မြန်မာ့ရုပ်ရှင်အပေါ်အပေါ်ယံပေတံမျိုးဖြင့် တိုင်းသလိုမျိုးမဖြစ်သင့်ကြောင်း အကယ်ဒမီ ဦးငြိမ်းမင်းပြောကြား

မြန်မာ့ရုပ်ရှင်အပေါ်အပေါ်ယံပေတံမျိုးဖြင့် တိုင်းသလိုမျိုးမဖြစ်သင့်ကြောင်း အကယ်ဒမီ ဦးငြိမ်းမင်းပြောကြား

မြန်မာ့ရုပ်ရှင်လောကရဲ့ လက်ရှိကြုံနေရတဲ့ အခြေအနေတွေအပေါ် အသေးစိတ်ရှုမြင် သုံးသပ် တာမျိုးမဟုတ်ဘဲ နိုင်ငံတကာမှာလေ့လာခဲ့တဲ့အတွေ့အကြုံနဲ့ယှဉ်ပြီးအပေါ်ယံကို ပေတံနဲ့လှမ်းတိုင်းသလိုမဖြစ်သင့်ကြောင်း ဇာတ်ညွှန်းနဲ့ဒါရိုက်တာ အကယ်ဒမီ ဦးငြိမ်းမင်းက ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ရုပ်ရှင်မပျက်အောင်ပဲထိန်းသိမ်းနေရတာပေါ့၊ရုပ်ရှင်မပျက်အောင်ထိန်းတာက ဘာကိုဆိုလိုသလဲဆိုတော့ ရုံသမားကလည်း သူ့ရုံမှာစီးပွားရေးအရ ပရိသတ်ကြိုက်တဲ့ ဇာတ်ကားကို တင်ရတယ်၊ ပရိသတ်ကလည်း တို့နိုင်ငံမှာက ပွင့်ပွင့်လင်းလင်းပြောရရင် ပညာအားနည်းတဲ့အခါကျတော့ တစ်ချို့ဇာတ်ကားတွေကျတော့ Quarlity အားဖြင့်ကတော့ နိမ့်ချင်နိမ့်နေမယ်၊သူ့အဆင့်နဲ့ တွေ့တဲ့အခါကျတော့မီဒီယာတွေက ပေါကားတွေလို့ ပြောနေကြပေမယ့်

တစ်ခါတစ်ခါအဲ့ဒီပေါကားတွေကသိပ်အံ့သြစရာကောင်းတာကပိုက်ဆံအရဆုံးဖြစ်နေတယ်၊ ပြောချင်တာကတော့ နိုင်ငံတကာကနေ လေ့လာ လာပြီးတော့ မြန်မာ့ရုပ်ရှင်က ဘာလဲဆိုတဲ့အပေါ်ယံပေတံလေးနဲ့ လွယ်လွယ်လှမ်းတိုင်းလို့မရဘူး”လို့ ဦးငြိမ်းမင်းက ပြောပါတယ်။

မြန်မာ့ရုပ်ရှင်အပေါ် နိုင်ငံတကာရုပ်ရှင်များနဲ့ ချိန်ထိုးသုံးသပ်မယ်ဆိုပါက မြန်မာ့ရုပ်ရှင်ဟာ ဘယ်လိုဖြစ်တည်လာတာကို သိဖို့လိုအပ်သလို ကိုယ့်နိုင်ငံက ပရိသတ်တွေရဲ့စရိုက်၊ ယဉ်ကျေးမှုတွေကိုလည်း သိထားဖို့လို

အပ်တယ်လို့ သိရပါတယ်။ “အဲ့ဒါဘာလဲဆိုရင် တို့လူမျိုးတွေက ရယ်တယ်၊ အိမ်မှာ လေး၊ ငါးယောက်နဲ့ ရယ်လို့ရှိရင် ခြောက်ခြောက်သွေ့သွေ့နဲ့ ရယ်ရတယ်၊ အငြိမ့်သွားကြည့်ရင် အုပ်လိုက်ကြီးနဲ့ ရယ်ရတာ သိပ်သဘောကျတယ်၊

