လက်ဆွဲနှုတ်ဆက်တဲ့အကျင့်ပျောက်သွားဖို့ရှိတယ်လို့ ပြောလိုက်တဲ့ စည်သူလွင်

လက်ဆွဲနှုတ်ဆက်တဲ့အကျင့်ပျောက်သွားဖို့ရှိတယ်လို့ ပြောလိုက်တဲ့ စည်သူလွင်

အခုဖြစ်နေတဲ့ COVID 19 ကြောင့် အနာဂတ်ရဲ့ လူမှုဆက်ဆံရေးမှာ လက်ဆွဲနှုတ်ဆက်တဲ့ အကျင့် တွေ ပျောက်သွားဖို့ရှိနိုင်တယ်လို့ တေးသံရှင် စည်သူလွင်က ထုတ်ဖော်ပြောကြားပါတယ်။
“အခုအချိန်က ကိုယ့်တတ်နိုင်သမျှ အရမ်းရင်းနှီးတဲ့သူမဟုတ်ရင် သာမာန်ခင်မင်ရုံလောက်နဲ့ လက်ဆွဲ နှုတ်ဆက်ဖို့ဆိုတာ မလွယ်တော့ဘူးနော်၊ နောက်ဆိုရင် လက်ဆွဲနှုတ်ဆက်တဲ့ ဓလေ့ တောင်မှ ပျောက်သွားမယ့် သဘောမှာရှိတယ်၊ ဒါလည်းကောင်းတဲ့ဟာ တစ်ခုပဲလို့မြင်ပါတယ်။

အစ်ကိုတို့က မိတ်ဆွေအပေါင်းအသင်း များတော့ စိုးရိမ်စိတ်တော့ရှိတယ်၊ အခု Positive တွေ့ လာကျတာက Stay at Home နေရတဲ့ အကျိုးရလာဒ်ခံစားရတယ်လို့ မြင်ပါတယ်။ ရောဂါပွားနှုန်းက ထိန်းချုပ်ထားနိုင်တယ်၊ ဒါကိုသတိတစ်ချက် လွတ်သွားရင်တော့ မကောင်းဘူး၊ အခု အချိန်က ပိုပြီးတော့တောင်မှ ဂရုစိုက်ရမယ်၊ တွေ့တဲ့သူတွေကလည်း များပြားခဲ့တယ်၊ သူတို့ရဲ့ Contact Person က ရှိတယ်၊ ဘယ်သူတွေဆိုတာ အစ်ကိုတို့က မသိနိုင်ဘူးလေ၊ ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်ကို လိုက်နာရင် ပိုပြီးတော့ အန္တရာယ် ကင်းတာ ပေါ့၊ အခုက အမြဲတမ်းအားနေတာပေါ့၊ ဒါကြောင့်အိမ်မှာ ဟိုဟာလေးချက်ကြည့်လိုက် ဒီဟာလေး ချက်ကြည့်လိုက်နဲ့ လုပ်နေတယ်၊ အချိန်က ဘယ်လိုကုန်အောင်လုပ်ရမလဲ မသိဘူး ဖြစ်နေတယ်၊ အခုက အားနေပေမယ့် စိတ်ကို သီချင်းထဲအပြည့်အဝထည့်ဖို့လည်း မလုပ်နိုင်ဘူး၊ စိုးရိမ်စိတ်တွေနဲ့ စိတ်က စုစည်းဖို့လည်း စိတ်ကမပါ သလို ဖြစ်နေတယ်၊ ကိုယ်က ကလေးလည်း ရှိတော့ ပိုပြီးတော့လည်းဆင်ဆင်ခြင်ခြင် နေရတယ်”လို့ တေးသံရှင် စည်သူလွင်က ရှင်းပြပါ တယ်။

အခုဆိုရင် သူဟာအိမ်ထဲကအိမ်ပြင်သိပ်မထွက်ဘဲ မဖြစ်မနေဝယ်စရာခြမ်းစရာရှိတာတောင် နှစ်ပတ် တစ်ကြိမ်လောက်သာ အပြင်ထွက်လေ့ရှိကြောင်း၊ ရောဂါကြီး အမြန်ဆုံးပြီးစီးဖို့ မျှော်လင့်ကာ ပြီးစီးအောင် ဆုတောင်းနေရကြောင်း သိရသည်။ “အခုလို အခြေအနေကို ဆက် ထိန်းပေးထားဖို့လိုမယ်ထင်တယ်၊ ဗိုင်းရပ်စ်ဆိုတာကတော့ သူ့အရှိန်ကုန်ရင် ရပ်သွားမှာပဲလေ၊ အရှိန်လည်းတကယ်ကုန်သွားပြီ၊ သေချာပြီ ကာကွယ်ဆေးတွေလည်း တွေ့ပြီဆိုမှပဲ အစ်ကိုတို့ အားလုံးက ရဲရဲဝံ့ဝံ့ပျော်နိုင်မှာပေါ့နော်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 အခုျဖစ္ေနတဲ့ COVID 19 ေၾကာင့္ အနာဂတ္ရဲ႕ လူမႈဆက္ဆံေရးမွာ လက္ဆြဲႏႈတ္ဆက္တဲ့ အက်င့္ ေတြ ေပ်ာက္သြားဖို႔ရွိႏိုင္တယ္လို႔ ေတးသံရွင္ စည္သူလြင္က ထုတ္ေဖာ္ေျပာၾကားပါတယ္။
“အခုအခ်ိန္က ကိုယ့္တတ္ႏိုင္သမွ် အရမ္းရင္းႏွီးတဲ့သူမဟုတ္ရင္ သာမာန္ခင္မင္႐ုံေလာက္နဲ႔ လက္ဆြဲ ႏႈတ္ဆက္ဖို႔ဆိုတာ မလြယ္ေတာ့ဘူးေနာ္၊ ေနာက္ဆိုရင္ လက္ဆြဲႏႈတ္ဆက္တဲ့ ဓေလ့ ေတာင္မွ ေပ်ာက္သြားမယ့္ သေဘာမွာရွိတယ္၊ ဒါလည္းေကာင္းတဲ့ဟာ တစ္ခုပဲလို႔ျမင္ပါတယ္။

