ရုပ်ရှင်အနုပညာဆိုတာ ခံစားမှုထက် အပျင်းပြေသဘောမျိုး အခြေအနေမျိုးရောက်နေဟု သရုပ်ဆောင် ဇဏ်ခီ ဆို

ရုပ်ရှင်အနုပညာဆိုတာ ခံစားမှုထက် အပျင်းပြေသဘောမျိုး အခြေအနေမျိုးရောက်နေဟု သရုပ်ဆောင် ဇဏ်ခီ ဆို

အခုနောက်ပိုင်းမှာ ရုပ်ရှင်အနုပညာတွေဟာ အရင်ခေတ်လိုမျိုး ခံစားမှုတွေလျော့ပါးလာကြပြီး အပျင်းပြေသဘောမျိုး အခြေအနေကို ရောက်နေတယ်လို့ သရုပ်ဆောင် ဇဏ်ခီ က ပြောပါတယ်။

“ကျွန်တော် အမြဲပြောနေကျ စကားပေါ့ဗျာ၊ ရုပ်ရှင်မှာ ဟိုးတုန်းက တကယ့်ကိုကောင်းခဲ့ဖူးတဲ့ခေတ် ရှိခဲ့ဖူးတယ်၊ ရုပ်ရှင်ရွှေခေတ်ပေါ့နော်၊ တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း အချိန်ပေးပြီး ရိုက်ကြတယ်ဆိုတော့ တကယ်ကို Stories အရရော Scrip အရရော တကယ့်ကို ကျစ်ကျစ်လစ်လစ်နဲ့ တကယ့်ကို အချိန်ပေးပြီးတော့ ပြင်ဆင်တဲ့အတွက် သူ့ခေတ်ကာလမှာ ခေတ်ရှေ့ပြေးနေတယ်လို့ ခေါ်လို့ရတယ်၊ အခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးတွေ စီးပွားရေးတွေ ကျဆင်းပြီးတဲ့ နောက်ပိုင်းမှသာ အနုပညာကို ဘယ်လိုပြောမလဲဆိုတော့ ခံစားမှုထက် အပြင်းပြေသဘောလောက် ဖြစ်သွားတယ်” လို့ သရုပ်ဆောင် ဇဏ်ခီ က ပြောပြပါတယ်။

အဲ့ဒီလို မပြေလည်လာကြတဲ့ အခြေအနေတွေကြောင့် နေ့စဉ် စိတ်ဖိစီးမှုတွေ များပြားလာပြီး စိတ်ဖိစီးမှုတွေကို ဖြေသိမ့်ဖို့၊ အပျင်းပြေကာ အချိန်ကုန်သွားဖို့ကို အသုံးချမှုတွေ များပြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဟိုဘက်မှာကျတော့ အနုပညာကို အဲ့လိုမဟုတ်ဘူး၊ ဟိုးအရင်က အနုပညာကိုခံစားဖို့ ဖော်ပြကြတာ၊ အဲ့နေရာအခြေအနေမျိုးကို ပြန်သွားဖို့လိုတယ်၊ ရုပ်ရှင်သမားတွေ၊ အနုပညာသမားတွေအနေနဲ့ လုပ်လို့ရသလို ပညာရေးအပိုင်းမှာလည်း အနုပညာ Class တွေ ထည့်ပေးရမယ်၊ ဥပမာ US မှာဆိုရင် ကျွန်တော်တို့ တက်ခဲ့ရတယ်၊ တက္ကသိုလ်မှာ အနုပညာကို Class တွေနဲ့ သင်တယ်၊ အနုပညာကို တန်ဖိုးထားတတ်လာအောင် သင်ပေးတတ်ဖို့ ကျွန်တော်တို့ဆီမှာလိုတယ်၊ အဲ့ဒီလိုမျိုး မတက်မနေရ တက်လိုက်ရပြီဆိုရင် ကျောင်းသွားတဲ့သူတိုင်းဟာ အနုပညာသမား ဖြစ်မလာသည့်တိုင်အောင် အနုပညာကို လေ့လာသုံးသပ်နိုင်လာမယ်၊ တန်ဖိုးထားတတ်လာမယ်၊ အဲ့လိုလူမျိုးတွေ များလာရင်လည်း ကျွန်တော်တို့ အနုပညာသမားတွေအနေနဲ့လည်း ပေါ့ပေါ့တန်တန်နဲ့ လျှော်လို့မရတော့ဘူး၊ တော်တော်များများက နားလည်သွားပြီဆိုတော့ လူတွေကလည်း ကြိုးစားမှသာ လက်ခံကြမှာဖြစ်တော့ အဲ့ဒီလို နှစ်ဦးနှစ်ဘက်ဖြစ်လာဖို့ Society တစ်ခု ဖြစ်လာဖို့အတွက် လုပ်ရမယ်” လို့ သူက အကြံပြုပါတယ်။

