ဟာသဇာတ်ကားတွေကိုလည်း သရုပ်ဆောင်ရတာလွယ်တယ်လို့ မဆိုနိုင်ဟုဆို

ဟာသဇာတ်ကားတွေကိုလည်း သရုပ်ဆောင်ရတာလွယ်တယ်လို့ မဆိုနိုင်ဟုဆို

ဟာသဇာတ်ကားတွေမှာ သရုပ်ဆောင်ရတာဟာ လွယ်လွယ်ကူကူနဲ့ ပေါ့ပေ့ါပါးပါး သရုပ်ဆောင်ရတာမျိုး မဟုတ်ဘဲ ပရိသတ်ကို ရယ်မောပျော်ရွှင်နိုင်ဖို့ ကြိုးပမ်းရတာဖြစ်တယ်လို့ သရုပ်ဆောင် ခိုင်သင်းကြည်က ပြောပါတယ်။

“ဟာသကားမို့လို့ လွယ်တယ်လို့တော့ မဟုတ်ပါဘူး၊ ပရိသတ်ရဲ့ ရင်ထဲကိုရောက်အောင် လုပ်ဆောင်ရတာ ဖြစ်လို့ ကိုယ်တိုင်ကလည်း ဟာသစိတ်ကူးစိတ်သန်းမျိုးရှိဖို့လိုအပ်သလို ကိုယ်နဲ့ တွဲဖက်သရုပ်ဆောင် ရမယ့် သူတွေအချင်းချင်းကြားမှာလည်း အပြောအဆိုအပေးအယူ မျှတဖို့လည်း လိုအပ်ပါတယ်၊ ဒါမှလည်း ကြည့်တဲ့ ပရိသတ်အနေနဲ့ နှစ်သက်မှုရစေမှာ ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။ ယခုနောက်ပိုင်းမှာ သူမအနေနဲ့ ဟာသဇာတ်ကား တွေ အများဆုံးရိုက်ကူးထားပြီး ဒရမ်မာကားလည်း ရိုက်ထားတာရှိပေမယ့် ရုံတင်ဖို့စောင့်ဆိုင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။

“ဟာသကားတွေတော့ အများဆုံးရိုက်ဖြစ်ပါတယ်၊ ပရိသတ်ကိုပျော်ရွှင်မှုပေးစေချင်တာကြောင့်လည်း ဖြစ်ပါတယ်၊ ဒရမ်မာကားတွေလည်း ရိုက်တော့ရိုက်တယ်၊ နည်းတယ်လေ”လို့ သူကရှင်းပြပါတယ်။ ဟာသ ဇာတ်ကားတွေဟာလည်း ပရိသတ်တွေရဲ့အားပေးမှုရသလို ဟာသကားတွေကိုသာ ကြိုက်သူတွေလည်း အများအပြားရှိတာကြောင့်လည်း ရိုက်ကူးထုတ်လုပ်တာတွေ များပြားလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကိုခန့်နဲ့ တွဲရိုက်တာများတာကလည်း သူကလည်း ဟာသကားတွေမှာ သရုပ်ဆောင်တာ ပီပြင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသရုပ်ဆောင်နိုင်တာတွေကြောင့်လည်း ပါပါတယ်၊ သူလည်းပဲ ဟာသစိတ်ကူးစိတ်သန်းကောင်းတယ်၊ ဒါကြောင့်လည်း အတူသရုပ်ဆောင်တဲ့ ကားတွေများတာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

အနုပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ ကျရာဇာတ်ရုပ်မှာ ပရိသတ်နှစ်သက်မှုရအောင် ပီပီပြင်ပြင်သရုပ်ဆောင်နေရ သလို ဟာသဇာတ်ကားတွေ အပေါ် ဝေဖန်တိုက်ခိုက်တာတွေဟာ စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်မိတယ်လို့လည်း ဆိုပါသေးတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၇

(  Zawgyi  )

 ဟာသဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ရတာဟာ လြယ္လြယ္ကူကူနဲ႔ ေပါ့ေပ့ါပါးပါး သ႐ုပ္ေဆာင္ရတာမ်ိဳး မဟုတ္ဘဲ ပရိသတ္ကို ရယ္ေမာေပ်ာ္႐ႊင္ႏိုင္ဖို႔ ႀကိဳးပမ္းရတာျဖစ္တယ္လို႔ သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္က ေျပာပါတယ္။

“ဟာသကားမို႔လို႔ လြယ္တယ္လို႔ေတာ့ မဟုတ္ပါဘူး၊ ပရိသတ္ရဲ႕ ရင္ထဲကိုေရာက္ေအာင္ လုပ္ေဆာင္ရတာ ျဖစ္လို႔ ကိုယ္တိုင္ကလည္း ဟာသစိတ္ကူးစိတ္သန္းမ်ိဳးရွိဖို႔လိုအပ္သလို ကိုယ္နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ ရမယ့္ သူေတြအခ်င္းခ်င္းၾကားမွာလည္း အေျပာအဆိုအေပးအယူ မွ်တဖို႔လည္း လိုအပ္ပါတယ္၊ ဒါမွလည္း ၾကည့္တဲ့ ပရိသတ္အေနနဲ႔ ႏွစ္သက္မႈရေစမွာ ျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။ ယခုေနာက္ပိုင္းမွာ သူမအေနနဲ႔ ဟာသဇာတ္ကား ေတြ အမ်ားဆုံး႐ိုက္ကူးထားၿပီး ဒရမ္မာကားလည္း ႐ိုက္ထားတာရွိေပမယ့္ ႐ုံတင္ဖို႔ေစာင့္ဆိုင္းေနတာေတြ ရွိတယ္လို႔ သိရပါတယ္။

“ဟာသကားေတြေတာ့ အမ်ားဆုံး႐ိုက္ျဖစ္ပါတယ္၊ ပရိသတ္ကိုေပ်ာ္႐ႊင္မႈေပးေစခ်င္တာေၾကာင့္လည္း ျဖစ္ပါတယ္၊ ဒရမ္မာကားေတြလည္း ႐ိုက္ေတာ့႐ိုက္တယ္၊ နည္းတယ္ေလ”လို႔ သူကရွင္းျပပါတယ္။ ဟာသ ဇာတ္ကားေတြဟာလည္း ပရိသတ္ေတြရဲ႕အားေပးမႈရသလို ဟာသကားေတြကိုသာ ႀကိဳက္သူေတြလည္း အမ်ားအျပားရွိတာေၾကာင့္လည္း ႐ိုက္ကူးထုတ္လုပ္တာေတြ မ်ားျပားလာရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ “ကိုခန႔္နဲ႔ တြဲ႐ိုက္တာမ်ားတာကလည္း သူကလည္း ဟာသကားေတြမွာ သ႐ုပ္ေဆာင္တာ ပီျပင္တယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ အေကာင္းဆုံးျဖစ္ေအာင္ ပံ့ပိုးသ႐ုပ္ေဆာင္ႏိုင္တာေတြေၾကာင့္လည္း ပါပါတယ္၊ သူလည္းပဲ ဟာသစိတ္ကူးစိတ္သန္းေကာင္းတယ္၊ ဒါေၾကာင့္လည္း အတူသ႐ုပ္ေဆာင္တဲ့ ကားေတြမ်ားတာ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

အႏုပညာရွင္ေတြအေနနဲ႔ မိမိတို႔ရဲ႕ က်ရာဇာတ္႐ုပ္မွာ ပရိသတ္ႏွစ္သက္မႈရေအာင္ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ေနရ သလို ဟာသဇာတ္ကားေတြ အေပၚ ေဝဖန္တိုက္ခိုက္တာေတြဟာ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ျဖစ္မိတယ္လို႔လည္း ဆိုပါေသးတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၇