ယောက္ခမလို့ ပြောဆိုခံရတဲ့အပေါ် ဘာခံစားမှုမှမရှိတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

ယောက္ခမလို့ ပြောဆိုခံရတဲ့အပေါ် ဘာခံစားမှုမှမရှိတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

သားသမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ဟာ ပွဲတွေမှာ ယောက္ခမလို့ နောက်ပြောင်ကျီစယ်ခေါ်ဆိုတာမျိုးကို ခံရပေမယ့် စိတ်ထဲမှာတာ့ ဘာခံစားမှုမှမရှိဘူးလို့ ပြောပါတယ်။

“ဒီလိုအခေါ်ခံရလို့ ကိုယ်က တစ်ကယ်ပေးလိုက်ရတာမှ မဟုတ်တာလေ၊ ခေါ်ပေါ့၊ ဘာခံစားမှုမှမရှိပါဘူး”လို့ သူက အခမ်းအနားပွဲတစ်ခုတက်ရောက်စဉ် မေးမြန်းတဲ့အပေါ် ပြောပါတယ်။ ဗီဒီယိုဈေးကွက် ပျက်သုဉ်းပေမယ့် အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲ ပါဝင်ရိုက်ကူးလာရသလို တစ်ဖက်ကလည်း မိသားစုတာဝန် တွေ၊ သားသမီးတွေရဲ့ တာဝန်တွေအတွက် အကောင်းဆုံးပံ့ပိုးကာ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ကိုမိုးဝင်း အခေါ်ခံရတာပေါ့၊ သူလည်းသားသမီးချောချောလေးတွေ မွေးထားတော့ ခေါ်တာ၊ ကိုယ်လည်း တစ်နေ့နေ့တော့ အခေါ်ခံရမှာပဲလို့တောင် တွေးမိပါတယ်၊ အခုတော့ ခေါ်ခံရတာပဲ၊ စိတ်မဆိုးပါဘူး၊ သားသမီးချောချောလေးတွေ မွေးထားလို့ခေါ်တာကို ကိုယ်က ကြည်နူးရဦးမှာပေါ့လေ၊ သူတို့တွေကို အကောင်းဆုံးဖြစ်အောင်တော့ ပံ့ပိုးပေးနေတာပေါ့၊ ဒီဘက်အနုပညာလည်း လုပ်ရ၊ သူတို့ အတွက်ကိုလည်း ပံ့ပိုးရနဲ့ လုပ်ကိုင်နေရတာပေါ့”လို့လည်း ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောပါတယ်။

သူ့ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ဟာ အနေအထိုင်အေးသလို ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်အဖြစ် ပါဝင်ခွင့်ရရှိထားတယ်လို့လည်း သိရပါတယ်။“သူက သရုပ်ဆောင်တာကိုတော့ ဝါသနာမပါဘူးတဲ့၊ လူလည်းကြောက်တတ်တယ်၊ သူ့ကိုဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ဆိုတာမျိုးကိုတော့ သိပ်ပြီးမတင်းကြပ်ပါဘူး၊ သူတို့အနုပညာ အလုပ်လုပ်ချင်တယ် ဆိုရင်လည်း ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင် ကူညီပံ့ပိုးမှာပါ”လို့ သူက ဆက်ပြောပါတယ်။

အရင်ခေတ်က ဇာတ်သဘင်ကနေတစ်ဆင့် အခုလိုအနုပညာလောကကို ဝင်ရောက်ခဲ့ကြရတာ ဖြစ်သလို အခုနောက်ပိုင်းတော့ သရုပ်ဆောင်နဲ့ပတ်သက်ရင် သင်တန်းကျောင်းတွေလည်း အများအပြားပေါ်ပေါက် လာတာဟာ ဂုဏ်ယူဖွယ်ရာအခြေအနေလို့လည်း သူကဆိုပါတယ်။

