ဝေဖန်တိုက်ခိုက်မှုများက တိုးတက်စေဖို့ ဖြစ်လာတယ်လို့ မော်ဒယ်သရုပ်ဆောင် ဇာဇာထက် ဆို

ဝေဖန်တိုက်ခိုက်မှုများက တိုးတက်စေဖို့ ဖြစ်လာတယ်လို့ မော်ဒယ်သရုပ်ဆောင် ဇာဇာထက် ဆို

အခုနောက်ပိုင်းမှာ ဝေဖန်တိုက်ခိုက်မှုတွေ များစွာကြုံခဲ့ရလာသလို အဲ့ဒီဝေဖန်တိုက်ခိုက်တာတွေဟာ သူ့အတွက်တော့ တိုးတက်ဖို့ဖြစ်လာတယ်လို့ မော်ဒယ်သရုပ်ဆောင် ဇာဇာထက် က ပြောကြားခဲ့ပါတယ်။

“သူများ တခြားသရုပ်ဆောင်တွေထက်ကို အစ်မတို့က ဝေဖန်ခံရပါတယ်၊ အစ်မတို့ Sexy Model တွေဆိုရင် ပိုပြီးဝေဖန်ခံရတာ အများဆုံးပါပဲ၊ အရင်ကတော့ ဝေဖန်ခံရတိုင်း အရမ်းကိုစိတ်ဓာတ်ကျခဲ့တယ်၊ သူများတွေလိုလည်း ရင်ဖွင့်ပြောပြဖို့ အဖေ အမေ မရှိတော့ ပိုပြီးခံရဆိုးတယ်လေ၊ တစ်ခါတလေဆိုရင် သေချင်စိတ်တောင် ဖြစ်မိပါတယ်၊ နောက်တော့လည်း တဖြေးဖြေးနဲ့ ကျင့်သားရသလိုဖြစ်သွားတယ်၊ ဝေဖန်သူတွေကတော့ ဘာလုပ်လုပ်ရှိနေမှာပဲလေ၊ အဲ့လိုခံယူပြီးတော့ တိုးတက်အောင် ကြိုးစားလိုစိတ်တွေ ဖြစ်လာပါတယ်၊ ဝေဖန်တိုင်းလည်း စိတ်ပျက်အားငယ်နေမှုထက် ပိုကြိုးစားပစ်တယ်၊ ဒါကြောင့်လည်း အခု အချိန်မှာ လူသိများလာတဲ့ အခြေအနေတစ်ခုကို ရောက်လာတာ ဖြစ်ပါတယ်” လို့ သူက အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ သူဟာ ကြော်ငြာဓာတ်ပုံတွေနဲ့ ပရိုမိုးရှင်းပွဲတွေအတွက် လုပ်ကိုင်နေရတာတွေ ရှိတယ်လို့ သိရပါတယ်။

“Sexy Model တွေက နိုင်ငံတကာမှာလည်း ရှိပါတယ်၊ ကိုယ်ဘာပဲလုပ်လုပ် ကောင်းတာလုပ်လည်း ပြောတဲ့သူရှိမှာပဲ၊ လူဆိုတာက ကိုယ့်စိတ်ထဲတစ်ခုခုကြောင့် မနှစ်မြို့ရင် ဝေဖန်မှာက သဘာဝပဲလေ၊ အစ်မကတော့ အခုနောက်ပိုင်း ဝေဖန်မှုတွေက တိုးတက်အောင်လုပ်ဖို့ ပိုကြိုးစားဖို့ တွန်းအားတွေလို့ ခံယူထားတယ်၊ အစ်မကို အားပေးတဲ့ ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးနဲ့ ပြောဆို ဆက်ဆံပါတယ်၊ အကောင်းဘက်ကနေ အားပေးတဲ့ ပရိသတ်တွေအခိုင်အမာရှိတာသိရလို့လည်း အရမ်းကျေနပ်ဝမ်းသာမိတယ်”လို့ မော်ဒယ်သရုပ်ဆောင် ဇာဇာထက် က ပြောပါတယ်။

သူမရဲ့ စိတ်ရင်းအမှန်မှာ ယောကျ်ားဆန်ဆန် ပြုမူနေထိုင်တတ်တာကြောင့် စကားပြောဆိုရာမှာလည်း ပွင့်လင်းတာကို နှစ်သက်သူဖြစ်သလို ဟန်ဆောင်မှုမရှိသူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ဆောင်မှုတွေနဲ့အတူ ကိုယ်ပိုင်ဆိုင်ကလေးတစ်ခုအဖြစ် ဖွင့်လှစ်ရင်း စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂

( Zawgyi )

