သီချင်းအသစ်တွေ ထုတ်နိုင်ဖို့ လုပ်နေတဲ့ အေသင်ချိုဆွေ

သီချင်းအသစ်တွေ ထုတ်နိုင်ဖို့ လုပ်နေတဲ့ အေသင်ချိုဆွေ

တေးသံရှင် အေသင်ချိုဆွေ အနေနဲ့ မကြာခင်မှာ ပရိသတ်တွေရဲ့လက်ထဲကို ဖြန့်ချီပေးနိုင်ဖို့ တေးသီချင်း အသစ်တွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဘယ်တော့လောက် ထုတ်ဖြစ်မလဲဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး၊ ဒီနှစ်ထဲမှာ ထုတ်နိုင်အောင် မှန်းထားပါတယ်၊ အခုတော့ အဲ့ဒီသီချင်းတွေအတွက် ပြင်ဆင်နေပါတယ်” လို့ စာနယ်ဇင်းပွဲတစ်ခုကို တက်ရောက်လာတဲ့ တေးသံရှင် အေသင်ချိုဆွေ က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူဟာ “ပေါက်တဲ့အိုး” လို့ နာမည်ရသော တစ်ကိုယ်တော် တေးသီချင်းခွေကနေ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုများစွာကို ရရှိခဲ့ပြီး ဒုတိယမြောက်ဖြစ်တဲ့ “အနီးဆုံးလူ” လို့ နာမည်ရတဲ့ တစ်ကိုယ်တော်ခွေကိုလည်း ထုတ်လုပ်ခဲ့သလို ပရိသတ်တွေရဲ့ကြားမှာ နှစ်သက်ရေပန်းစားခဲ့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဂီတလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လထဲမှာတော့ “အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး” လို့ ဆိုတဲ့ တေးသီချင်းခွေနဲ့ ဂီတလောကထဲကို တစ်ကျော့ပြန်ကာ ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

သူဟာ တေးသီချင်းတွေ သီဆိုတာတွေသာမကဘဲ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ပြီး မြန်မာဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် Single Mother တစ်ယောက်အဖြစ်နဲ့ ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ အသက်နှစ်နှစ်နီးပါးသာ ရှိသေးတဲ့ သူမရဲ့ သမီးဖြစ်သူ Ivy နေမကောင်းဖြစ်နေတာကြောင့်လည်း သူမဟာ စိုးရိမ်ပူပန်ပြီး အလုပ်တွေရှုပ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၅

( Zawgyi )

ေတးသံရွင္ ေအသင္ခ်ိဳေဆြ အေနနဲ႔ မၾကာခင္မွာ ပရိသတ္ေတြရဲ႕လက္ထဲကို ျဖန႔္ခ်ီေပးႏိုင္ဖို႔ ေတးသီခ်င္း အသစ္ေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ဘယ္ေတာ့ေလာက္ ထုတ္ျဖစ္မလဲဆိုတာေတာ့ အတိအက်မေျပာႏိုင္ေသးဘူး၊ ဒီႏွစ္ထဲမွာ ထုတ္ႏိုင္ေအာင္ မွန္းထားပါတယ္၊ အခုေတာ့ အဲ့ဒီသီခ်င္းေတြအတြက္ ျပင္ဆင္ေနပါတယ္” လို႔ စာနယ္ဇင္းပြဲတစ္ခုကို တက္ေရာက္လာတဲ့ ေတးသံရွင္ ေအသင္ခ်ိဳေဆြ က သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သူဟာ “ေပါက္တဲ့အိုး” လို႔ နာမည္ရေသာ တစ္ကိုယ္ေတာ္ ေတးသီခ်င္းေခြကေန ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈမ်ားစြာကို ရရွိခဲ့ၿပီး ဒုတိယေျမာက္ျဖစ္တဲ့ “အနီးဆုံးလူ” လို႔ နာမည္ရတဲ့ တစ္ကိုယ္ေတာ္ေခြကိုလည္း ထုတ္လုပ္ခဲ့သလို ပရိသတ္ေတြရဲ႕ၾကားမွာ ႏွစ္သက္ေရပန္းစားခဲ့တဲ့ အေျခအေနမ်ိဳး ျဖစ္ခဲ့ပါတယ္။အဲ့ဒီေနာက္မွာ ဂီတေလာကထဲကေန ေပ်ာက္ကြယ္သြားခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဇူလိုင္လထဲမွာေတာ့ “အသည္းကြဲသီခ်င္းေတြ မဆိုေတာ့ဘူး” လို႔ ဆိုတဲ့ ေတးသီခ်င္းေခြနဲ႔ ဂီတေလာကထဲကို တစ္ေက်ာ့ျပန္ကာ ဝင္ေရာက္လာခဲ့တယ္လို႔ သိရပါတယ္။

သူဟာ ေတးသီခ်င္းေတြ သီဆိုတာေတြသာမကဘဲ သ႐ုပ္ေဆာင္အလုပ္ကိုလည္း လုပ္ကိုင္ခဲ့ၿပီး ျမန္မာဗီဒီယိုဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့အျပင္ Single Mother တစ္ေယာက္အျဖစ္နဲ႔ ဘဝကို ရဲရဲဝံ့ဝံ့ ရင္ဆိုင္ေနသူလည္း ျဖစ္ပါတယ္။

အခုရက္ပိုင္းမွာေတာ့ အသက္ႏွစ္ႏွစ္နီးပါးသာ ရွိေသးတဲ့ သူမရဲ႕ သမီးျဖစ္သူ Ivy ေနမေကာင္းျဖစ္ေနတာေၾကာင့္လည္း သူမဟာ စိုးရိမ္ပူပန္ၿပီး အလုပ္ေတြရႈပ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၅