သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့အထိမ်းအမှတ် ရွှေတိဂုံစေတီတော် သို့ ဆီးမီးပူဇော်ကာ ဘုရားဖူးများကိုကုသိုလ်ပြုလှူဒါန်း

 
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့အထိမ်းအမှတ် ရွှေတိဂုံစေတီတော် သို့ ဆီးမီးပူဇော်ကာ ဘုရားဖူးများကို ကုသိုလ်ပြုလှူဒါန်း

ပြည်တွင်းအနုပညာလောကမှာ အောင်မြင်နေသော သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ဟာ ဧပြီလ ၂၄ ရက်က ကျရောက်တဲ့ သူမမွေးနေ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ ညပိုင်းက ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်ကာ ဆီမီးများကပ်လှူရင်း ဘုရားဖူးလာသူတွေကို အချိုရည်တွေနဲ့ ဒါနပြုလှူဒါန်းခဲ့ပါတယ်။

သူမဟာ အသက် ၄၂ နှစ်ပြည့်ပြီဖြစ်ပေမယ့် အရွယ်တင်နုပျိုနေဆဲဖြစ်သလို သူမကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေနဲ့ ရွှေတိဂုံရင်ပြင်မှာ တိုးမပေါက်အောင် စည်ကားခဲ့ပါသေးတယ်။ မြောက်ဘက်စောင်းတန်း အနီးက အရုဏ်ခံတန်ဆောင်းကနေ စေတီတော်ကြီးကို ဖူးမြော်ပြီး တဲ့အခါမှာ ရင်ပြင်တော်မှာ ဆီမီးတွေကပ်လှူပြီး ကုသိုလ်ပြုလှူဒါန်းတာတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့အထိမ်း အမှတ်အဖြစ် မနက်ပိုင်းမှာတော့ ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းပြီး ကုသိုလ်ယူခဲ့သေးတယ်လို့ ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၂၅

(  Zawgyi  )

 ျပည္တြင္းအႏုပညာေလာကမွာ ေအာင္ျမင္ေနေသာ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ဟာ ဧၿပီလ ၂၄ ရက္က က်ေရာက္တဲ့ သူမေမြးေန႔အထိမ္းအမွတ္အျဖစ္ ဒီကေန႔ ညပိုင္းက ေ႐ႊတိဂုံေစတီေတာ္သို႔ လာေရာက္ ဖူးေျမာ္ကာ ဆီမီးမ်ားကပ္လႉရင္း ဘုရားဖူးလာသူေတြကို အခ်ိဳရည္ေတြနဲ႔ ဒါနျပဳလႉဒါန္းခဲ့ပါတယ္။

သူမဟာ အသက္ ၄၂ ႏွစ္ျပည့္ၿပီျဖစ္ေပမယ့္ အ႐ြယ္တင္ႏုပ်ိဳေနဆဲျဖစ္သလို သူမကို လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြနဲ႔ ေ႐ႊတိဂုံရင္ျပင္မွာ တိုးမေပါက္ေအာင္ စည္ကားခဲ့ပါေသးတယ္။ ေျမာက္ဘက္ေစာင္းတန္း အနီးက အ႐ုဏ္ခံတန္ေဆာင္းကေန ေစတီေတာ္ႀကီးကို ဖူးေျမာ္ၿပီး တဲ့အခါမွာ ရင္ျပင္ေတာ္မွာ ဆီမီးေတြကပ္လႉၿပီး ကုသိုလ္ျပဳလႉဒါန္းတာေတြကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔အထိမ္း အမွတ္အျဖစ္ မနက္ပိုင္းမွာေတာ့ ဆြမ္းခံႂကြတဲ့ သံဃာေတာ္ေတြကို ဆြမ္းေလာင္းၿပီး ကုသိုလ္ယူခဲ့ေသးတယ္လို႔ ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၂၅