သီလရှင် ၉ ရက် ဝတ်ပြီး စိတ်ရှည်လာတဲ့ တေးသံရှင် ပိုပို

သီလရှင် ၉ ရက် ဝတ်ပြီး စိတ်ရှည်လာတဲ့ တေးသံရှင် ပိုပို

တေးသံရှင် ပိုပို ဟာ မကြာသေးခင်က သီလရှင်ဝတ်ခဲ့ပြီး အဲ့ဒီလိုဝတ်ခဲ့တာဟာ သူ့စိတ်ထဲမှာသီလရှင် ဝတ်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရည်ရွယ်ချက်တစ်ခုကို ခိုင်ခိုင်မာမာနဲ့ အကောင်အထည်ဖော်လိုက်တာလို့ ဆိုပါတယ်။

“ဒါတောင်မှ တစ်ချို့က ကိုးရက်ပဲဝတ်လို့ဆိုပြီးတော့ ဝေဖန်ချင်ကြတယ်၊ တကယ်တော့ စိတ်ထဲမှာလည်း အရမ်းကို ပြင်းပြနေတာပါ၊ မိန်းကလေးတစ်ယောက် အနေနဲ့ ကတုံးတုံးဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ၊ ကိုယ့်စိတ်ထဲမှာ အရမ်းလုပ်ကိုင်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာပေါ့၊ ဘာမှလည်း မစဉ်းစားချင်တော့ဘူးလေ”လို့ တေးသံရှင် ပိုပိုက ပြောပါတယ်။

သူမဟာ ကိုးရက်အကြာသီလရှင်ဝတ်ခဲ့ပေမယ့် သူမရဲ့အပြုအမူအနေအထိုင်တွေဟာ အရင်နဲ့မတူဘဲ ပြောင်းလဲခဲ့သလို မပြောပြနိုင်လောက်အောင် ဘဝအတွက် အေးချမ်းမှုတွေကိုလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

“သီလရှင်ဝတ်နေချိန်မှာတော့ ပိုပြီးတော့ ကုသိုလ်တွေ လုပ်ဖြစ်ပါတယ်၊ တိရစ္ဆာန်လေးတွေ ကိုလည်း အစာကျွေးဖြစ်တယ်၊ နေ့စဉ်နေ့တိုင်းလည်း ကုသိုလ်တွေနဲ့ပဲလုပ်ဖြစ်တယ်၊ ညီမက အရင်တုန်းကဆိုရင် စိတ်တိုလွယ်တယ်၊ စိတ်ဆတ်တယ်၊ သီလရှင်ဝတ်ပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုလည်း သိသာလာပါတယ်၊ စကားအပြောအဆိုကအစ ပြောင်းသွားတယ်၊ စိတ်ရှည်လာတယ်၊ တော်ရုံတန်ရုံစိတ်တိုဒေါသဖြစ်စရာမျိုး ကြုံလာရင်တောင်မှ ထိန်းချုပ်နိုင်စွမ်းကောင်းလာတယ်၊ သီလရှင် ဝတ်နေချိန်မှာလည်း သီလသမာဓိ ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးတွေကို အနီးကပ်ဖူးမြော်ခွင့်လည်း ရပါသေးတယ်၊ သီလရှင်ဝတ်တဲ့ကာလဟာ ဘဝအတွက်တော့ အမှတ်တရတစ်ခုဆိုလည်း မမှားပါဘူး”လို့ တေးသံရှင် ပိုပိုက ရှင်းပြပါတယ်။

လတ်တလောမှာတော့ သီလရှင်ဝတ်ရာကနေ ပြန်ပြီးလူထွက်ခဲ့တာ မကြာသေးတဲ့အတွက် အနုပညာ အလုပ်တွေ မလုပ်ဖြစ်သေးဘဲ ဖြစ်နေပေမယ့် မကြာခင်မှာ လုပ်လက်စ တေးသီချင်းခွေအတွက်လည်း ပြန်လည်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သူမကို အားပေးတဲ့ ပရိသတ်တွေကိုလည်း တေးသံရှင် ပိုပိုက “ကိုယ်ယုံကြည်ရာကိုသာ စွဲစွဲမြဲမြဲဖြစ်အောင် လုပ်ပါလို့ ပြောချင်ပါတယ်၊ ကိုယ်ယုံကြည်ရာကို လုပ်ဖို့ဆိုရင် ရည်ရွယ်ချက် စိတ်ဓာတ်တွေ ခိုင်ခိုင်မာမာထားဖို့လည်း အရေးကြီးပါတယ်၊ ဝေဖန်မှုတွေ ဆိုတာကတော့ နေရာတကာမှာ ရှိနေတာပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၆

( Zawgyi )

ေတးသံရွင္ ပိုပို ဟာ မၾကာေသးခင္က သီလရွင္ဝတ္ခဲ့ၿပီး အဲ့ဒီလိုဝတ္ခဲ့တာဟာ သူ႔စိတ္ထဲမွာသီလရွင္ ဝတ္ဖို႔ ဆႏၵျပင္းျပေနတဲ့ ရည္႐ြယ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာနဲ႔ အေကာင္အထည္ေဖာ္လိုက္တာလို႔ ဆိုပါတယ္။

