သရုပ်ဆောင် ထက်ထက်မိုးဦး ခွဲစိတ်မှုအောင်မြင်

သရုပ်ဆောင် ထက်ထက်မိုးဦး ခွဲစိတ်မှုအောင်မြင်

ကျန်းမာရေးအခြေအနေကြောင့် မန္တလာဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး ဟာ ယနေ့(ဇွန်လ ၁၃ ရက်) မနက် မှာ ခွဲစိတ်ကုသမှုခံယူခဲ့ရာ ခွဲစိတ်မှုအောင်မြင်တဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။

တခြားသရုပ်ဆောင်တွေလိုမျိုး သူမဟာလူမှုကွန်ရက်ကို သိပ်အသုံးမပြုတာကြောင့် ပရိသတ်နဲ့ အလှမ်းဝေးကွာသလို ဖြစ်နေပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအနေကိုတော့ လူမှုကွန်ရက်ကနေ ပရိသတ်သိအောင် ထုတ်ဖော်ခဲ့ပါတယ်။ “စိတ်ပူကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ကျန်းမာရေးကောင်းလာတဲ့အခါ ပရိသတ်တွေရဲ့ အရှေ့ကို အရောက်လာခဲ့ပါဦးမယ်”လို့လည်း သရုပ်ဆောင် ထက်ထက်မိုးဦးက ဆိုပါတယ်။

သူမဟာ တစ်ချိန်က ရုပ်ရှင်နဲ့ဗီဒီယိုတွေ၊ ကြော်ငြာတွေမှာ ရေပန်းစားခဲ့ကာ အများဆုံးရိုက်ကူးထားသူလည်း ဖြစ်ပြီး အောင်မြင်မှုရနေတဲ့ ထိပ်တန်းမင်းသမီးတစ်ဦးလည်း ဖြစ်သလို ယခုအချိန်အထိအောင် သူမကိုချစ်ခင် အားပေးကြတဲ့ ပရိသတ် တွေလည်း အများအပြားရှိပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားသူလည်း ဖြစ်သလို မိသားစုနဲ့အတူ မိုးကုတ်မြို့မှာ ဘဝကိုအေးချမ်းစွာနေထိုင်သူလည်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့် ဆေးဝါးကုသမှုခံယူနေရပြီး မန္တလေးမြို့က မန္တလာဆေးရုံမှာ တက်ရောက်
ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၁၃

ထက်ထက်မိုးဦး FB

(  Zawgyi  )

 က်န္းမာေရးအေျခအေနေၾကာင့္ မႏၲလာေဆး႐ုံမွာ တက္ေရာက္ကုသမႈခံယူေနတဲ့ သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး ဟာ ယေန႔(ဇြန္လ ၁၃ ရက္) မနက္ မွာ ခြဲစိတ္ကုသမႈခံယူခဲ့ရာ ခြဲစိတ္မႈေအာင္ျမင္တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။

တျခားသ႐ုပ္ေဆာင္ေတြလိုမ်ိဳး သူမဟာလူမႈကြန္ရက္ကို သိပ္အသုံးမျပဳတာေၾကာင့္ ပရိသတ္နဲ႔ အလွမ္းေဝးကြာသလို ျဖစ္ေနေပမယ့္ သူ႔ရဲ႕က်န္းမာေရးအေျခအေနကိုေတာ့ လူမႈကြန္ရက္ကေန ပရိသတ္သိေအာင္ ထုတ္ေဖာ္ခဲ့ပါတယ္။ “စိတ္ပူၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္၊ က်န္းမာေရးေကာင္းလာတဲ့အခါ ပရိသတ္ေတြရဲ႕ အေရွ႕ကို အေရာက္လာခဲ့ပါဦးမယ္”လို႔လည္း သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးက ဆိုပါတယ္။

သူမဟာ တစ္ခ်ိန္က ႐ုပ္ရွင္နဲ႔ဗီဒီယိုေတြ၊ ေၾကာ္ျငာေတြမွာ ေရပန္းစားခဲ့ကာ အမ်ားဆုံး႐ိုက္ကူးထားသူလည္း ျဖစ္ၿပီး ေအာင္ျမင္မႈရေနတဲ့ ထိပ္တန္းမင္းသမီးတစ္ဦးလည္း ျဖစ္သလို ယခုအခ်ိန္အထိေအာင္ သူမကိုခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ ေတြလည္း အမ်ားအျပားရွိပါတယ္။ သူမအေနနဲ႔ အႏုပညာအလုပ္ေတြကို ေခတၱရပ္နားထားသူလည္း ျဖစ္သလို မိသားစုနဲ႔အတူ မိုးကုတ္ၿမိဳ႕မွာ ဘဝကိုေအးခ်မ္းစြာေနထိုင္သူလည္း ျဖစ္ပါတယ္။ ယခုေနာက္ပိုင္း က်န္းမာေရးအေျခအေနေၾကာင့္ ေဆးဝါးကုသမႈခံယူေနရၿပီး မႏၲေလးၿမိဳ႕က မႏၲလာေဆး႐ုံမွာ တက္ေရာက္
ေဆးကုသမႈခံယူေနတာ ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၁၃
ထက္ထက္မိုးဦး FB