မှားတဲ့ဘက်ကနေကြည့်ပါ ရုပ်ရှင်ကားမှ သရုပ်ဆောင်များက ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်များရေးထိုးပေး

မှားတဲ့ဘက်ကနေကြည့်ပါ ရုပ်ရှင်ကားမှ သရုပ်ဆောင်များက ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်များရေးထိုးပေး

“မှားတဲ့ဘက်ကနေကြည့်ပါ”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သော သရုပ်ဆောင်တွေဟာ ရုပ်ရှင်ကြည့် ပရိသတ်နဲ့ တွေ့ဆုံတာတွေကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီးက Junction City JCGV ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သော သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ ဝင့်ယမုံနိုင် စတဲ့ သရုပ်ဆောင် တွေက အမှတ်တရလက်မှတ်ရေးထိုးတာတွေကို လုပ်ဆောင်ခဲ့သလို ညနေ ၃ နာရီမှာ ဒေါပုံမြို့နယ် Capital မှ Mega Ace Cineplex ရုပ်ရှင်ရုံမှာ အမှတ်တရ လက်မှတ်ရေးထိုးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး မေလ ၆ရက် မနက် ၁၁ နာရီခွဲမှာ ရန်ကင်းစင်တာနဲ့ မွန်းလွဲ ၁ နာရီမှာ နဝဒေးရုပ်ရှင်ရုံ တို့မှာလည်း ယခုလို အမှတ်တရလက်မှတ်ထိုးတာတွေကို ဆက်လက် လုပ်ဆောင် သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုဇာတ်ကားကို မေလ ၂ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း  အဖြစ် ကိုလွင်(စနိုးဝှိုက်)က ဖန်တီးရေးသားထားကာ အောင်ရဲလင်း၊ ရဲအောင်၊ မင်းဦး၊ သက်မွန်မြင့်၊ ဝင့်ယမုံနိုင်၊ မေသန်းနု၊ ခင်လေးနွယ် တို့ ပါဝင်ထားကြသလို ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) က ရိုက်ကူးကာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ထိုဇာတ်ကားထဲမှာ မိဘမေတ္တာကြီးမားတာတွေ၊ သားသမီးတွေအနေနဲ့ ကိုယ့်မိဘက ကိုယ့်အပေါ်မှာ ဘယ်လိုပဲသဘောထား ခဲ့ပါစေ၊ ကိုယ်တိုင်မိဘဖြစ်ခာတဲ့အခါ ကိုယ့်အပေါ်သားသမီးက ဘယ်လို ပြန်လည်ဆက်ဆံသလဲဆိုတဲ့ ပြကွက်တွေအပါအဝင် အမုန်းတွေ၊ နာကျည်းမှုတွေ၊ မာန်မာနတွေ ချစ်ခြင်းတရားတွေကို ပုံဖော်ပြသထားတဲ့ အချစ် ဒရမ်မာကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မေ ၄ 

(  Zawgyi  )

 “မွားတဲ့ဘက္ကေနၾကည့္ပါ”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္ေသာ သ႐ုပ္ေဆာင္ေတြဟာ ႐ုပ္ရွင္ၾကည့္ ပရိသတ္နဲ႔ ေတြ႕ဆုံတာေတြကို ရန္ကုန္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးအနီးက Junction City JCGV ႐ုပ္ရွင္႐ုံမွာ က်င္းပခဲ့ပါတယ္။

အဆိုပါ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္ေသာ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ေအာင္ရဲလင္း၊ ဝင့္ယမုံႏိုင္ စတဲ့ သ႐ုပ္ေဆာင္ ေတြက အမွတ္တရလက္မွတ္ေရးထိုးတာေတြကို လုပ္ေဆာင္ခဲ့သလို ညေန ၃ နာရီမွာ ေဒါပုံၿမိဳ႕နယ္ Capital မွ Mega Ace Cineplex ႐ုပ္ရွင္႐ုံမွာ အမွတ္တရ လက္မွတ္ေရးထိုးတာေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ ဆက္လက္ၿပီး ေမလ ၆ရက္ မနက္ ၁၁ နာရီခြဲမွာ ရန္ကင္းစင္တာနဲ႔ မြန္းလြဲ ၁ နာရီမွာ နဝေဒး႐ုပ္ရွင္႐ုံ တို႔မွာလည္း ယခုလို အမွတ္တရလက္မွတ္ထိုးတာေတြကို ဆက္လက္ လုပ္ေဆာင္ သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ထိုဇာတ္ကားကို ေမလ ၂ ရက္မွ စတင္ကာ တစ္ႏိုင္ငံလုံးမွာ ႐ုံတင္ျပသေနၿပီး ဇာတ္လမ္း၊ ဇာတ္ၫႊန္း  အျဖစ္ ကိုလြင္(စႏိုးဝႈိက္)က ဖန္တီးေရးသားထားကာ ေအာင္ရဲလင္း၊ ရဲေအာင္၊ မင္းဦး၊ သက္မြန္ျမင့္၊ ဝင့္ယမုံႏိုင္၊ ေမသန္းႏု၊ ခင္ေလးႏြယ္ တို႔ ပါဝင္ထားၾကသလို ဒါ႐ိုက္တာ ေမာင္ေမာင္ဦး (စႏိုးဝႈိက္) က ႐ိုက္ကူးကာ စႏိုးဝႈိက္႐ုပ္ရွင္ထုတ္လုပ္ေရးမွ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ထိုဇာတ္ကားထဲမွာ မိဘေမတၱာႀကီးမားတာေတြ၊ သားသမီးေတြအေနနဲ႔ ကိုယ့္မိဘက ကိုယ့္အေပၚမွာ ဘယ္လိုပဲသေဘာထား ခဲ့ပါေစ၊ ကိုယ္တိုင္မိဘျဖစ္ခာတဲ့အခါ ကိုယ့္အေပၚသားသမီးက ဘယ္လို ျပန္လည္ဆက္ဆံသလဲဆိုတဲ့ ျပကြက္ေတြအပါအဝင္ အမုန္းေတြ၊ နာက်ည္းမႈေတြ၊ မာန္မာနေတြ ခ်စ္ျခင္းတရားေတြကို ပုံေဖာ္ျပသထားတဲ့ အခ်စ္ ဒရမ္မာကားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၄