ရင်ခုန်ခံစားမှုတွေနဲ့ ကြည့်ရှုရတော့မယ့်ဟီးရိုး ရုပ်ရှင်ကားကြီး ရုံတင်ပြသတော့မည်

 
ရင်ခုန်ခံစားမှုတွေနဲ့ ကြည့်ရှုရတော့မယ့်ဟီးရိုး ရုပ်ရှင်ကားကြီး ရုံတင်ပြသတော့မည်

အချစ်၊ အမုန်းတွေကို အက်ရှင်ဆန်ဆန်ရိုက်ကူးထားတာကြောင့် ရင်ခုန်တဲ့ခံစားမှုမျိုးနဲ့ ကြည့်ရှုရတော့မယ့် “ဟီးရိုး”လို့နာမည်ရသော ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာရုံတင်ပြသဖို့ စီစဉ်ထားကြောင်း အဲ့ဒီရုပ်ရှင်ကားနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ Red Carpet Show မှ သိရပါတယ်။

အဲ့ဒီဇာတ်ကားကို လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ မအေးအေးဝင်းစီစဉ်ကာ မလေးရှား ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာ R.Perakas က ရိုက်ကူးထူးပြီး သရုပ်ဆောင်တွေအဖြစ် မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ ခင်လှိုင်၊ နေနော် တို့ပါဝင်ထားကြသလို တခြားအနုပညာရှင်တွေလည်း အားဖြည့် ပါဝင်ထားကြတယ်လို့ သိရပါတယ်။ “ဒီဇာတ်ကားထဲမှာ ကစ်က အပြင်ကလို ဆန်းဆန်းပြားပြား ကာရိုက်တာမျိုးမဟုတ်ဘူးပေါ့၊ ပရဟိတကို စိတ်အားထက်သန်တဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားတာပါ”လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောပါတယ်။

အဲ့ဒီဇာတ်ကားထဲမှာ အချစ်အမုန်းတွေအပြင် ဟာသကလေးတွေနဲ့ကြားညှပ်ကာ ဖန်တီးထားတဲ့ အချစ်အက်ရှင် ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီ “ဟီးရိုး”လို့နာမည်ရတဲ့ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ပတ်သက်တဲ့ Red Carpet Show ကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းက သမ္မတရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီ ၁၅ရက် ည ၇နာရီခွဲက ကျင်းပခဲ့ပြီး အနုပညာရှင်တွေအများအပြား တက်ရောက်ခဲ့ကြပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ 

(  Zawgyi  )

 အခ်စ္၊ အမုန္းေတြကို အက္ရွင္ဆန္ဆန္႐ိုက္ကူးထားတာေၾကာင့္ ရင္ခုန္တဲ့ခံစားမႈမ်ိဳးနဲ႔ ၾကည့္ရႈရေတာ့မယ့္ “ဟီး႐ိုး”လို႔နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ ေဖေဖာ္ဝါရီ ၂၂ ရက္မွာ႐ုံတင္ျပသဖို႔ စီစဥ္ထားေၾကာင္း အဲ့ဒီ႐ုပ္ရွင္ကားနဲ႔ပတ္သက္ၿပီးျပဳလုပ္တဲ့ Red Carpet Show မွ သိရပါတယ္။

အဲ့ဒီဇာတ္ကားကို လပ္ကီးဆဲဗင္း႐ုပ္ရွင္ထုတ္လုပ္ေရးမွ မေအးေအးဝင္းစီစဥ္ကာ မေလးရွား ဒါ႐ိုက္တာျဖစ္တဲ့ ဒါ႐ိုက္တာ R.Perakas က ႐ိုက္ကူးထူးၿပီး သ႐ုပ္ေဆာင္ေတြအျဖစ္ ျမင့္ျမတ္၊ ဝတ္မႈံေ႐ႊရည္၊ ခင္လႈိင္၊ ေနေနာ္ တို႔ပါဝင္ထားၾကသလို တျခားအႏုပညာရွင္ေတြလည္း အားျဖည့္ ပါဝင္ထားၾကတယ္လို႔ သိရပါတယ္။ “ဒီဇာတ္ကားထဲမွာ ကစ္က အျပင္ကလို ဆန္းဆန္းျပားျပား ကာ႐ိုက္တာမ်ိဳးမဟုတ္ဘူးေပါ့၊ ပရဟိတကို စိတ္အားထက္သန္တဲ့ ေကာင္မေလးေနရာကေန သ႐ုပ္ေဆာင္ထားတာပါ”လို႔ သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္က ေျပာပါတယ္။

အဲ့ဒီဇာတ္ကားထဲမွာ အခ်စ္အမုန္းေတြအျပင္ ဟာသကေလးေတြနဲ႔ၾကားညႇပ္ကာ ဖန္တီးထားတဲ့ အခ်စ္အက္ရွင္ ႐ုပ္ရွင္ကားႀကီးလည္း ျဖစ္ပါတယ္။ အဲ့ဒီ “ဟီး႐ိုး”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ ဇာတ္ကားႀကီးနဲ႔ပတ္သက္တဲ့ Red Carpet Show ကို ရန္ကုန္ၿမိဳ႕၊ အလံျပဘုရားလမ္းက သမၼတ႐ုပ္ရွင္႐ုံမွာ ေဖေဖာ္ဝါရီ ၁၅ရက္ ည ၇နာရီခြဲက က်င္းပခဲ့ၿပီး အႏုပညာရွင္ေတြအမ်ားအျပား တက္ေရာက္ခဲ့ၾကပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၆