ဟာသရုပ်ရှင်ဇာတ်လမ်းတွေကလည်း ပရိသတ်အခိုင်အမာ ရှိနေကြကြောင်း သရုပ်ဆောင် အောင်မြင့်မြတ် က ပြောကြား

ဟာသရုပ်ရှင်ဇာတ်လမ်းတွေကလည်း ပရိသတ်အခိုင်အမာ ရှိနေကြကြောင်း သရုပ်ဆောင် အောင်မြင့်မြတ် က ပြောကြား

ဟာသရုပ်ရှင်ဇာတ်လမ်းတွေဟာ မြန်မာနိုင်ငံ တစ်ခုတည်းသာမကဘဲ တစ်ကမ္ဘာလုံးမှာလည်းရှိနေပြီး ပရိသတ် အခိုင်အမာရှိနေတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သရုပ်ဆောင် အောင်မြင့်မြတ် က ပြောပါတယ်။

“တစ်ကမ္ဘာလုံးမှာလည်း ဒီလိုရှိနေတာပဲလေ၊ ဘယ်နိုင်ငံမှာမဆိုရှိတယ်၊ အဲ့ဒါကြီးကို ဖြတ်ထုတ်ပစ်လို့ မရဘူးလေ၊ တစ်ချို့ဟာသကားတွေ တကယ်ကောင်းတာလည်းရှိတယ်၊ တစ်ချို့ကျတော့လည်း ကလိထိုးပြီး ရယ်ခိုင်းတာမျိုးလည်းရှိတယ်၊ ကျွန်တော်တို့ဆီမှာ ဆိုရင်လည်း ဟာသကားတွေ ကြည့်တဲ့သူလည်းများတယ်၊ ရုံပြည့်အောင်လည်း လူတွေဝင်နေတာပဲလေ၊ ကျွန်တော်တို့ဆီမှာက လက်လုပ်လက်စား များတယ်လေ၊ ကျွန်တော်က လာကြည့်တဲ့ ချာတိတ်တွေကို မေးကြည့်တယ်၊ ဘာလို့ကြည့်လဲဆိုတော့ သူတို့မငိုချင်ဘူးတဲ့လေ၊ သူ့လူတန်းစားနဲ့သူ ရှိတယ်ဆိုတော့ သူ့လူတန်းစားအတွက် အနုပညာကို ရပ်တည်နေမှာပဲလေ၊ ကျွန်တော်တို့လို ရုပ်ရှင်တွေအတွက်လည်း ကြည့်တဲ့လူတန်းစားက သပ်သပ်ရှိတယ်ဆိုတော့ ဒါကြီးကို ကျွန်တော် ဘာမှတော့ ဝေဖန်တာမျိုးတွေကို မပြောချင်ပါဘူး၊ သူ့ဟာနဲ့သူပါပဲ” လို့ သရုပ်ဆောင် အောင်မြင့်မြတ် က ဆိုပါတယ်။

လက်ရှိကာလမှာလည်း သူ့အနေနဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးနေတာကြောင့် ပရိသတ်ရှေ့မှာ ရောက်ရှိလာဖို့ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

သူဟာ ဥပါယ်တံမျဉ် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာ ပရိသတ်တွေရဲ့ အရှေ့မှာ သိပ်မတွေ့ရဘဲ ပျောက်နေတာနဲ့ ပတ်သက်လို့ သူက “ကျွန်တော် ပျောက်နေတာ မဟုတ်ပါဘူး၊ ကျွန်တော့်ကို အမြဲတမ်းကြည့်တဲ့ ပရိသတ်ကတော့ နားလည်တယ်၊ ကျွန်တော်ကတော့ ကိုယ့်စကေးနဲ့ကိုယ် သွားနေတာပါ၊ ပရိသတ်ရှေ့ကို အမြဲရောက်နေမှာပါ၊ ပရိသတ်အရှေ့ ရောက်လာဖို့လည်း ကြိုးစားနေပါတယ်” လို့ သူက ရှင်းပြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၂၅

( Zawgyi )