အဲ့ဒီတော့ ဒီပေါကားတွေအောင်မြင်ရခြင်းက အုပ်လိုက်ကြီးနဲ့ရယ်ရတဲ့ ခံစားချက်ကြောင့် ဖြစ်တယ်၊ ဒါမျိုး Psychology ကို တွက်ရမယ်”လို့လည်း သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

နိုင်ငံတကာရုပ်ရှင်ကားတွေမှာ ရိုက်ကူးလုပ်ဆောင်နေရတဲ့ ဒါရိုက်တာတွေရဲ့ အခြေအနေနဲ့ မြန်မာ့ရုပ်ရှင် လောကမှာ ရှိတဲ့ ဒါရိုက်တာတွေရဲ့ လုပ်ဆောင်ရတဲ့ အခြေအနေတွေဟာလည်း ကွာခြားနေပြီး ကိုယ်ဒေသနဲ့

လျော်ညီတဲ့ ပရိသတ်ကြိုက်နှစ်သက်စေမယ့် အခြေအနေမျိုးကို ဖန်တီးရတာဖြစ်တယ်လို့လည်း သိရပါတယ်။ “အရင်တုန်းကဆိုရင် ရုပ်ရှင်က နေကြာစေ့တို့၊ ကွာစေ့တို့လိုမျိုး အပျင်းပြေစားတဲ့ကိစ္စမျိုးပါ။

အခုကျတော့ ရုပ်ရှင်က ဇိမ်ခံပစ္စည်းဖြစ်သွားပြီ၊ ပိုက်ဆံမရှိရင် ရုပ်ရှင်ရိုက်လို့မရတော့ဘူးဆိုရင် ပရိသတ်က အလိုလို နည်းသွားတတ်တယ်၊ အဲ့ဒီလိုနည်းသွားတာမျိုးလည်း မဖြစ်ရအောင်ပရိသတ်ကြိုက်အောင်လိုက်လုပ်ကြရတာ ဖြစ်ပါ
တယ်”လို့လည်း သူက ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း

ရန်ကုန်၊ စက်တင်ဘာ ၂၃ 

 

(  Zawgyi )

 

ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ လက္ရွိႀကဳံေနရတဲ့ အေျခအေနေတြအေပၚ အေသးစိတ္ရႈျမင္ သုံးသပ္ တာမ်ိဳးမဟုတ္ဘဲ ႏိုင္ငံတကာမွာေလ့လာခဲ့တဲ့အေတြ႕အႀကဳံနဲ႔ယွဥ္ၿပီးအေပၚယံကို ေပတံနဲ႔လွမ္းတိုင္းသလိုမျဖစ္သင့္ေၾကာင္း ဇာတ္ၫႊန္းနဲ႔ဒါ႐ိုက္တာ အကယ္ဒမီ ဦးၿငိမ္းမင္းက ေျပာပါတယ္။

“အခုေလာေလာဆယ္ကေတာ့ ႐ုပ္ရွင္မပ်က္ေအာင္ပဲထိန္းသိမ္းေနရတာေပါ့၊႐ုပ္ရွင္မပ်က္ေအာင္ထိန္းတာက ဘာကိုဆိုလိုသလဲဆိုေတာ့ ႐ုံသမားကလည္း သူ႔႐ုံမွာစီးပြားေရးအရ ပရိသတ္ႀကိဳက္တဲ့ ဇာတ္ကားကို တင္ရတယ္၊ ပရိသတ္ကလည္း တို႔ႏိုင္ငံမွာက ပြင့္ပြင့္လင္းလင္းေျပာရရင္ ပညာအားနည္းတဲ့အခါက်ေတာ့ တစ္ခ်ိဳ႕ဇာတ္ကားေတြက်ေတာ့ Quarlity အားျဖင့္ကေတာ့ နိမ့္ခ်င္နိမ့္ေနမယ္၊သူ႔အဆင့္နဲ႔ ေတြ႕တဲ့အခါက်ေတာ့မီဒီယာေတြက ေပါကားေတြလို႔ ေျပာေနၾကေပမယ့္

