မြန်မာ့ရုပ်ရှင်အတွက် အတွေ့အကြုံကောင်းတွေ ယူဆောင်လာနိုင်ခဲ့တယ်လို့ သရုပ်ဆောင် လူမင်းက ပြောကြား

မြန်မာ့ရုပ်ရှင်အတွက် အတွေ့အကြုံကောင်းတွေ ယူဆောင်လာနိုင်ခဲ့တယ်လို့ သရုပ်ဆောင် လူမင်းက ပြောကြား

အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ရိုက်ကူးနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြောင့်လည်း မြန်မာ့ရုပ်ရှင် လောကအတွက် အတွေ့အကြုံကောင်းတွေကို ယူဆောင်လာနိုင်ခဲ့တာဖြစ်တယ်လို့ သရုပ်ဆောင် လူမင်းက ပြောပါတယ်။

သူဟာ မေတ္တာရုပ်ရှင် လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုမှာ တစ်လကျော် အချိန်ယူကာ သွားရောက်ရိုက်ကူး ခဲ့တာဖြစ်ပြီး တရားဝင်ရိုက်ကူးလုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ဂုဏ်ယူစရာ အခြေအနေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။“ကျွန်တော်တို့ အတွေ့အကြုံတွေအများကြီးရခဲ့တယ်၊ တရားဝင်ဗီဇာနဲ့ ရိုက်ကူးခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်၊ ရိုက်ကူးတဲ့သူကလည်း နာမည်ကြီး အမေရိကန် ဒါရိုက်တာ ဆိုတော့ အခုလိုအတူပူးတွဲလုပ်ဆောင်ရတဲ့အပေါ်မှာ ရိုက်ကူးတာတွေကအစ အများကြီးကို အတွေ့အကြုံတွေရခဲ့ပါတယ်”လို့ သရုပ်ဆောင် လူမင်းက ပြောပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားဟာ Mandalay Film Production က ထုတ်လုပ်တဲ့ ဇာတ်ကားလည်း ဖြစ်သလို မြန်မာ- အမေရိကန် နှစ်နိုင်ငံ ရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်ကြောင်း၊ အမေရိကန်ဒါရိုက်တာ ဂရေဟမ်စလီတာက ရိုက်ကူးတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ဖရန်စစ္စကို မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ မတ်လ ၁၇ ရက်အထိ တစ်လကျော် အချိန်ယူကာ ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒရမ်မာဇာတ်ကားအမျိုးအစား လည်း ဖြစ်ပါတယ်။

“ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဆုတွေကို ဒီဒါရိုက်တာက အများကြီးရထားတဲ့သူပါ၊ ကျွန်တော်သရုပ်ဆောင်တာကို ပြန်ကြည့်ရင်းနဲ့တောင် ရင်ခုန် မိပါတယ်၊ ရိုက်ကူးတဲ့နည်းစနစ်တွေ အယူအဆတွေကအစ တော်တော်လေး ကောင်းတယ်”လို့ သရုပ်ဆောင် လူမင်းက ဆိုပါတယ်။ အဲ့ဒီဇာတ်ကားဟာ မိဘမဲ့ကလေးတွေရဲ့ အခြေအနေကို ပုံဖော်ကာ ဇာတ်လမ်းဖန်တီးပြီး ရိုက်ကူးထားတဲ့ မိသားစုဒရမ်မာကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဧပြီ ၅ 

(  Zawgyi  )

အေမရိကန္ျပည္ေထာင္စုမွာ သြားေရာက္႐ိုက္ကူးႏိုင္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေၾကာင့္လည္း ျမန္မာ့႐ုပ္ရွင္ ေလာကအတြက္ အေတြ႕အႀကဳံေကာင္းေတြကို ယူေဆာင္လာႏိုင္ခဲ့တာျဖစ္တယ္လို႔ သ႐ုပ္ေဆာင္ လူမင္းက ေျပာပါတယ္။

သူဟာ ေမတၱာ႐ုပ္ရွင္ လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို အေမရိကန္ျပည္ေထာင္စုမွာ တစ္လေက်ာ္ အခ်ိန္ယူကာ သြားေရာက္႐ိုက္ကူး ခဲ့တာျဖစ္ၿပီး တရားဝင္႐ိုက္ကူးလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္လည္း ဂုဏ္ယူစရာ အေျခအေနမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။“ကြၽန္ေတာ္တို႔ အေတြ႕အႀကဳံေတြအမ်ားႀကီးရခဲ့တယ္၊ တရားဝင္ဗီဇာနဲ႔ ႐ိုက္ကူးခြင့္ရတဲ့အတြက္လည္း ဂုဏ္ယူမိတယ္၊ ႐ိုက္ကူးတဲ့သူကလည္း နာမည္ႀကီး အေမရိကန္ ဒါ႐ိုက္တာ ဆိုေတာ့ အခုလိုအတူပူးတြဲလုပ္ေဆာင္ရတဲ့အေပၚမွာ ႐ိုက္ကူးတာေတြကအစ အမ်ားႀကီးကို အေတြ႕အႀကဳံေတြရခဲ့ပါတယ္”လို႔ သ႐ုပ္ေဆာင္ လူမင္းက ေျပာပါတယ္။

အဆိုပါ႐ုပ္ရွင္ဇာတ္ကားဟာ Mandalay Film Production က ထုတ္လုပ္တဲ့ ဇာတ္ကားလည္း ျဖစ္သလို ျမန္မာ- အေမရိကန္ ႏွစ္ႏိုင္ငံ ႐ိုက္ကူးတဲ့ ဇာတ္ကားလည္း ျဖစ္ေၾကာင္း၊ အေမရိကန္ဒါ႐ိုက္တာ ဂေရဟမ္စလီတာက ႐ိုက္ကူးတာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုရဲ႕ ဆန္ဖရန္စစၥကို ၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၁၆ ရက္ကေန မတ္လ ၁၇ ရက္အထိ တစ္လေက်ာ္ အခ်ိန္ယူကာ ႐ိုက္ကူးတဲ့ ဇာတ္ကားျဖစ္ေၾကာင္း၊ အေမရိကန္ ျပည္ေထာင္စုမွာ ေရာက္ေနတဲ့ ျမန္မာတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ဒရမ္မာဇာတ္ကားအမ်ိဳးအစား လည္း ျဖစ္ပါတယ္။

“႐ုပ္ရွင္နဲ႔ပတ္သက္တဲ့ ဆုေတြကို ဒီဒါ႐ိုက္တာက အမ်ားႀကီးရထားတဲ့သူပါ၊ ကြၽန္ေတာ္သ႐ုပ္ေဆာင္တာကို ျပန္ၾကည့္ရင္းနဲ႔ေတာင္ ရင္ခုန္ မိပါတယ္၊ ႐ိုက္ကူးတဲ့နည္းစနစ္ေတြ အယူအဆေတြကအစ ေတာ္ေတာ္ေလး ေကာင္းတယ္”လို႔ သ႐ုပ္ေဆာင္ လူမင္းက ဆိုပါတယ္။ အဲ့ဒီဇာတ္ကားဟာ မိဘမဲ့ကေလးေတြရဲ႕ အေျခအေနကို ပုံေဖာ္ကာ ဇာတ္လမ္းဖန္တီးၿပီး ႐ိုက္ကူးထားတဲ့ မိသားစုဒရမ္မာကားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ဧၿပီ ၅