သူ့အနေနဲ့ ပြည်တွင်းက ဇာတ်ကားတွေရော ပြည်ပဇာတ်ကားတွေရော အကုန်ကြည့်ရှု လေ့လာခဲ့ကြောင်း၊ ဇာတ်ကားအမျိုးအစား တစ်ခုတည်းကိုသာကြည့်ဖို့ဆုံးဖြတ်မယ်ဆိုပါက ကိုယ့်ကိုယ်ကို ဘောင်ခတ်သလို ဖြစ်မှာစိုးတာကြောင့် တိုးတက်မှုရှိဖို့အတွက် ဇာတ်ကားမျိုးစုံကို ကြည့်ရှုလေ့လာကာ သုံးသပ်နေကြောင်း၊ သူကိုယ်တိုင် အကြိမ် ၂၀ လောက်အထိ ထပ်ကာတလဲလဲကြည့်ရတဲ့ ဇာတ်ကားတွေရှိပြီး ရုပ်ရှင်ကားတစ်ကားကြည့်ရင် စီးမျောခံစားရတာမျိုးတွေရှိကြောင်း၊ တကယ်ပြောင်မြောက်တဲ့ ရုပ်ရှင်ဆိုတာ ပရိသတ်ကိုယ်တိုင် ပါဝင်ခံစား စီးမြောပေးနိုင်ပြီး တစ်သားတည်းဖြစ်သွားကြောင်း၊ ရုပ်ရှင်ဆိုတာကို မေ့သွားပြီး ရုပ်ရှင်ထဲမျောပါကာ ဒေါသထွက်ခန်းဆိုရင် ကိုယ်လည်း ဒေါသထွက်ရတာတွေ၊ ငိုတဲ့အခန်းဆိုလည်း ကိုယ်လည်း လိုက်ပါငိုရတာတွေ၊ ရယ်တဲ့အခန်းဆိုရင်လည်း ကိုယ်လည်းရယ်ရတာတွေရှိပြီး အဲဒါမျိုးအခြေအနေတွေဟာ အင်မတန်အောင်မြင်တဲ့ ရုပ်ရှင်လို့ ခေါ်လို့ရကြောင်း သူက ဆိုပါတယ်။
 

“ကျွန်တော် ထပ်ခါတလဲလဲကြည့်တဲ့ ကားတွေ အများကြီးရှိတယ်၊ ဟောလီဝုဒ်ကားတွေထဲမှာလည်း ရှိတယ်၊ တရုတ်ကားတွေထဲမှာလည်း ရှိတယ်၊ ကျွန်တော်မှတ်မိသလောက် အခါ ၂၀ လောက် ကြည့်ခဲ့တဲ့ကားက Forance Guard နဲ့ 1994 က ထုတ်တဲ့ The professional လူသတ်သမားအကြောင်း၊ အဲ့ကားတွေကို အခေါက်ခေါက်အခါခါ ကြည့်တယ်၊ တရုတ်ကားတွေထဲမှာဆိုရင် True Love ဆိုတဲ့ ဇာတ်ကားမျိုးတွေ ကြည့်တယ်၊ ၁၅ ခေါက် အခေါက် ၂၀လောက် ရှိတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၂၂

( Zawgyi )

အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္အႏုပညာေတြဟာ အရင္ေခတ္လိုမ်ိဳး ခံစားမႈေတြေလ်ာ့ပါးလာၾကၿပီး အပ်င္းေျပသေဘာမ်ိဳး အေျခအေနကို ေရာက္ေနတယ္လို႔ သ႐ုပ္ေဆာင္ ဇဏ္ခီ က ေျပာပါတယ္။

“ကြၽန္ေတာ္ အၿမဲေျပာေနက် စကားေပါ့ဗ်ာ၊ ႐ုပ္ရွင္မွာ ဟိုးတုန္းက တကယ့္ကိုေကာင္းခဲ့ဖူးတဲ့ေခတ္ ရွိခဲ့ဖူးတယ္၊ ႐ုပ္ရွင္ေ႐ႊေခတ္ေပါ့ေနာ္၊ တကယ့္ကို ျဖစ္သင့္ျဖစ္ထိုက္တဲ့အတိုင္း အခ်ိန္ေပးၿပီး ႐ိုက္ၾကတယ္ဆိုေတာ့ တကယ္ကို Stories အရေရာ Scrip အရေရာ တကယ့္ကို က်စ္က်စ္လစ္လစ္နဲ႔ တကယ့္ကို အခ်ိန္ေပးၿပီးေတာ့ ျပင္ဆင္တဲ့အတြက္ သူ႔ေခတ္ကာလမွာ ေခတ္ေရွ႕ေျပးေနတယ္လို႔ ေခၚလို႔ရတယ္၊ အခုေနာက္ပိုင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံေရးေတြ စီးပြားေရးေတြ က်ဆင္းၿပီးတဲ့ ေနာက္ပိုင္းမွသာ အႏုပညာကို ဘယ္လိုေျပာမလဲဆိုေတာ့ ခံစားမႈထက္ အျပင္းေျပသေဘာေလာက္ ျဖစ္သြားတယ္” လို႔ သ႐ုပ္ေဆာင္ ဇဏ္ခီ က ေျပာျပပါတယ္။

အဲ့ဒီလို မေျပလည္လာၾကတဲ့ အေျခအေနေတြေၾကာင့္ ေန႔စဥ္ စိတ္ဖိစီးမႈေတြ မ်ားျပားလာၿပီး စိတ္ဖိစီးမႈေတြကို ေျဖသိမ့္ဖို႔၊ အပ်င္းေျပကာ အခ်ိန္ကုန္သြားဖို႔ကို အသုံးခ်မႈေတြ မ်ားျပားလာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ဟိုဘက္မွာက်ေတာ့ အႏုပညာကို အဲ့လိုမဟုတ္ဘူး၊ ဟိုးအရင္က အႏုပညာကိုခံစားဖို႔ ေဖာ္ျပၾကတာ၊ အဲ့ေနရာအေျခအေနမ်ိဳးကို ျပန္သြားဖို႔လိုတယ္၊ ႐ုပ္ရွင္သမားေတြ၊ အႏုပညာသမားေတြအေနနဲ႔ လုပ္လို႔ရသလို ပညာေရးအပိုင္းမွာလည္း အႏုပညာ Class ေတြ ထည့္ေပးရမယ္၊ ဥပမာ US မွာဆိုရင္ ကြၽန္ေတာ္တို႔ တက္ခဲ့ရတယ္၊ တကၠသိုလ္မွာ အႏုပညာကို Class ေတြနဲ႔ သင္တယ္၊ အႏုပညာကို တန္ဖိုးထားတတ္လာေအာင္ သင္ေပးတတ္ဖို႔ ကြၽန္ေတာ္တို႔ဆီမွာလိုတယ္၊ အဲ့ဒီလိုမ်ိဳး မတက္မေနရ တက္လိုက္ရၿပီဆိုရင္ ေက်ာင္းသြားတဲ့သူတိုင္းဟာ အႏုပညာသမား ျဖစ္မလာသည့္တိုင္ေအာင္ အႏုပညာကို ေလ့လာသုံးသပ္ႏိုင္လာမယ္၊ တန္ဖိုးထားတတ္လာမယ္၊ အဲ့လိုလူမ်ိဳးေတြ မ်ားလာရင္လည္း ကြၽန္ေတာ္တို႔ အႏုပညာသမားေတြအေနနဲ႔လည္း ေပါ့ေပါ့တန္တန္နဲ႔ ေလွ်ာ္လို႔မရေတာ့ဘူး၊ ေတာ္ေတာ္မ်ားမ်ားက နားလည္သြားၿပီဆိုေတာ့ လူေတြကလည္း ႀကိဳးစားမွသာ လက္ခံၾကမွာျဖစ္ေတာ့ အဲ့ဒီလို ႏွစ္ဦးႏွစ္ဘက္ျဖစ္လာဖို႔ Society တစ္ခု ျဖစ္လာဖို႔အတြက္ လုပ္ရမယ္” လို႔ သူက အႀကံျပဳပါတယ္။

