လူရွှင်တော်တွေရဲ့ ညီညွတ်မှုကိုပြသဖို့ စီစဉ်နေတဲ့ ဒိန်းဒေါင်

လူရွှင်တော်တွေရဲ့ ညီညွတ်မှုကိုပြသဖို့ စီစဉ်နေတဲ့ ဒိန်းဒေါင်

ဟာသဇာတ်ကားတွေကို အများအပြားရိုက်ကူးလာခဲ့တဲ့ လူရွှင်တော် ဒိန်းဒေါင်ဟာ လက်ရှိကာလမှာ လူရွှင်တော်တွေရဲ့ ညီညွတ်မှုတစ်ရပ်ကို ပြသတဲ့အနေနဲ့ COVID 19 ကြောင့် ကွယ်လွန်သွားခဲ့တဲ့ ဦးဧရာအတွက် ရုပ်ထုလေးလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 

“အရင်က တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ဟာ လူရွှင်တော်တွေရဲ့ စည်းရုံးမှုအနေနဲ့လုပ်မယ်၊ အရင်က ဆုံးရင် EC အဖွဲ့တွေက ဆုံးဖြတ်ပြီး ကူညီတယ်၊ လှူဒါန်းတယ်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့နေရာတွေက ရှိသူတွေလည်းအပါအဝင် တတ်နိုင်သလောက်ပေ့ါ၊ အခု လူတိုင်း အဆင်မပြေမှန်းလည်းသိတယ်၊ ရှက်စရာမလိုဘူး၊ ၅၀၀ ဖြစ်ဖြစ် ၁၀၀၀ ပဲဖြစ်ဖြစ်လှူဒါန်းနိုင်တယ်၊ ဒါဟာအမှတ်တရလေးလည်း ဖြစ်မယ့်အပြင် ကျွန်တော်တို့တွေရဲ့ ညီညွတ်မှုကိုပြသတာလည်းဖြစ်မှာပါ” လို့ ၎င်းက ရှင်းပြပါတယ်။

 

သူဟာ လူရွှင်တော်အသင်းရဲ့ အကြီးအကဲတစ်ယောက်အဖြစ် တာဝန်ယူခဲ့စဉ်ကာလအတွင်း လူရွှင်တော်တွေရဲ့ သာရေး၊ နာရေးကိစ္စတွေမှာ အကူအညီပေးတာတွေရှိပေမယ့် အခုလိုအမှတ်တရရုပ်ထုလေးအဖြစ် လုပ်ဆောင်တာမျိုးမရှိသေးကြောင်း၊ ကွယ်လွန်သွားခဲ့တဲ့ လူရွှင်တော်ဧရာနဲ့လည်း ၎င်းက ကံစပ်သလိုဖြစ်ခဲ့ပြီး ဦးဧရာ မကွယ်လွန်ခင်က ထီရောင်းတဲ့အခါ ထီထိုးရာမှာ ဆုသေးလေး သုံးကြိမ်လောက်ပေါက်ခဲ့ဖူးတယ်လို့ လည်း သိရပါတယ်။

 

“လူရွှင်တော်တွေအပြင် ကျွန်တော်တို့ ပရိသတ်တွေရော သတိမူစရာ၊ နေ့မြင်ညပျောက်ခေတ်ကြီးမှာ အဓိက ကတော့ ကျွန်တော်က ကျန်းမာရေးဂရုစိုက်ပါလို့ ပြောပိုင်ခွင့်မရှိဘူး၊ ကျွန်တော်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ဂရုမစိုက်မိဘူး၊ အခုဆိုရင် ကျွန်တော် အသက်အရွယ်လည်းရလာတော့ သွားတွေကိုက်တယ်၊ ဆောင်းတွင်းဆိုတော့ အပူတွေ များပြီးတော့ ဝက်ခြံတွေပေါက်၊ အိပ်ရေးတွေပျက်ပေါ့နော်၊ သေခြင်းတရားဆိုတာက လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး၊ ဘယ်နေ့ဘယ်အချိန် ဘာရောဂါ ဘယ်တော့သေမလဲ၊ သေရင် ဘယ်ရောက်မလဲ ဘယ်သူမှမသိဘူး၊ ဘုရားရှိခိုးတာ အခုတော့ မပျက်ဘူး၊ ကျွန်တော်အရင်က အရက်သမားဘဝတုန်းက ပျက်ဖူးတယ်၊ အခုတော့ ဘ၀ကို အကျိုးရှိရှိနဲ့ဖြတ်သန်းဖို့ မှန်းထားတယ်” လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

 

ဇာတ်ကောင်မင်းသားနေရာကနေ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ချွန်တွန်း” ဟာသဇာတ်ကားဟာလည်း ပရိသတ်နှစ်သက်သူများခဲ့သလို လက်ရှိအချိန်မှာ အားပေးသူအခိုင်အမာရနေသူလည်း ဖြစ်ကြောင်း၊ ယင်းဇာတ်ကား နာမည်ကို အမှတ်တရအနေနဲ့ယူကာ “ချွန်တွန်း ပရဟိတအသင်း”ကို ထူထောင်ထားပြီး COVID ကာလထဲ အကူအညီပေးကာ ကုသိုလ်ပြုအလုပ်တွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  

 

မင်းခေတ်လင်း 

(ဓာတ်ပုံ - ဒိန်းဒေါင်)

ရန်ကုန်၊ ဇန်နဝါရီ - ၁၆

 

( Zawgyi )

 

ဟာသဇာတ္ကားေတြကို အမ်ားအျပား႐ိုက္ကူးလာခဲ့တဲ့ လူ႐ႊင္ေတာ္ ဒိန္းေဒါင္ဟာ လက္ရွိကာလမွာ လူ႐ႊင္ေတာ္ေတြရဲ႕ ညီၫြတ္မႈတစ္ရပ္ကို ျပသတဲ့အေနနဲ႔ COVID 19 ေၾကာင့္ ကြယ္လြန္သြားခဲ့တဲ့ ဦးဧရာအတြက္ ႐ုပ္ထုေလးလုပ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

