ့ သူမရဲ႕ထူးခြၽန္တဲ့ ဂီတ အရည္အခ်င္းေၾကာင့္ ကိုယ္ပိုင္ အယ္လ္ဘမ္ ေတြထုတ္ၿပီး ႐ုပ္ရွင္ေတြမ်ားလည္းသ႐ုပ္ေဆာင္အျဖစ္ပါဝင္ခဲ့ပါတယ္။

သူမကမီဂန္ နဲ႔သူမသူငယ္ခ်င္းမ်ားကိုသူမနဲ႔အတူတူ အစီအစဥ္ေတြမွာပါဖို႔ကိုလည္းဖိတ္ေခၚထားပါတယ္။မီဂန္ မာဂဲ ကို အတန္းေဖာ္ ကတ္သရင္း ကသာမက သူငယ္ခ်င္းေတြဆီကပါ အၿမဲလိုလို သူမဟာၾကင္နာတတ္သူ ေပ်ာ္ေပ်ာ္ေနတတ္သူ တစ္ကိုယ္ဆန္တဲ့စိတ္လုံးဝမရွိသူဟု အၿမဲခ်ီးမြန္းခံေနရသူတစ္ဦးျဖစ္ပါတယ္။
TT