ဝါသနာပါတဲ့ သားအတွက် ကူညီမယ့် သရုပ်ဆောင် ကိုကိုဦး

ဝါသနာပါတဲ့ သားအတွက် ကူညီမယ့် သရုပ်ဆောင် ကိုကိုဦး

မြန်မာဇာတ်လမ်းတွေထဲမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဗီလိန်ဇာတ်ရုပ်နေရာက သရုပ်ဆောင်နေတဲ့ ကိုကိုဦး ဟာ သူ့ရဲ့သားအတွက် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော့် ဇာတ်ရုပ်နေရာကိုတော့ ဆွဲဖော်ဖို့အကြောင်း မရှိပါဘူး၊ သူကလည်း သရုပ်ဆောင် ဝါသနာပါတာပါ၊ ပရိုဂျူဆာတွေ၊ ထုတ်လုပ်ရေးတွေက ခေါ်ပြီးရိုက်ရင်တော့ သူပါသွားမှာပါ၊ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တတ်ထားသလောက်တော့ သင်ပေးမှာပါ၊ ဒါပေမဲ့ ကျွန်တော်လုပ်နေရတဲ့ ဇာတ်ရုပ်နေရာနဲ့က နည်းနည်းတော့ ကွာတာပေါ့လေ၊ သူက မင်းသားဖြစ်ချင်တာ” လို့လည်း ဗီလိန်သရုပ်ဆောင် ကိုကိုဦး က ပြောပါတယ်။

သူဟာ ရုပ်ရှင်ရိုက်ကူးတာတွေကို ငါးနှစ်လောက် ရပ်နားခဲ့ပြီးနောက် အခုတစ်ဖန် ပြန်လည်ကာလုပ်ကိုင်ရင်း သားဖြစ်သူကိုပါ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ပံ့ပိုးရင်း သူကိုယ်တိုင်လည်း ပြန်လည်ရိုက်ကူးလာတာ ဖြစ်ပါတယ်။

“သရုပ်ဆောင် ဆိုတာကတော့ ကိုယ်ပါဝင်တဲ့ ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင်ဖြစ်အောင် လုပ်ရတာပါ၊ ဒါကို သူကရှက်တယ်၊ မင်းသမီးတွေကို ဆွဲလားရမ်းလားလုပ်ရင် သူကရှက်တယ်၊ ဒါကိုလည်း သူနားလည်အောင် ပြောရတာပေါ့လေ၊ ကျွန်တော့်နေရာက ဗီလိန်နေရာက လုပ်ရတာဆိုတော့ ကျွန်တော်တို့က သရုပ်ဆောင်တာက ကြမ်းကြမ်းရမ်းရမ်း လုပ်ရတာလေ” လို့လည်း ကိုကိုဦး က ရှင်းပြပါတယ်။

သားဖြစ်သူဟာ ကျောင်းတက်နေသလို ကြော်ငြာတွေလည်း ရိုက်ကူးဖို့ရှိနေပြီး အကယ်ဒမီပေးပွဲမှာ ရွှေကြိုများအဖြစ် ပါဝင်ခွင့်ရဖို့လည်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“သူ့ကို အကယ်ဒမီဗန်းကိုင်အတွက်ပေါ့နော် ရွှေကြိုမှာ ပါစေချင်တယ်၊ ပါဖို့အတွက်လည်း ကျွန်တော် လွန်ခဲ့တဲ့သုံးလလောက် ကတည်းက ပြောထားတာပါ၊ ဒါပေမဲ့ ကျွန်တော်ပြောထားတဲ့ လူကြီးကတစ်ဖွဲ့လေ၊  သူတို့ကတော့ အေး စိတ်ချတဲ့၊ ကိုယ့်မိသားစုဝင်တွေထဲကပဲ ပြန်ရွေးမှာ ထည့်ပေးမယ်ပြောပေမယ့် အခု သူတို့ဖွဲ့စည်းထားတာ နောက်တစ်ဖွဲ့ဖြစ်နေတော့ ဒီအဖွဲ့နဲ့ ဟိုဘက်အဖွဲ့နဲ့က မချိတ်မိဘူး၊ ကိုဇင်ဝိုင်း ကတော့ ပြောပါတယ်၊ နောက်နှစ်ခါမှာ ပါရစေမယ်ပေါ့၊ ကျွန်တော်လည်း သူ့ကို ပါရဖို့မျှော်လင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အနုပညာလောကကို စတင်ဝင်ရောက်မယ့်သူတွေအနေနဲ့ လူသိများကာ မိမိတို့ရဲ့ အိပ်မက်ကို အကောင်အထည်ပေါ်လာစေဖို့ အများစုဟာ အကယ်ဒမီပေးပွဲရဲ့ ရွှေကြိုဗန်းကိုင်တွေအဖြစ် ပါဝင်ခွင့်ရအောင် ကြိုးစားနေတာဖြစ်သလို အရင်နှစ်တွေက ရွှေကြိုတွေအတွက် ပြင်ပမှ ရွေးချယ်ခေါ်ယူလေ့ရှိသော်လည်း ဒီနှစ်မှာတော့ အနုပညာရှင်အသိုက်အဝန်း မိသားစုတွေထဲကသာ ပြန်လည်ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၈

( Zawgyi )