အစ္ကိုတို႔က မိတ္ေဆြအေပါင္းအသင္း မ်ားေတာ့ စိုးရိမ္စိတ္ေတာ့ရွိတယ္၊ အခု Positive ေတြ႕ လာက်တာက Stay at Home ေနရတဲ့ အက်ိဳးရလာဒ္ခံစားရတယ္လို႔ ျမင္ပါတယ္။ ေရာဂါပြားႏႈန္းက ထိန္းခ်ဳပ္ထားႏိုင္တယ္၊ ဒါကိုသတိတစ္ခ်က္ လြတ္သြားရင္ေတာ့ မေကာင္းဘူး၊ အခု အခ်ိန္က ပိုၿပီးေတာ့ေတာင္မွ ဂ႐ုစိုက္ရမယ္၊ ေတြ႕တဲ့သူေတြကလည္း မ်ားျပားခဲ့တယ္၊ သူတို႔ရဲ႕ Contact Person က ရွိတယ္၊ ဘယ္သူေတြဆိုတာ အစ္ကိုတို႔က မသိႏိုင္ဘူးေလ၊ က်န္းမာေရးက ထုတ္ျပန္ထားတဲ့ၫႊန္ၾကားခ်က္ကို လိုက္နာရင္ ပိုၿပီးေတာ့ အႏၲရာယ္ ကင္းတာ ေပါ့၊ အခုက အၿမဲတမ္းအားေနတာေပါ့၊ ဒါေၾကာင့္အိမ္မွာ ဟိုဟာေလးခ်က္ၾကည့္လိုက္ ဒီဟာေလး ခ်က္ၾကည့္လိုက္နဲ႔ လုပ္ေနတယ္၊ အခ်ိန္က ဘယ္လိုကုန္ေအာင္လုပ္ရမလဲ မသိဘူး ျဖစ္ေနတယ္၊ အခုက အားေနေပမယ့္ စိတ္ကို သီခ်င္းထဲအျပည့္အဝထည့္ဖို႔လည္း မလုပ္ႏိုင္ဘူး၊ စိုးရိမ္စိတ္ေတြနဲ႔ စိတ္က စုစည္းဖို႔လည္း စိတ္ကမပါ သလို ျဖစ္ေနတယ္၊ ကိုယ္က ကေလးလည္း ရွိေတာ့ ပိုၿပီးေတာ့လည္းဆင္ဆင္ျခင္ျခင္ ေနရတယ္”လို႔ ေတးသံရွင္ စည္သူလြင္က ရွင္းျပပါ တယ္။

အခုဆိုရင္ သူဟာအိမ္ထဲကအိမ္ျပင္သိပ္မထြက္ဘဲ မျဖစ္မေနဝယ္စရာျခမ္းစရာရွိတာေတာင္ ႏွစ္ပတ္ တစ္ႀကိမ္ေလာက္သာ အျပင္ထြက္ေလ့ရွိေၾကာင္း၊ ေရာဂါႀကီး အျမန္ဆုံးၿပီးစီးဖို႔ ေမွ်ာ္လင့္ကာ ၿပီးစီးေအာင္ ဆုေတာင္းေနရေၾကာင္း သိရသည္။ “အခုလို အေျခအေနကို ဆက္ ထိန္းေပးထားဖို႔လိုမယ္ထင္တယ္၊ ဗိုင္းရပ္စ္ဆိုတာကေတာ့ သူ႔အရွိန္ကုန္ရင္ ရပ္သြားမွာပဲေလ၊ အရွိန္လည္းတကယ္ကုန္သြားၿပီ၊ ေသခ်ာၿပီ ကာကြယ္ေဆးေတြလည္း ေတြ႕ၿပီဆိုမွပဲ အစ္ကိုတို႔ အားလုံးက ရဲရဲဝံ့ဝံ့ေပ်ာ္ႏိုင္မွာေပါ့ေနာ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း