သရုပ်ဆောင်လုပ်ရင်း ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်း လုပ်ဆောင်ဖြစ်နေတဲ့ မိုးဟေကို

သရုပ်ဆောင်လုပ်ရင်း ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်း လုပ်ဆောင်ဖြစ်နေတဲ့ မိုးဟေကို

ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ သရုပ်ဆောင် မိုးဟေကို ဟာ လတ်လောမှာ ရုပ်ရှင်ထုတ်လုပ်လုပ်ရေး အပိုင်းမှာလည်း အားပြုလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင်အလုပ် တစ်ဖက်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်တွေကိုလည်း မမောပန်းနိုင်အောင် လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

“သရုပ်ဆောင်လည်း လုပ်နေဦးမှာပါ၊ ထုတ်လုပ်ရေးအပိုင်းကလည်း လုပ်နေတာပေါ့၊ မိုး ကို ချစ်တဲ့ ပရိသတ်တွေအတွက် အများကြီးကြိုးစားနေပါတယ်” လို့လည်း သရုပ်ဆောင် မိုးဟေကို က ပြောပါတယ်။

သရုပ်ဆောင် အသစ်တွေကိုလည်း လက်တွဲခေါ်ရင်း မိမိဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။အခုနောက်ပိုင်း မြန်မာဗီဒီယိုတွေမှာ ဇာတ်လမ်းတွဲတွေ များလာတာနဲ့ ပတ်သက်လို့ “ဇာတ်လမ်းတွဲကလည်း ကောင်းပါတယ်၊ ဇာတ်ကားတွေလည်း ကောင်းတာပဲ၊ သူ့ဟာနဲ့သူ တစ်မျိုးစီပေါ့၊ ခေတ်ကာလအရ ဇာတ်လမ်းတွဲတွေ များလာတာပါ၊ အဲ့ဒီအပေါ်တော့ ဝေဖန်စရာမရှိပါဘူး၊ ကောင်းတဲ့ဟာမျိုးတစ်ခုပဲလို့ ပြောချင်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
 

ဟိုတစ်လောလောက်က သရုပ်ဆောင်မှု ခဏရပ်နားပေမယ့် အခုဆိုရင် သရုပ်ဆောင်တဲ့ အလုပ်ကိုလည်း ပြန်လည်လို့ လုပ်ကိုင်နေပြီလို့ သိရပါတယ်။သူမရဲ့ အနုပညာနဲ့ ဖန်တီးတင်ဆက်မယ့် ဇာတ်ကားတွေလည်း မကြာခင်မှာ ပရိသတ်ရှေ့ကို အများအပြားရောက်လာဖို့ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၂၇

( Zawgyi )




 


မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၂၇