မြန်မာနဲ့ထိုင်း နှစ်နိုင်ငံပူူးပေါင်းရိုက်ကူးထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကား ဇွန်လ ၆ရက် မှ စတင်ကာ ရုံတင်ပြသမည်

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံပူူးပေါင်းရိုက်ကူးထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကား ဇွန်လ ၆ရက် မှ စတင်ကာ ရုံတင်ပြသမည်

မြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့ ထိုင်းနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၆ရက်မှ စတင်ကာ တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့စီစဉ်ထားပါတယ်။

“ဒီကားမှာက ကျွန်တော်တို့ဆီက သရုပ်ဆောင်တွေအပြင် ထိုင်းသရုပ်ဆောင်တစ်ချို့လည်း ပါပါတယ်၊ ရိုက်ကွင်း အများစုကိုတော့ ထိုင်းမှာသွားပြီးတော့ ရိုက်ကြတာဖြစ်ပါတယ်၊ သူတို့ဆီက သံရုံးကလည်း လိုအပ်တဲ့ အကူအညီတွေပေးတယ်၊ Location တွေကအစ ရှုခင်းတွေ အားလုံးဟာလည်း ပုံမှန်သမားရိုးကျ ဇာတ်ကား တွေမှာ မြင်ရတာမျိုးမဟုတ်ဘဲ ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ရရှိစေမှာဖြစ်ပါတယ်”လို့ ဒါရိုက်တာဖြစ်သူ ကိုပေါက်က  ရှင်းပြပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ ဇာတ်လမ်း ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ညီညီဘမောင်၊ မင်းသခင် တို့က ဖန်တီးကာ ဒါရိုက်တာ ကိုပေါက်က ရိုက်ကူူးထားပြီး ထိုင်းဘက်မှ Director of Photography ဖြစ်သူ Ridhuwan Bin Zainal Abidin နဲ့ တွဲဖက်ထုတ်လုပ်သူအဖြစ် Nang Parakern Bunyaa တို့က ပါဝင်ထားကြပါတယ်။ သရုပ်ဆောင်တွေအဖြစ် ပြေတီဦး၊ ကျော်ကျော်ဗိုလ်၊ ထူးအောင်၊ အိချောပို၊ Kaew Korravee, ခင်လှိုင်၊ Joker, Bank, P Nok, ညောင်ညောင်၊ Kညီ၊ ဇီးသီးတို့က ပါဝင်ထားကြပြီး Bo Bo Film Production မှ ထုတ်လုပ်ထားတဲ့ ဇာတ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီဇာတ်ကားက ကျွန်တော့်ထုတ်လုပ်မှုသက်တမ်းတစ်လျှောက်မှာ ပထမဆုံးပူးပေါင်းဆောင်ရွက်ဖြစ်တဲ့ ကားလေးပါပဲ၊ ထိုင်းဘက်ကနေ အစအဆုံး ဆင်ဆာတင်တာတွေကအစ အကုန်ကူညီပေးပါတယ်၊ ပါဝင်ကြတဲ့ Actor တွေအနေနဲ့လည်း တော်တော်လေး ပင်ပန်းကြပါတယ်၊ မနက် ၄ နာရီလောက်ကနေ အိပ်ရာထပြီး ည ၁၀ နာရီလောက်အထိ ရိုက်ကူးလုပ်ဆောင်ရတာဖြစ်လို့ တော်တော့်ကို ပင်ပန်းခံပြီး ရိုက်ကူးထားကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်”လို့ ဇာတ်ကားထုတ်လုပ်သူဖြစ်တဲ့ ကိုဘိုဆန်းက ရှင်းပြပါတယ်။

ထိုဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ကိုတော့ ဇွန်လ ၃ရက် ည ၇နာရီခွဲက ရန်ကုန်မြို့ အလံပြ ဘုရားလမ်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ ဇာတ်ကားထဲပါဝင်ကြတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံမှ အနုပညာရှင်တွေ၊ တခြားဖိတ်ကြားထားတဲ့ အနုပညာရှင်တွေအပြင် ယခင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးပိုက်ထွေးလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၄

(  Zawgyi  )

  ျမန္မာႏိုင္ငံကအႏုပညာရွင္ေတြနဲ႔ ထိုင္းႏိုင္ငံက အႏုပညာရွင္ေတြ ပူးေပါင္း႐ိုက္ကူးထားတဲ့ Lady Boy ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဇြန္လ ၆ရက္မွ စတင္ကာ တစ္ႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသဖို႔စီစဥ္ထားပါတယ္။