ဒါပေမဲ့ အနုပညာလောကမှာ အောင်မြင်ဖို့ဆိုတာဟာ ကြိုးစားမှုအပြင် ကံလည်းပါသေးတယ်လို့ သိရပါတယ်။ “အနုပညာအလုပ်လုပ်မယ်ဆိုလည်း အဓိကကတော့ ကြိုးစားဖို့ပေါ့၊ ကြိုးစားတာရဲ့ နောက်မှာတော့ တစ်ချိန်ချိန်မှာ အောင်မြင်မှုဆိုတာ ရှိလာမှာပဲလေ၊ ဒါမျိုးလေးတွေတော့ ဆိုဆုံးမတာမျိုးတော့ ရှိပါတယ်၊ ကိုယ့်ရဲ့ သားသမီးတွေကို ဒါဖြစ်ရမယ်၊ ဒါကိုမဖြစ်ဖြစ်အောင်လုပ်ဆိုတာမျိုးနဲ့တော့ တင်းကြပ်တာတွေ၊ ကန့်သတ်တာမျိုးတွေ မလုပ်ပါဘူး၊ သူတို့လည်း ကျွန်တော့်ရဲ့ ပြက်လုံးတွေအနုပညာတွေကြားမှာ ကြီးပြင်းခဲ့ရတာ ဖြစ်လို့ အနုပညာနဲ့တော့ မစိမ်းပါဘူး”လို့လည်း သူက ဆက်ပြောပါတယ်။သူ့အနေနဲ့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးတွေအတွက် ကမ်းလှမ်းတာတွေရှိနေသေးသလို ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရတာ ပိုပြီး အားရမှုရှိတယ်လို့လည်း သိရပါတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ 

(  Zawgyi  )

 သားသမီးေခ်ာေလးေတြကို ပိုင္ဆိုင္ထားတဲ့ ဟာသသ႐ုပ္ေဆာင္ ခင္လႈိင္ဟာ ပြဲေတြမွာ ေယာကၡမလို႔ ေနာက္ေျပာင္က်ီစယ္ေခၚဆိုတာမ်ိဳးကို ခံရေပမယ့္ စိတ္ထဲမွာတာ့ ဘာခံစားမႈမွမရွိဘူးလို႔ ေျပာပါတယ္။

“ဒီလိုအေခၚခံရလို႔ ကိုယ္က တစ္ကယ္ေပးလိုက္ရတာမွ မဟုတ္တာေလ၊ ေခၚေပါ့၊ ဘာခံစားမႈမွမရွိပါဘူး”လို႔ သူက အခမ္းအနားပြဲတစ္ခုတက္ေရာက္စဥ္ ေမးျမန္းတဲ့အေပၚ ေျပာပါတယ္။ ဗီဒီယိုေဈးကြက္ ပ်က္သုဥ္းေပမယ့္ အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲ ပါဝင္႐ိုက္ကူးလာရသလို တစ္ဖက္ကလည္း မိသားစုတာဝန္ ေတြ၊ သားသမီးေတြရဲ႕ တာဝန္ေတြအတြက္ အေကာင္းဆုံးပံ့ပိုးကာ ႀကိဳးစားေနရတယ္လို႔ ဆိုပါတယ္။

“အရင္တုန္းက ကိုမိုးဝင္း အေခၚခံရတာေပါ့၊ သူလည္းသားသမီးေခ်ာေခ်ာေလးေတြ ေမြးထားေတာ့ ေခၚတာ၊ ကိုယ္လည္း တစ္ေန႔ေန႔ေတာ့ အေခၚခံရမွာပဲလို႔ေတာင္ ေတြးမိပါတယ္၊ အခုေတာ့ ေခၚခံရတာပဲ၊ စိတ္မဆိုးပါဘူး၊ သားသမီးေခ်ာေခ်ာေလးေတြ ေမြးထားလို႔ေခၚတာကို ကိုယ္က ၾကည္ႏူးရဦးမွာေပါ့ေလ၊ သူတို႔ေတြကို အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ပံ့ပိုးေပးေနတာေပါ့၊ ဒီဘက္အႏုပညာလည္း လုပ္ရ၊ သူတို႔ အတြက္ကိုလည္း ပံ့ပိုးရနဲ႔ လုပ္ကိုင္ေနရတာေပါ့”လို႔လည္း ဟာသသ႐ုပ္ေဆာင္ ခင္လႈိင္က ေျပာပါတယ္။