သူ႔အေနနဲ႔ ျပည္တြင္းက ဇာတ္ကားေတြေရာ ျပည္ပဇာတ္ကားေတြေရာ အကုန္ၾကည့္ရႈ ေလ့လာခဲ့ေၾကာင္း၊ ဇာတ္ကားအမ်ိဳးအစား တစ္ခုတည္းကိုသာၾကည့္ဖို႔ဆုံးျဖတ္မယ္ဆိုပါက ကိုယ့္ကိုယ္ကို ေဘာင္ခတ္သလို ျဖစ္မွာစိုးတာေၾကာင့္ တိုးတက္မႈရွိဖို႔အတြက္ ဇာတ္ကားမ်ိဳးစုံကို ၾကည့္ရႈေလ့လာကာ သုံးသပ္ေနေၾကာင္း၊ သူကိုယ္တိုင္ အႀကိမ္ ၂၀ ေလာက္အထိ ထပ္ကာတလဲလဲၾကည့္ရတဲ့ ဇာတ္ကားေတြရွိၿပီး ႐ုပ္ရွင္ကားတစ္ကားၾကည့္ရင္ စီးေမ်ာခံစားရတာမ်ိဳးေတြရွိေၾကာင္း၊ တကယ္ေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္ဆိုတာ ပရိသတ္ကိုယ္တိုင္ ပါဝင္ခံစား စီးေျမာေပးႏိုင္ၿပီး တစ္သားတည္းျဖစ္သြားေၾကာင္း၊ ႐ုပ္ရွင္ဆိုတာကို ေမ့သြားၿပီး ႐ုပ္ရွင္ထဲေမ်ာပါကာ ေဒါသထြက္ခန္းဆိုရင္ ကိုယ္လည္း ေဒါသထြက္ရတာေတြ၊ ငိုတဲ့အခန္းဆိုလည္း ကိုယ္လည္း လိုက္ပါငိုရတာေတြ၊ ရယ္တဲ့အခန္းဆိုရင္လည္း ကိုယ္လည္းရယ္ရတာေတြရွိၿပီး အဲဒါမ်ိဳးအေျခအေနေတြဟာ အင္မတန္ေအာင္ျမင္တဲ့ ႐ုပ္ရွင္လို႔ ေခၚလို႔ရေၾကာင္း သူက ဆိုပါတယ္။
 

“ကြၽန္ေတာ္ ထပ္ခါတလဲလဲၾကည့္တဲ့ ကားေတြ အမ်ားႀကီးရွိတယ္၊ ေဟာလီဝုဒ္ကားေတြထဲမွာလည္း ရွိတယ္၊ တ႐ုတ္ကားေတြထဲမွာလည္း ရွိတယ္၊ ကြၽန္ေတာ္မွတ္မိသေလာက္ အခါ ၂၀ ေလာက္ ၾကည့္ခဲ့တဲ့ကားက Forance Guard နဲ႔ 1994 က ထုတ္တဲ့ The professional လူသတ္သမားအေၾကာင္း၊ အဲ့ကားေတြကို အေခါက္ေခါက္အခါခါ ၾကည့္တယ္၊ တ႐ုတ္ကားေတြထဲမွာဆိုရင္ True Love ဆိုတဲ့ ဇာတ္ကားမ်ိဳးေတြ ၾကည့္တယ္၊ ၁၅ ေခါက္ အေခါက္ ၂၀ေလာက္ ရွိတယ္” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၂၂