“ဒီကားမွာက ကြၽန္ေတာ္တို႔ဆီက သ႐ုပ္ေဆာင္ေတြအျပင္ ထိုင္းသ႐ုပ္ေဆာင္တစ္ခ်ိဳ႕လည္း ပါပါတယ္၊ ႐ိုက္ကြင္း အမ်ားစုကိုေတာ့ ထိုင္းမွာသြားၿပီးေတာ့ ႐ိုက္ၾကတာျဖစ္ပါတယ္၊ သူတို႔ဆီက သံ႐ုံးကလည္း လိုအပ္တဲ့ အကူအညီေတြေပးတယ္၊ Location ေတြကအစ ရႈခင္းေတြ အားလုံးဟာလည္း ပုံမွန္သမား႐ိုးက် ဇာတ္ကား ေတြမွာ ျမင္ရတာမ်ိဳးမဟုတ္ဘဲ ဆန္းသစ္တဲ့အေတြ႕အႀကဳံေတြကို ရရွိေစမွာျဖစ္ပါတယ္”လို႔ ဒါ႐ိုက္တာျဖစ္သူ ကိုေပါက္က  ရွင္းျပပါတယ္။

အဆိုပါ ႐ုပ္ရွင္ဇာတ္ကားဟာ ဇာတ္လမ္း ဓႏုတ္ကိုကိုေဇာ္၊ ဇာတ္ၫႊန္း သက္ဦးေမာင္၊ ညီညီဘေမာင္၊ မင္းသခင္ တို႔က ဖန္တီးကာ ဒါ႐ိုက္တာ ကိုေပါက္က ႐ိုက္ကူူးထားၿပီး ထိုင္းဘက္မွ Director of Photography ျဖစ္သူ Ridhuwan Bin Zainal Abidin နဲ႔ တြဲဖက္ထုတ္လုပ္သူအျဖစ္ Nang Parakern Bunyaa တို႔က ပါဝင္ထားၾကပါတယ္။ သ႐ုပ္ေဆာင္ေတြအျဖစ္ ေျပတီဦး၊ ေက်ာ္ေက်ာ္ဗိုလ္၊ ထူးေအာင္၊ အိေခ်ာပို၊ Kaew Korravee, ခင္လႈိင္၊ Joker, Bank, P Nok, ေညာင္ေညာင္၊ Kညီ၊ ဇီးသီးတို႔က ပါဝင္ထားၾကၿပီး Bo Bo Film Production မွ ထုတ္လုပ္ထားတဲ့ ဇာတ္ကားလည္းျဖစ္တယ္လို႔ သိရပါတယ္။

“ဒီဇာတ္ကားက ကြၽန္ေတာ့္ထုတ္လုပ္မႈသက္တမ္းတစ္ေလွ်ာက္မွာ ပထမဆုံးပူးေပါင္းေဆာင္႐ြက္ျဖစ္တဲ့ ကားေလးပါပဲ၊ ထိုင္းဘက္ကေန အစအဆုံး ဆင္ဆာတင္တာေတြကအစ အကုန္ကူညီေပးပါတယ္၊ ပါဝင္ၾကတဲ့ Actor ေတြအေနနဲ႔လည္း ေတာ္ေတာ္ေလး ပင္ပန္းၾကပါတယ္၊ မနက္ ၄ နာရီေလာက္ကေန အိပ္ရာထၿပီး ည ၁၀ နာရီေလာက္အထိ ႐ိုက္ကူးလုပ္ေဆာင္ရတာျဖစ္လို႔ ေတာ္ေတာ့္ကို ပင္ပန္းခံၿပီး ႐ိုက္ကူးထားၾကတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္”လို႔ ဇာတ္ကားထုတ္လုပ္သူျဖစ္တဲ့ ကိုဘိုဆန္းက ရွင္းျပပါတယ္။

ထိုဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ကိုေတာ့ ဇြန္လ ၃ရက္ ည ၇နာရီခြဲက ရန္ကုန္ၿမိဳ႕ အလံျပ ဘုရားလမ္းက သမၼတ႐ုပ္ရွင္႐ုံမွာ က်င္းပခဲ့ရာ ဇာတ္ကားထဲပါဝင္ၾကတဲ့ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံမွ အႏုပညာရွင္ေတြ၊ တျခားဖိတ္ၾကားထားတဲ့ အႏုပညာရွင္ေတြအျပင္ ယခင္ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဟာင္း ဦးပိုက္ေထြးလည္း တက္ေရာက္ခဲ့တာကို ေတြ႕ရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၄