သေဆုံးသွားသည့် “The Voice” ပြိုင်ပွဲဝင် ဂျန်နစ်ဖရီးမန်း၏သမီးငယ်ကိုစောင့်ရှောက်မည် မိုင်လီဆိုင်းရပ်

 
သေဆုံးသွားသည့် “The Voice” ပြိုင်ပွဲဝင် ဂျန်နစ်ဖရီးမန်း၏သမီးငယ်ကိုစောင့်ရှောက်မည်  မိုင်လီဆိုင်းရပ်

တနလာၤနေ့မနက်ကရုတ်တရက် သွေးကြောပိတ် ကာ ကွယ်လွန်သွားခဲ့တဲ့ “The Voice” ပြိုင်ပွဲဝင် ဂျန်နစ်ဖရီးမန်း ရဲ့ကျန်ရစ်နေသောမိသားစုများ အထူးသဖြင့်သူမရဲ့ ၁၂ နစ်အရွယ်သာ ရှိသေးတဲ့သမီးလေးဖြစ်သူ ဟမ်နာ့ ကို စောင့်ရှောက်သွားမယ်လို့ မိုင်လီဆိုင်းရပ်က သစ္စာဆိုခဲ့ပါတယ်။

 

ဂျန်နစ်ဖရီးမန်း က “The Voice” ပြိုင်ပွဲ ၁၃ ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး မိုင်လီဆိုင်းရပ် ဦးဆောင်တဲ့အဖွဲ့ထဲက သင်တန်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမကွယ်လွန်ပြီးနောက် မိုင်လီဆိုင်းရပ် က သူမ လူမှုကွန်ယက်ပေါ်မှာ “သူမကိုနောက်တစ်ကြိမ်ထွေးပွေ့ခွင့်ရဖို့ အတွက် ဒီကမ္ဘာမြေပေါ်ကနေ ကျွန်မကတိပေးပါတယ်။အစ်မရဲ့အဖိုးတန်သမီးရတနာလေး ကျွန်မရဲ့ညီမလေး ကိုစောင့်ရှောက်ပေး ပါ့မယ်။ အစ်မခင်ပွန်းနှင့်မိခင်ရဲ့အခက်ခဲဆုံးနေ့ရက်တွေမှာလည်း ကျွန်မတတ်စွမ်းသမျှကူညီပါ့မယ်။ ကျွန်မအစ်မကိုချစ်တယ်”ဆိုပြီးဖော်ပြခဲ့ပါတယ်။

 

ဒီနစ်စမှာလည်း ဂျန်နစ်ဖရီးမန်း ကသူမလူမှုကွန်ရက်မှာ “မိုင်လီဆိုင်းရပ် က ကျွန်မတို့ဆီလာပြီးတော့ အတည်တကျနေလို့ရမဲ့ အိမ်ရှာတွေ့သည်အထိ နေထိုင်ဖို့ အိမ် ကို စရံ ၆ လစာ ပေးပေးခဲ့ပါတယ်။ ဒါကြောင့်ကျွန်မ မပြိုလဲခဲ့ပါဘူး”  ဟုဖော်ပြခဲ့ပါတယ်။ သူမ ကွယ်လွန်ပြီးနောက် မိုင်လီဆိုင်းရပ်ဟာ “ဂျန်းနစ်အစ်မကကျွန်မရဲ့ကြယ်ပွင့်ပါ။ကျွန်မအစ်မကိုဘယ်တော့မှလက်မလျော့ဘူး။ကျွန်မအစ်မရဲ့နည်းပြမဟုတ်တော့သလိုဘယ်တုန်းကမှလဲမဟုတ်ခဲ့ပါဘူး။

အစ်မကျွန်မကိုသူများတွေကိုဘယ်လိုချစ်ရတယ်။ဘယ်လိုကြံကြံခံရပ်တည်ရတယ်။ကိုယ်ရည်ရွယ်ထားတဲ့အရာတွေကိုဘယ်လိုရယူဖို့ကြိုးစားရတယ်။ကျွန်မကိုယ်တိုင်ကိုတောင်လက်မလျော့ဖို့အစ်မသင်ပေးခဲ့ပါတယ်။ယုံကြည်မှုသာရှိရင်အရာရာအောင်မြင်မယ်ဆိုတာကိုပြောပြခဲ့ပါတယ်။အစ်မကကျွန်မရဲ့ကမ္ဘာပါ။ကျွန်မအစ်မကိုဘယ်တော့မှမေ့မှာမဟုတ်သလိုအမြဲလဲချစ်နေမှာပါ။ကျွန်မကအစ်မရဲ့ထာဝရညီမလေးပါ”ဟုရေးသားထားခဲ့ပါတယ်။