သူ႔ရဲ႕ သမီးျဖစ္သူ သဇင္ထူးျမင့္ဟာ အေနအထိုင္ေအးသလို ဒီႏွစ္အကယ္ဒမီေပးပြဲမွာ ဗန္းကိုင္အျဖစ္ ပါဝင္ခြင့္ရရွိထားတယ္လို႔လည္း သိရပါတယ္။“သူက သ႐ုပ္ေဆာင္တာကိုေတာ့ ဝါသနာမပါဘူးတဲ့၊ လူလည္းေၾကာက္တတ္တယ္၊ သူ႔ကိုဘယ္လိုေနရမယ္၊ ဘယ္လိုထိုင္ရမယ္ ဆိုတာမ်ိဳးကိုေတာ့ သိပ္ၿပီးမတင္းၾကပ္ပါဘူး၊ သူတို႔အႏုပညာ အလုပ္လုပ္ခ်င္တယ္ ဆိုရင္လည္း ကြၽန္ေတာ္ကေတာ့ အေကာင္းဆုံးျဖစ္ေအာင္ ကူညီပံ့ပိုးမွာပါ”လို႔ သူက ဆက္ေျပာပါတယ္။

အရင္ေခတ္က ဇာတ္သဘင္ကေနတစ္ဆင့္ အခုလိုအႏုပညာေလာကကို ဝင္ေရာက္ခဲ့ၾကရတာ ျဖစ္သလို အခုေနာက္ပိုင္းေတာ့ သ႐ုပ္ေဆာင္နဲ႔ပတ္သက္ရင္ သင္တန္းေက်ာင္းေတြလည္း အမ်ားအျပားေပၚေပါက္ လာတာဟာ ဂုဏ္ယူဖြယ္ရာအေျခအေနလို႔လည္း သူကဆိုပါတယ္။

ဒါေပမဲ့ အႏုပညာေလာကမွာ ေအာင္ျမင္ဖို႔ဆိုတာဟာ ႀကိဳးစားမႈအျပင္ ကံလည္းပါေသးတယ္လို႔ သိရပါတယ္။ “အႏုပညာအလုပ္လုပ္မယ္ဆိုလည္း အဓိကကေတာ့ ႀကိဳးစားဖို႔ေပါ့၊ ႀကိဳးစားတာရဲ႕ ေနာက္မွာေတာ့ တစ္ခ်ိန္ခ်ိန္မွာ ေအာင္ျမင္မႈဆိုတာ ရွိလာမွာပဲေလ၊ ဒါမ်ိဳးေလးေတြေတာ့ ဆိုဆုံးမတာမ်ိဳးေတာ့ ရွိပါတယ္၊ ကိုယ့္ရဲ႕ သားသမီးေတြကို ဒါျဖစ္ရမယ္၊ ဒါကိုမျဖစ္ျဖစ္ေအာင္လုပ္ဆိုတာမ်ိဳးနဲ႔ေတာ့ တင္းၾကပ္တာေတြ၊ ကန႔္သတ္တာမ်ိဳးေတြ မလုပ္ပါဘူး၊ သူတို႔လည္း ကြၽန္ေတာ့္ရဲ႕ ျပက္လုံးေတြအႏုပညာေတြၾကားမွာ ႀကီးျပင္းခဲ့ရတာ ျဖစ္လို႔ အႏုပညာနဲ႔ေတာ့ မစိမ္းပါဘူး”လို႔လည္း သူက ဆက္ေျပာပါတယ္။သူ႔အေနနဲ႔ ေနာက္ထပ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကားႀကီးေတြအတြက္ ကမ္းလွမ္းတာေတြရွိေနေသးသလို ႐ုပ္ရွင္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရတာ ပိုၿပီး အားရမႈရွိတယ္လို႔လည္း သိရပါတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၅