လုပ်နေကျပုံစံနဲ့မတူတဲ့ လှုပ်ရှားမှုမျိုး ပရိသတ်မြင်တွေ့လာဖို့ရှိတယ်ဆိုတဲ့ နွယ်ဒါလီထွန်း

လုပ်နေကျပုံစံနဲ့မတူတဲ့ လှုပ်ရှားမှုမျိုး ပရိသတ်မြင်တွေ့လာဖို့ရှိတယ်ဆိုတဲ့ နွယ်ဒါလီထွန်း

ယခုလာမယ့် ဇန်နဝါရီလထဲက စတင်ကာ ပုံမှန်လုပ်နေကျပုံစံမျိုးနဲ့မတူတဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအနေနဲ့ မြင်တွေ့လာဖို့ရှိတယ်လို့ သရုပ်ဆောင် နွယ်ဒါလီထွန်း က ပြောပါတယ်။

သူမရဲ့သရုပ်ဆောင်မှုအပေါ် ပရိသတ်အသိအမှတ်ပြုလာကာ အချိန်တိုအတွင်း အားပေးသူအခိုင်အမာရရှိနေသူလည်းဖြစ်ပြီး လက်ရှိကာလမှာလည်း ပရိသတ်တွေနဲ့ အွန်လိုင်းကနေ Live လွှင့်ကာ ပြောဆိုနေတာတွေကို လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

“ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်တွေအတွက် ကြိုတင်ပြင်ဆင်နေပါတယ်၊ အခုဇန်နဝါရီလထဲမှာ ဒါလီရဲ့ လုပ်နေကျပုံစံမျိုးမဟုတ်ဘဲ အနုပညာနဲ့ပတ်သက်တာကို ချပြဖို့ရှိတယ်၊ ဒါလီတို့အားလုံး ဒီကပ်ရောဂါကြီးကို အတူတကွကျော်ဖြတ်ကြမယ်၊ မကြာခင်မှာပဲ အရင်လိုအခြေအနေတွေ ပြန်ရောက်လာတော့မှာ ဒါ့အကြောင့် အားတင်းထားပါလို့ ပြောချင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

သူမဟာ ကလေးချစ်တတ်သူတစ်ဦးလည်းဖြစ်သလို တူ၊ တူမလေးတွေကို ထိန်းရင်းနဲ့ အချိန်ကုန်တာတွေလည်းရှိပြီး လောလောဆယ်မှာ အချစ်ရေးကိစ္စတွေထက် မိမိကိုယ်ကိုပိုချစ်လာတယ်လို့ ဆိုပါတယ်။

“ဒါလီဆိုရင် အသက် ၃၀ ကျော်သွားပြီ၊ ကိုယ့်ကိုယ်ကိုပြန်တွေးကြည့်တော့ နည်းနည်းဇီဇာကြောင်လာတယ် ထင်တာပဲ၊ အချစ်တစ်ခုတည်းနဲ့ ဘဝကိုရှေ့ဆက်လို့မရဘူးလို့ ယူဆတယ်၊ ကိုယ့်ကိုချစ်တဲ့သူလည်းကြုံခဲ့တယ်၊ ကိုယ်ကချစ်တဲ့သူလည်းတွေ့ခဲ့တယ်၊ အခုဆိုရင် ကိုယ့်ကိုယ်ကိုပိုချစ်လာတယ်၊ ဒါလီ အထက်မှာ အစ်မသုံးယောက်ရှိတယ်၊ ဒါလီက ကလေးချစ်တော့ တူလေးတွေ၊ တူမလေးတွေက ပေါက်စလေးတွေ၊ အရွယ်စုံနဲ့ ချစ်ဖြစ်တယ်၊ အိမ်ထောင်ပြုဖြစ်ရင်လည်း အနည်းဆုံးတော့ ကလေးသုံးယောက်လောက်ယူဖို့ စဉ်းစားတယ်၊ လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်၊ အနုပညာအလုပ်တွေလည်း ၂၀၂၁ ထဲမှာ ပိုပြီးလုပ်ဖြစ်ဖို့ မှန်းထားတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