 

“အရင္က တစ္ခါမွမလုပ္ခဲ့ဖူးတဲ့ဟာ လူ႐ႊင္ေတာ္ေတြရဲ႕ စည္း႐ုံးမႈအေနနဲ႔လုပ္မယ္၊ အရင္က ဆုံးရင္ EC အဖြဲ႕ေတြက ဆုံးျဖတ္ၿပီး ကူညီတယ္၊ လႉဒါန္းတယ္၊ ေျမာက္ဥကၠလာ၊ ေျမာက္ဒဂုံ၊ သာေကတ၊ လႈိင္သာယာ၊ ေ႐ႊျပည္သာ စတဲ့ေနရာေတြက ရွိသူေတြလည္းအပါအဝင္ တတ္ႏိုင္သေလာက္ေပ့ါ၊ အခု လူတိုင္း အဆင္မေျပမွန္းလည္းသိတယ္၊ ရွက္စရာမလိုဘူး၊ ၅၀၀ ျဖစ္ျဖစ္ ၁၀၀၀ ပဲျဖစ္ျဖစ္လႉဒါန္းႏိုင္တယ္၊ ဒါဟာအမွတ္တရေလးလည္း ျဖစ္မယ့္အျပင္ ကြၽန္ေတာ္တို႔ေတြရဲ႕ ညီၫြတ္မႈကိုျပသတာလည္းျဖစ္မွာပါ” လို႔ ၎က ရွင္းျပပါတယ္။

 

သူဟာ လူ႐ႊင္ေတာ္အသင္းရဲ႕ အႀကီးအကဲတစ္ေယာက္အျဖစ္ တာဝန္ယူခဲ့စဥ္ကာလအတြင္း လူ႐ႊင္ေတာ္ေတြရဲ႕ သာေရး၊ နာေရးကိစၥေတြမွာ အကူအညီေပးတာေတြရွိေပမယ့္ အခုလိုအမွတ္တရ႐ုပ္ထုေလးအျဖစ္ လုပ္ေဆာင္တာမ်ိဳးမရွိေသးေၾကာင္း၊ ကြယ္လြန္သြားခဲ့တဲ့ လူ႐ႊင္ေတာ္ဧရာနဲ႔လည္း ၎က ကံစပ္သလိုျဖစ္ခဲ့ၿပီး ဦးဧရာ မကြယ္လြန္ခင္က ထီေရာင္းတဲ့အခါ ထီထိုးရာမွာ ဆုေသးေလး သုံးႀကိမ္ေလာက္ေပါက္ခဲ့ဖူးတယ္လို႔ လည္း သိရပါတယ္။

 

“လူ႐ႊင္ေတာ္ေတြအျပင္ ကြၽန္ေတာ္တို႔ ပရိသတ္ေတြေရာ သတိမူစရာ၊ ေန႔ျမင္ညေပ်ာက္ေခတ္ႀကီးမွာ အဓိက ကေတာ့ ကြၽန္ေတာ္က က်န္းမာေရးဂ႐ုစိုက္ပါလို႔ ေျပာပိုင္ခြင့္မရွိဘူး၊ ကြၽန္ေတာ္ကိုယ္တိုင္က ကိုယ့္ကိုယ္ကို ဂ႐ုမစိုက္မိဘူး၊ အခုဆိုရင္ ကြၽန္ေတာ္ အသက္အ႐ြယ္လည္းရလာေတာ့ သြားေတြကိုက္တယ္၊ ေဆာင္းတြင္းဆိုေတာ့ အပူေတြ မ်ားၿပီးေတာ့ ဝက္ၿခံေတြေပါက္၊ အိပ္ေရးေတြပ်က္ေပါ့ေနာ္၊ ေသျခင္းတရားဆိုတာက လူမ်ိဳးမေ႐ြး ဘာသာမေ႐ြး အသက္အ႐ြယ္မေ႐ြး၊ ဘယ္ေန႔ဘယ္အခ်ိန္ ဘာေရာဂါ ဘယ္ေတာ့ေသမလဲ၊ ေသရင္ ဘယ္ေရာက္မလဲ ဘယ္သူမွမသိဘူး၊ ဘုရားရွိခိုးတာ အခုေတာ့ မပ်က္ဘူး၊ ကြၽန္ေတာ္အရင္က အရက္သမားဘဝတုန္းက ပ်က္ဖူးတယ္၊ အခုေတာ့ ဘ၀ကို အက်ိဳးရွိရွိနဲ႔ျဖတ္သန္းဖို႔ မွန္းထားတယ္” လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

 

ဇာတ္ေကာင္မင္းသားေနရာကေန သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခြၽန္တြန္း” ဟာသဇာတ္ကားဟာလည္း ပရိသတ္ႏွစ္သက္သူမ်ားခဲ့သလို လက္ရွိအခ်ိန္မွာ အားေပးသူအခိုင္အမာရေနသူလည္း ျဖစ္ေၾကာင္း၊ ယင္းဇာတ္ကား နာမည္ကို အမွတ္တရအေနနဲ႔ယူကာ “ခြၽန္တြန္း ပရဟိတအသင္း”ကို ထူေထာင္ထားၿပီး COVID ကာလထဲ အကူအညီေပးကာ ကုသိုလ္ျပဳအလုပ္ေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။  

 

မင္းေခတ္လင္း 

(ဓာတ္ပုံ - ဒိန္းေဒါင္)

ရန္ကုန္၊ ဇန္နဝါရီ - ၁၆