TT 

(   Zawgyi  )

 တနလာေနၤ့မနက္က႐ုတ္တရက္ ေသြးေၾကာပိတ္ ကာ ကြယ္လြန္သြားခဲ့တဲ့ “The Voice” ၿပိဳင္ပြဲဝင္ ဂ်န္နစ္ဖရီးမန္း ရဲ႕က်န္ရစ္ေနေသာမိသားစုမ်ား အထူးသျဖင့္သူမရဲ႕ ၁၂ နစ္အ႐ြယ္သာ ရွိေသးတဲ့သမီးေလးျဖစ္သူ ဟမ္နာ့ ကို ေစာင့္ေရွာက္သြားမယ္လို႔ မိုင္လီဆိုင္းရပ္က သစၥာဆိုခဲ့ပါတယ္။

 ဂ်န္နစ္ဖရီးမန္း က “The Voice” ၿပိဳင္ပြဲ ၁၃ ရဲ႕ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ၿပီး မိုင္လီဆိုင္းရပ္ ဦးေဆာင္တဲ့အဖြဲ႕ထဲက သင္တန္းသူတစ္ေယာက္ျဖစ္ပါတယ္။ သူမကြယ္လြန္ၿပီးေနာက္ မိုင္လီဆိုင္းရပ္ က သူမ လူမႈကြန္ယက္ေပၚမွာ “သူမကိုေနာက္တစ္ႀကိမ္ေထြးေပြ႕ခြင့္ရဖို႔ အတြက္ ဒီကမာၻေျမေပၚကေန ကြၽန္မကတိေပးပါတယ္။အစ္မရဲ႕အဖိုးတန္သမီးရတနာေလး ကြၽန္မရဲ႕ညီမေလး ကိုေစာင့္ေရွာက္ေပး ပါ့မယ္။ အစ္မခင္ပြန္းႏွင့္မိခင္ရဲ႕အခက္ခဲဆုံးေန႔ရက္ေတြမွာလည္း ကြၽန္မတတ္စြမ္းသမွ်ကူညီပါ့မယ္။ ကြၽန္မအစ္မကိုခ်စ္တယ္”ဆိုၿပီးေဖာ္ျပခဲ့ပါတယ္။

 ဒီနစ္စမွာလည္း ဂ်န္နစ္ဖရီးမန္း ကသူမလူမႈကြန္ရက္မွာ “မိုင္လီဆိုင္းရပ္ က ကြၽန္မတို႔ဆီလာၿပီးေတာ့ အတည္တက်ေနလို႔ရမဲ့ အိမ္ရွာေတြ႕သည္အထိ ေနထိုင္ဖို႔ အိမ္ ကို စရံ ၆ လစာ ေပးေပးခဲ့ပါတယ္။ ဒါေၾကာင့္ကြၽန္မ မၿပိဳလဲခဲ့ပါဘူး”  ဟုေဖာ္ျပခဲ့ပါတယ္။ သူမ ကြယ္လြန္ၿပီးေနာက္ မိုင္လီဆိုင္းရပ္ဟာ “ဂ်န္းနစ္အစ္မကကြၽန္မရဲ႕ၾကယ္ပြင့္ပါ။ကြၽန္မအစ္မကိုဘယ္ေတာ့မွလက္မေလ်ာ့ဘူး။ကြၽန္မအစ္မရဲ႕နည္းျပမဟုတ္ေတာ့သလိုဘယ္တုန္းကမွလဲမဟုတ္ခဲ့ပါဘူး။

အစ္မကြၽန္မကိုသူမ်ားေတြကိုဘယ္လိုခ်စ္ရတယ္။ဘယ္လိုႀကံႀကံခံရပ္တည္ရတယ္။ကိုယ္ရည္႐ြယ္ထားတဲ့အရာေတြကိုဘယ္လိုရယူဖို႔ႀကိဳးစားရတယ္။ကြၽန္မကိုယ္တိုင္ကိုေတာင္လက္မေလ်ာ့ဖို႔အစ္မသင္ေပးခဲ့ပါတယ္။ယုံၾကည္မႈသာရွိရင္အရာရာေအာင္ျမင္မယ္ဆိုတာကိုေျပာျပခဲ့ပါတယ္။အစ္မကကြၽန္မရဲ႕ကမာၻပါ။ကြၽန္မအစ္မကိုဘယ္ေတာ့မွေမ့မွာမဟုတ္သလိုအၿမဲလဲခ်စ္ေနမွာပါ။ကြၽန္မကအစ္မရဲ႕ထာဝရညီမေလးပါ”ဟုေရးသားထားခဲ့ပါတယ္။

TT