ယခုလာမယ့္ ဇန္နဝါရီလထဲက စတင္ကာ ပုံမွန္လုပ္ေနက်ပုံစံမ်ိဳးနဲ႔မတူတဲ့ အႏုပညာလႈပ္ရွားမႈေတြကို ပရိသတ္ေတြအေနနဲ႔ ျမင္ေတြ႕လာဖို႔ရွိတယ္လို႔ သ႐ုပ္ေဆာင္ ႏြယ္ဒါလီထြန္း က ေျပာပါတယ္။

သူမရဲ႕သ႐ုပ္ေဆာင္မႈအေပၚ ပရိသတ္အသိအမွတ္ျပဳလာကာ အခ်ိန္တိုအတြင္း အားေပးသူအခိုင္အမာရရွိေနသူလည္းျဖစ္ၿပီး လက္ရွိကာလမွာလည္း ပရိသတ္ေတြနဲ႔ အြန္လိုင္းကေန Live လႊင့္ကာ ေျပာဆိုေနတာေတြကို လုပ္ကိုင္လ်က္ရွိတယ္လို႔ သိရပါတယ္။

“ေရွ႕ဆက္လုပ္မယ့္ အႏုပညာအလုပ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ေနပါတယ္၊ အခုဇန္နဝါရီလထဲမွာ ဒါလီရဲ႕ လုပ္ေနက်ပုံစံမ်ိဳးမဟုတ္ဘဲ အႏုပညာနဲ႔ပတ္သက္တာကို ခ်ျပဖို႔ရွိတယ္၊ ဒါလီတို႔အားလုံး ဒီကပ္ေရာဂါႀကီးကို အတူတကြေက်ာ္ျဖတ္ၾကမယ္၊ မၾကာခင္မွာပဲ အရင္လိုအေျခအေနေတြ ျပန္ေရာက္လာေတာ့မွာ ဒါ့အေၾကာင့္ အားတင္းထားပါလို႔ ေျပာခ်င္ပါတယ္” လို႔ ၎က ေျပာပါတယ္။

သူမဟာ ကေလးခ်စ္တတ္သူတစ္ဦးလည္းျဖစ္သလို တူ၊ တူမေလးေတြကို ထိန္းရင္းနဲ႔ အခ်ိန္ကုန္တာေတြလည္းရွိၿပီး ေလာေလာဆယ္မွာ အခ်စ္ေရးကိစၥေတြထက္ မိမိကိုယ္ကိုပိုခ်စ္လာတယ္လို႔ ဆိုပါတယ္။

“ဒါလီဆိုရင္ အသက္ ၃၀ ေက်ာ္သြားၿပီ၊ ကိုယ့္ကိုယ္ကိုျပန္ေတြးၾကည့္ေတာ့ နည္းနည္းဇီဇာေၾကာင္လာတယ္ ထင္တာပဲ၊ အခ်စ္တစ္ခုတည္းနဲ႔ ဘဝကိုေရွ႕ဆက္လို႔မရဘူးလို႔ ယူဆတယ္၊ ကိုယ့္ကိုခ်စ္တဲ့သူလည္းႀကဳံခဲ့တယ္၊ ကိုယ္ကခ်စ္တဲ့သူလည္းေတြ႕ခဲ့တယ္၊ အခုဆိုရင္ ကိုယ့္ကိုယ္ကိုပိုခ်စ္လာတယ္၊ ဒါလီ အထက္မွာ အစ္မသုံးေယာက္ရွိတယ္၊ ဒါလီက ကေလးခ်စ္ေတာ့ တူေလးေတြ၊ တူမေလးေတြက ေပါက္စေလးေတြ၊ အ႐ြယ္စုံနဲ႔ ခ်စ္ျဖစ္တယ္၊ အိမ္ေထာင္ျပဳျဖစ္ရင္လည္း အနည္းဆုံးေတာ့ ကေလးသုံးေယာက္ေလာက္ယူဖို႔ စဥ္းစားတယ္၊ ေလာေလာဆယ္ေတာ့ ကိုယ့္ကိုယ္ကိုအေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္၊ အႏုပညာအလုပ္ေတြလည္း ၂၀၂၁ ထဲမွာ ပိုၿပီးလုပ္ျဖစ္ဖို႔ မွန္းထားတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၂၁