အခုေနာက္ပိုင္းမွာ ေဝဖန္တိုက္ခိုက္မႈေတြ မ်ားစြာႀကဳံခဲ့ရလာသလို အဲ့ဒီေဝဖန္တိုက္ခိုက္တာေတြဟာ သူ႔အတြက္ေတာ့ တိုးတက္ဖို႔ျဖစ္လာတယ္လို႔ ေမာ္ဒယ္သ႐ုပ္ေဆာင္ ဇာဇာထက္ က ေျပာၾကားခဲ့ပါတယ္။

“သူမ်ား တျခားသ႐ုပ္ေဆာင္ေတြထက္ကို အစ္မတို႔က ေဝဖန္ခံရပါတယ္၊ အစ္မတို႔ Sexy Model ေတြဆိုရင္ ပိုၿပီးေဝဖန္ခံရတာ အမ်ားဆုံးပါပဲ၊ အရင္ကေတာ့ ေဝဖန္ခံရတိုင္း အရမ္းကိုစိတ္ဓာတ္က်ခဲ့တယ္၊ သူမ်ားေတြလိုလည္း ရင္ဖြင့္ေျပာျပဖို႔ အေဖ အေမ မရွိေတာ့ ပိုၿပီးခံရဆိုးတယ္ေလ၊ တစ္ခါတေလဆိုရင္ ေသခ်င္စိတ္ေတာင္ ျဖစ္မိပါတယ္၊ ေနာက္ေတာ့လည္း တေျဖးေျဖးနဲ႔ က်င့္သားရသလိုျဖစ္သြားတယ္၊ ေဝဖန္သူေတြကေတာ့ ဘာလုပ္လုပ္ရွိေနမွာပဲေလ၊ အဲ့လိုခံယူၿပီးေတာ့ တိုးတက္ေအာင္ ႀကိဳးစားလိုစိတ္ေတြ ျဖစ္လာပါတယ္၊ ေဝဖန္တိုင္းလည္း စိတ္ပ်က္အားငယ္ေနမႈထက္ ပိုႀကိဳးစားပစ္တယ္၊ ဒါေၾကာင့္လည္း အခု အခ်ိန္မွာ လူသိမ်ားလာတဲ့ အေျခအေနတစ္ခုကို ေရာက္လာတာ ျဖစ္ပါတယ္” လို႔ သူက အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အခုလတ္တေလာမွာေတာ့ သူဟာ ေၾကာ္ျငာဓာတ္ပုံေတြနဲ႔ ပ႐ိုမိုးရွင္းပြဲေတြအတြက္ လုပ္ကိုင္ေနရတာေတြ ရွိတယ္လို႔ သိရပါတယ္။

“Sexy Model ေတြက ႏိုင္ငံတကာမွာလည္း ရွိပါတယ္၊ ကိုယ္ဘာပဲလုပ္လုပ္ ေကာင္းတာလုပ္လည္း ေျပာတဲ့သူရွိမွာပဲ၊ လူဆိုတာက ကိုယ့္စိတ္ထဲတစ္ခုခုေၾကာင့္ မႏွစ္ၿမိဳ႕ရင္ ေဝဖန္မွာက သဘာဝပဲေလ၊ အစ္မကေတာ့ အခုေနာက္ပိုင္း ေဝဖန္မႈေတြက တိုးတက္ေအာင္လုပ္ဖို႔ ပိုႀကိဳးစားဖို႔ တြန္းအားေတြလို႔ ခံယူထားတယ္၊ အစ္မကို အားေပးတဲ့ ပရိသတ္ေတြကိုလည္း ရင္းရင္းႏွီးႏွီးနဲ႔ ေျပာဆို ဆက္ဆံပါတယ္၊ အေကာင္းဘက္ကေန အားေပးတဲ့ ပရိသတ္ေတြအခိုင္အမာရွိတာသိရလို႔လည္း အရမ္းေက်နပ္ဝမ္းသာမိတယ္”လို႔ ေမာ္ဒယ္သ႐ုပ္ေဆာင္ ဇာဇာထက္ က ေျပာပါတယ္။

သူမရဲ႕ စိတ္ရင္းအမွန္မွာ ေယာက်္ားဆန္ဆန္ ျပဳမူေနထိုင္တတ္တာေၾကာင့္ စကားေျပာဆိုရာမွာလည္း ပြင့္လင္းတာကို ႏွစ္သက္သူျဖစ္သလို ဟန္ေဆာင္မႈမရွိသူလည္း ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို လုပ္ေဆာင္မႈေတြနဲ႔အတူ ကိုယ္ပိုင္ဆိုင္ကေလးတစ္ခုအျဖစ္ ဖြင့္လွစ္ရင္း စီးပြားေရးလုပ္ငန္းေတြကိုလည္း လုပ္ကိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၂၂