ဟာသ႐ုပ္ရွင္ဇာတ္လမ္းေတြဟာ ျမန္မာႏိုင္ငံ တစ္ခုတည္းသာမကဘဲ တစ္ကမာၻလုံးမွာလည္းရွိေနၿပီး ပရိသတ္ အခိုင္အမာရွိေနတဲ့ အေျခအေနမ်ိဳးျဖစ္တယ္လို႔ သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္ က ေျပာပါတယ္။

“တစ္ကမာၻလုံးမွာလည္း ဒီလိုရွိေနတာပဲေလ၊ ဘယ္ႏိုင္ငံမွာမဆိုရွိတယ္၊ အဲ့ဒါႀကီးကို ျဖတ္ထုတ္ပစ္လို႔ မရဘူးေလ၊ တစ္ခ်ိဳ႕ဟာသကားေတြ တကယ္ေကာင္းတာလည္းရွိတယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း ကလိထိုးၿပီး ရယ္ခိုင္းတာမ်ိဳးလည္းရွိတယ္၊ ကြၽန္ေတာ္တို႔ဆီမွာ ဆိုရင္လည္း ဟာသကားေတြ ၾကည့္တဲ့သူလည္းမ်ားတယ္၊ ႐ုံျပည့္ေအာင္လည္း လူေတြဝင္ေနတာပဲေလ၊ ကြၽန္ေတာ္တို႔ဆီမွာက လက္လုပ္လက္စား မ်ားတယ္ေလ၊ ကြၽန္ေတာ္က လာၾကည့္တဲ့ ခ်ာတိတ္ေတြကို ေမးၾကည့္တယ္၊ ဘာလို႔ၾကည့္လဲဆိုေတာ့ သူတို႔မငိုခ်င္ဘူးတဲ့ေလ၊ သူ႔လူတန္းစားနဲ႔သူ ရွိတယ္ဆိုေတာ့ သူ႔လူတန္းစားအတြက္ အႏုပညာကို ရပ္တည္ေနမွာပဲေလ၊ ကြၽန္ေတာ္တို႔လို ႐ုပ္ရွင္ေတြအတြက္လည္း ၾကည့္တဲ့လူတန္းစားက သပ္သပ္ရွိတယ္ဆိုေတာ့ ဒါႀကီးကို ကြၽန္ေတာ္ ဘာမွေတာ့ ေဝဖန္တာမ်ိဳးေတြကို မေျပာခ်င္ပါဘူး၊ သူ႔ဟာနဲ႔သူပါပဲ” လို႔ သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္ က ဆိုပါတယ္။

လက္ရွိကာလမွာလည္း သူ႔အေနနဲ႔ ႐ုပ္ရွင္ကားေတြ ႐ိုက္ကူးေနတာေၾကာင့္ ပရိသတ္ေရွ႕မွာ ေရာက္ရွိလာဖို႔ ရွိေနေသးတယ္လို႔လည္း သိရပါတယ္။

သူဟာ ဥပါယ္တံမ်ဥ္ ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း လူသိမ်ားလာခဲ့တာျဖစ္ၿပီး အခုရက္ပိုင္းမွာ ပရိသတ္ေတြရဲ႕ အေရွ႕မွာ သိပ္မေတြ႕ရဘဲ ေပ်ာက္ေနတာနဲ႔ ပတ္သက္လို႔ သူက “ကြၽန္ေတာ္ ေပ်ာက္ေနတာ မဟုတ္ပါဘူး၊ ကြၽန္ေတာ့္ကို အၿမဲတမ္းၾကည့္တဲ့ ပရိသတ္ကေတာ့ နားလည္တယ္၊ ကြၽန္ေတာ္ကေတာ့ ကိုယ့္စေကးနဲ႔ကိုယ္ သြားေနတာပါ၊ ပရိသတ္ေရွ႕ကို အၿမဲေရာက္ေနမွာပါ၊ ပရိသတ္အေရွ႕ ေရာက္လာဖို႔လည္း ႀကိဳးစားေနပါတယ္” လို႔ သူက ရွင္းျပပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၂၅