တစ္ခါတစ္ခါအဲ့ဒီေပါကားေတြကသိပ္အံ့ၾသစရာေကာင္းတာကပိုက္ဆံအရဆုံးျဖစ္ေနတယ္၊ ေျပာခ်င္တာကေတာ့ ႏိုင္ငံတကာကေန ေလ့လာ လာၿပီးေတာ့ ျမန္မာ့႐ုပ္ရွင္က ဘာလဲဆိုတဲ့အေပၚယံေပတံေလးနဲ႔ လြယ္လြယ္လွမ္းတိုင္းလို႔မရဘူး”လို႔ ဦးၿငိမ္းမင္းက ေျပာပါတယ္။

ျမန္မာ့႐ုပ္ရွင္အေပၚ ႏိုင္ငံတကာ႐ုပ္ရွင္မ်ားနဲ႔ ခ်ိန္ထိုးသုံးသပ္မယ္ဆိုပါက ျမန္မာ့႐ုပ္ရွင္ဟာ ဘယ္လိုျဖစ္တည္လာတာကို သိဖို႔လိုအပ္သလို ကိုယ့္ႏိုင္ငံက ပရိသတ္ေတြရဲ႕စ႐ိုက္၊ ယဥ္ေက်းမႈေတြကိုလည္း သိထားဖို႔လို

အပ္တယ္လို႔ သိရပါတယ္။ “အဲ့ဒါဘာလဲဆိုရင္ တို႔လူမ်ိဳးေတြက ရယ္တယ္၊ အိမ္မွာ ေလး၊ ငါးေယာက္နဲ႔ ရယ္လို႔ရွိရင္ ေျခာက္ေျခာက္ေသြ႕ေသြ႕နဲ႔ ရယ္ရတယ္၊ အၿငိမ့္သြားၾကည့္ရင္ အုပ္လိုက္ႀကီးနဲ႔ ရယ္ရတာ သိပ္သေဘာက်တယ္၊

အဲ့ဒီေတာ့ ဒီေပါကားေတြေအာင္ျမင္ရျခင္းက အုပ္လိုက္ႀကီးနဲ႔ရယ္ရတဲ့ ခံစားခ်က္ေၾကာင့္ ျဖစ္တယ္၊ ဒါမ်ိဳး Psychology ကို တြက္ရမယ္”လို႔လည္း သူက ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

ႏိုင္ငံတကာ႐ုပ္ရွင္ကားေတြမွာ ႐ိုက္ကူးလုပ္ေဆာင္ေနရတဲ့ ဒါ႐ိုက္တာေတြရဲ႕ အေျခအေနနဲ႔ ျမန္မာ့႐ုပ္ရွင္ ေလာကမွာ ရွိတဲ့ ဒါ႐ိုက္တာေတြရဲ႕ လုပ္ေဆာင္ရတဲ့ အေျခအေနေတြဟာလည္း ကြာျခားေနၿပီး ကိုယ္ေဒသနဲ႔

ေလ်ာ္ညီတဲ့ ပရိသတ္ႀကိဳက္ႏွစ္သက္ေစမယ့္ အေျခအေနမ်ိဳးကို ဖန္တီးရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ “အရင္တုန္းကဆိုရင္ ႐ုပ္ရွင္က ေနၾကာေစ့တို႔၊ ကြာေစ့တို႔လိုမ်ိဳး အပ်င္းေျပစားတဲ့ကိစၥမ်ိဳးပါ။

အခုက်ေတာ့ ႐ုပ္ရွင္က ဇိမ္ခံပစၥည္းျဖစ္သြားၿပီ၊ ပိုက္ဆံမရွိရင္ ႐ုပ္ရွင္႐ိုက္လို႔မရေတာ့ဘူးဆိုရင္ ပရိသတ္က အလိုလို နည္းသြားတတ္တယ္၊ အဲ့ဒီလိုနည္းသြားတာမ်ိဳးလည္း မျဖစ္ရေအာင္ပရိသတ္ႀကိဳက္ေအာင္လိုက္လုပ္ၾကရတာ ျဖစ္ပါ
တယ္”လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း

ရန္ကုန္၊ စက္တင္ဘာ ၂၃