လာမယ့် ဖေဖော်ဝါရီလထဲ ဒုတိယမြောက်ရင်သွေးမွေးဖွားဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် မိုးယုစံ

လာမယ့် ဖေဖော်ဝါရီလထဲ ဒုတိယမြောက်ရင်သွေးမွေးဖွားဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် မိုးယုစံ

သရုပ်ဆောင် မိုးယုစံဟာ လာမယ့် ဖေဖော်ဝါရီလထဲ မွေးဖွားတော့မယ့် ဒုတိယမြောက်ရင်သွေးလေးအတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူမဟာ ပထမဆုံးသားဦးလေး မွေးဖွားပြီးနောက် သုံးနှစ်ကျော်အကွာမှာ အခုလို ဒုတိယမြောက်ရင်သွေးလေးမွေးဖွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

“အနုပညာအလုပ်တွေကတော့ ခဏနားထားပါတယ်၊ လောလောဆယ်မှာ မွေးဖို့ဖွားဖို့ပြင်ဆင်နေတယ်၊ ဆရာဝန်က ဖေဖော်ဝါရီလထဲတော့ Date ပေးထားတယ်လေ၊ သားကြီးကလည်း ဗိုက်ထဲကမွေးလာမယ့် သူ့ညီလေးကို အရမ်းတွေ့ချင်နေပြီ၊ အရမ်းလည်းပျော်ရွှင်နေကြတယ်” လို့ ၎င်းက ပြောပြပါတယ်။

အဆိုပါ ဖေဖော်ဝါရီလအတွင်း မွေးဖွားမယ့် သားလေးရဲ့ နာမည်ကို Kevin လို့ အမည်ပေးထားပြီး သားကြီးဖြစ်တဲ့ Austin ခေါ် ကောင်းသိင်္ခမိုးသူကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လထဲမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။သူမဟာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေအများအပြား  ရိုက်ကူးခဲ့ဖူးသူတစ်ဦးဖြစ်သလို သားအကြီးမွေးဖွားပြီးနောက်မှာ ကြော်ငြာတွေအများအပြားကိုလည်း ရိုက်ကူးလာခဲ့ရပြီး ပရိသတ်အခိုင်အမာလည်းရရှိထားသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နောက်ထပ်မွေးဖွားမယ့် သူမရဲ့ဒုတိယမြောက်ရင်သွေးလေးအတွက် ကြိုဆိုတဲ့အထိမ်းအမှတ်အနေနဲ့ Baby Shower ပွဲလေးကို သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်းတွေက Surprise ပွဲလေးအဖြစ် လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - မိုးယုစံ)
ရန်ကုန်၊ ဇန်နဝါရီ - ၉

( Zawgyi )

သ႐ုပ္ေဆာင္ မိုးယုစံဟာ လာမယ့္ ေဖေဖာ္ဝါရီလထဲ ေမြးဖြားေတာ့မယ့္ ဒုတိယေျမာက္ရင္ေသြးေလးအတြက္ လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သူမဟာ ပထမဆုံးသားဦးေလး ေမြးဖြားၿပီးေနာက္ သုံးႏွစ္ေက်ာ္အကြာမွာ အခုလို ဒုတိယေျမာက္ရင္ေသြးေလးေမြးဖြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

“အႏုပညာအလုပ္ေတြကေတာ့ ခဏနားထားပါတယ္၊ ေလာေလာဆယ္မွာ ေမြးဖို႔ဖြားဖို႔ျပင္ဆင္ေနတယ္၊ ဆရာဝန္က ေဖေဖာ္ဝါရီလထဲေတာ့ Date ေပးထားတယ္ေလ၊ သားႀကီးကလည္း ဗိုက္ထဲကေမြးလာမယ့္ သူ႔ညီေလးကို အရမ္းေတြ႕ခ်င္ေနၿပီ၊ အရမ္းလည္းေပ်ာ္႐ႊင္ေနၾကတယ္” လို႔ ၎က ေျပာျပပါတယ္။

အဆိုပါ ေဖေဖာ္ဝါရီလအတြင္း ေမြးဖြားမယ့္ သားေလးရဲ႕ နာမည္ကို Kevin လို႔ အမည္ေပးထားၿပီး သားႀကီးျဖစ္တဲ့ Austin ေခၚ ေကာင္းသိခၤမိုးသူကို ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လထဲမွာ ေမြးဖြားခဲ့တယ္လို႔ သိရပါတယ္။သူမဟာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ဗီဒီယိုဇာတ္ကားေတြ၊ ႐ုပ္ရွင္ဇာတ္ကားေတြအမ်ားအျပား  ႐ိုက္ကူးခဲ့ဖူးသူတစ္ဦးျဖစ္သလို သားအႀကီးေမြးဖြားၿပီးေနာက္မွာ ေၾကာ္ျငာေတြအမ်ားအျပားကိုလည္း ႐ိုက္ကူးလာခဲ့ရၿပီး ပရိသတ္အခိုင္အမာလည္းရရွိထားသူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ေနာက္ထပ္ေမြးဖြားမယ့္ သူမရဲ႕ဒုတိယေျမာက္ရင္ေသြးေလးအတြက္ ႀကိဳဆိုတဲ့အထိမ္းအမွတ္အေနနဲ႔ Baby Shower ပြဲေလးကို သူမရဲ႕ခင္ပြန္းျဖစ္သူနဲ႔ သူငယ္ခ်င္းေတြက Surprise ပြဲေလးအျဖစ္ လြန္ခဲ့တဲ့ ဒီဇင္ဘာလအတြင္းမွာ က်င္းပခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - မိုးယုစံ)
ရန္ကုန္၊ ဇန္နဝါရီ - ၉