“ဒါေတာင္မွ တစ္ခ်ိဳ႕က ကိုးရက္ပဲဝတ္လို႔ဆိုၿပီးေတာ့ ေဝဖန္ခ်င္ၾကတယ္၊ တကယ္ေတာ့ စိတ္ထဲမွာလည္း အရမ္းကို ျပင္းျပေနတာပါ၊ မိန္းကေလးတစ္ေယာက္ အေနနဲ႔ ကတုံးတုံးဖို႔ဆိုတာ လြယ္တဲ့ကိစၥမွ မဟုတ္တာ၊ ကိုယ့္စိတ္ထဲမွာ အရမ္းလုပ္ကိုင္ခ်င္တဲ့ ရည္႐ြယ္ခ်က္တစ္ခုကို အေကာင္အထည္ေဖာ္ခဲ့တာေပါ့၊ ဘာမွလည္း မစဥ္းစားခ်င္ေတာ့ဘူးေလ”လို႔ ေတးသံရွင္ ပိုပိုက ေျပာပါတယ္။

သူမဟာ ကိုးရက္အၾကာသီလရွင္ဝတ္ခဲ့ေပမယ့္ သူမရဲ႕အျပဳအမူအေနအထိုင္ေတြဟာ အရင္နဲ႔မတူဘဲ ေျပာင္းလဲခဲ့သလို မေျပာျပႏိုင္ေလာက္ေအာင္ ဘဝအတြက္ ေအးခ်မ္းမႈေတြကိုလည္း ႀကဳံခဲ့ရတယ္လို႔ ဆိုပါတယ္။

“သီလရွင္ဝတ္ေနခ်ိန္မွာေတာ့ ပိုၿပီးေတာ့ ကုသိုလ္ေတြ လုပ္ျဖစ္ပါတယ္၊ တိရစာၦန္ေလးေတြ ကိုလည္း အစာေကြၽးျဖစ္တယ္၊ ေန႔စဥ္ေန႔တိုင္းလည္း ကုသိုလ္ေတြနဲ႔ပဲလုပ္ျဖစ္တယ္၊ ညီမက အရင္တုန္းကဆိုရင္ စိတ္တိုလြယ္တယ္၊ စိတ္ဆတ္တယ္၊ သီလရွင္ဝတ္ၿပီးေနာက္ပိုင္းမွာ ကိုယ့္ကိုယ္ကိုလည္း သိသာလာပါတယ္၊ စကားအေျပာအဆိုကအစ ေျပာင္းသြားတယ္၊ စိတ္ရွည္လာတယ္၊ ေတာ္႐ုံတန္႐ုံစိတ္တိုေဒါသျဖစ္စရာမ်ိဳး ႀကဳံလာရင္ေတာင္မွ ထိန္းခ်ဳပ္ႏိုင္စြမ္းေကာင္းလာတယ္၊ သီလရွင္ ဝတ္ေနခ်ိန္မွာလည္း သီလသမာဓိ ျပည့္စုံတဲ့ ဆရာေတာ္ဘုရားႀကီးေတြကို အနီးကပ္ဖူးေျမာ္ခြင့္လည္း ရပါေသးတယ္၊ သီလရွင္ဝတ္တဲ့ကာလဟာ ဘဝအတြက္ေတာ့ အမွတ္တရတစ္ခုဆိုလည္း မမွားပါဘူး”လို႔ ေတးသံရွင္ ပိုပိုက ရွင္းျပပါတယ္။

လတ္တေလာမွာေတာ့ သီလရွင္ဝတ္ရာကေန ျပန္ၿပီးလူထြက္ခဲ့တာ မၾကာေသးတဲ့အတြက္ အႏုပညာ အလုပ္ေတြ မလုပ္ျဖစ္ေသးဘဲ ျဖစ္ေနေပမယ့္ မၾကာခင္မွာ လုပ္လက္စ ေတးသီခ်င္းေခြအတြက္လည္း ျပန္လည္လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

သူမကို အားေပးတဲ့ ပရိသတ္ေတြကိုလည္း ေတးသံရွင္ ပိုပိုက “ကိုယ္ယုံၾကည္ရာကိုသာ စြဲစြဲၿမဲၿမဲျဖစ္ေအာင္ လုပ္ပါလို႔ ေျပာခ်င္ပါတယ္၊ ကိုယ္ယုံၾကည္ရာကို လုပ္ဖို႔ဆိုရင္ ရည္႐ြယ္ခ်က္ စိတ္ဓာတ္ေတြ ခိုင္ခိုင္မာမာထားဖို႔လည္း အေရးႀကီးပါတယ္၊ ေဝဖန္မႈေတြ ဆိုတာကေတာ့ ေနရာတကာမွာ ရွိေနတာပါပဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၆