ျမန္မာဇာတ္လမ္းေတြထဲမွာ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ဗီလိန္ဇာတ္႐ုပ္ေနရာက သ႐ုပ္ေဆာင္ေနတဲ့ ကိုကိုဦး ဟာ သူ႔ရဲ႕သားအတြက္ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ အကူအညီေတြ ေပးဖို႔ရွိတယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ့္ ဇာတ္႐ုပ္ေနရာကိုေတာ့ ဆြဲေဖာ္ဖို႔အေၾကာင္း မရွိပါဘူး၊ သူကလည္း သ႐ုပ္ေဆာင္ ဝါသနာပါတာပါ၊ ပ႐ိုဂ်ဴဆာေတြ၊ ထုတ္လုပ္ေရးေတြက ေခၚၿပီး႐ိုက္ရင္ေတာ့ သူပါသြားမွာပါ၊ သ႐ုပ္ေဆာင္တာနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တတ္ထားသေလာက္ေတာ့ သင္ေပးမွာပါ၊ ဒါေပမဲ့ ကြၽန္ေတာ္လုပ္ေနရတဲ့ ဇာတ္႐ုပ္ေနရာနဲ႔က နည္းနည္းေတာ့ ကြာတာေပါ့ေလ၊ သူက မင္းသားျဖစ္ခ်င္တာ” လို႔လည္း ဗီလိန္သ႐ုပ္ေဆာင္ ကိုကိုဦး က ေျပာပါတယ္။

သူဟာ ႐ုပ္ရွင္႐ိုက္ကူးတာေတြကို ငါးႏွစ္ေလာက္ ရပ္နားခဲ့ၿပီးေနာက္ အခုတစ္ဖန္ ျပန္လည္ကာလုပ္ကိုင္ရင္း သားျဖစ္သူကိုပါ သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ ပံ့ပိုးရင္း သူကိုယ္တိုင္လည္း ျပန္လည္႐ိုက္ကူးလာတာ ျဖစ္ပါတယ္။

“သ႐ုပ္ေဆာင္ ဆိုတာကေတာ့ ကိုယ္ပါဝင္တဲ့ ဇာတ္႐ုပ္ေနရာကေန ပီပီျပင္ျပင္ျဖစ္ေအာင္ လုပ္ရတာပါ၊ ဒါကို သူကရွက္တယ္၊ မင္းသမီးေတြကို ဆြဲလားရမ္းလားလုပ္ရင္ သူကရွက္တယ္၊ ဒါကိုလည္း သူနားလည္ေအာင္ ေျပာရတာေပါ့ေလ၊ ကြၽန္ေတာ့္ေနရာက ဗီလိန္ေနရာက လုပ္ရတာဆိုေတာ့ ကြၽန္ေတာ္တို႔က သ႐ုပ္ေဆာင္တာက ၾကမ္းၾကမ္းရမ္းရမ္း လုပ္ရတာေလ” လို႔လည္း ကိုကိုဦး က ရွင္းျပပါတယ္။

သားျဖစ္သူဟာ ေက်ာင္းတက္ေနသလို ေၾကာ္ျငာေတြလည္း ႐ိုက္ကူးဖို႔ရွိေနၿပီး အကယ္ဒမီေပးပြဲမွာ ေ႐ႊႀကိဳမ်ားအျဖစ္ ပါဝင္ခြင့္ရဖို႔လည္း ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

“သူ႔ကို အကယ္ဒမီဗန္းကိုင္အတြက္ေပါ့ေနာ္ ေ႐ႊႀကိဳမွာ ပါေစခ်င္တယ္၊ ပါဖို႔အတြက္လည္း ကြၽန္ေတာ္ လြန္ခဲ့တဲ့သုံးလေလာက္ ကတည္းက ေျပာထားတာပါ၊ ဒါေပမဲ့ ကြၽန္ေတာ္ေျပာထားတဲ့ လူႀကီးကတစ္ဖြဲ႕ေလ၊  သူတို႔ကေတာ့ ေအး စိတ္ခ်တဲ့၊ ကိုယ့္မိသားစုဝင္ေတြထဲကပဲ ျပန္ေ႐ြးမွာ ထည့္ေပးမယ္ေျပာေပမယ့္ အခု သူတို႔ဖြဲ႕စည္းထားတာ ေနာက္တစ္ဖြဲ႕ျဖစ္ေနေတာ့ ဒီအဖြဲ႕နဲ႔ ဟိုဘက္အဖြဲ႕နဲ႔က မခ်ိတ္မိဘူး၊ ကိုဇင္ဝိုင္း ကေတာ့ ေျပာပါတယ္၊ ေနာက္ႏွစ္ခါမွာ ပါရေစမယ္ေပါ့၊ ကြၽန္ေတာ္လည္း သူ႔ကို ပါရဖို႔ေမွ်ာ္လင့္ပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

အႏုပညာေလာကကို စတင္ဝင္ေရာက္မယ့္သူေတြအေနနဲ႔ လူသိမ်ားကာ မိမိတို႔ရဲ႕ အိပ္မက္ကို အေကာင္အထည္ေပၚလာေစဖို႔ အမ်ားစုဟာ အကယ္ဒမီေပးပြဲရဲ႕ ေ႐ႊႀကိဳဗန္းကိုင္ေတြအျဖစ္ ပါဝင္ခြင့္ရေအာင္ ႀကိဳးစားေနတာျဖစ္သလို အရင္ႏွစ္ေတြက ေ႐ႊႀကိဳေတြအတြက္ ျပင္ပမွ ေ႐ြးခ်ယ္ေခၚယူေလ့ရွိေသာ္လည္း ဒီႏွစ္မွာေတာ့ အႏုပညာရွင္အသိုက္အဝန္း မိသားစုေတြထဲကသာ ျပန္လည္ေခၚယူမွာျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၈