ဟေလီဘတ်ဝင်းနဲ့ဟာသရုပ်လုပ်နေတဲ့ပုံကိုတင်လိုက်တဲ့ မိုင်လီဆိုင်းရပ်

ဟေလီဘတ်ဝင်းနဲ့ဟာသရုပ်လုပ်နေတဲ့ပုံကိုတင်လိုက်တဲ့ မိုင်လီဆိုင်းရပ်

မိုင်လီဆိုင်းရပ်ဟာ အမျိုးသမီးများနေ့ မှာ သူမရဲ့အရင်းနှီးဆုံးသူတွေဖြစ်တဲ့ နီကီမနစ့် နှင့်ဘေးယှဉ် ရပ်နေပုံ ၊အီမလီအော့မက်ကိုဖက်ထားပုံ ၊ ကေတီပယ်ရီကိုနမ်းနေတဲ့ပုံ ၊ အန်မာရောဘတ်နှင့်ရယ်နေတဲ့ အစရှိ တဲ့ ပုံတွေကိုသူမ ရဲ့ Instagram  မှာတင်ထားပါ တယ်။သူမတင်တဲ့ပုံတွေထဲက ဟေလီဘတ်ဝင်းနဲ့ဟာသရုပ် လုပ်ပြီးတင်းထားတဲ့ပုံကတော့ ပရိတ်သတ်ရဲ့အပြုံးတွေ အားလုံးကို သိမ်းပိုက်ထားပါတယ်။

သူတို့ နှစ်ယောက်ဟာ ဟေလီရဲ့ အစ်မဖြစ်သူ အလိုင်ရယ်ဘတ်ဝင်း ကြောင့်ရင်းနှီးသူများဖြစ်ကာ မိုင်လီနဲ့အလိုင်ရယ် တို့ပေါင်းပြီး ဟေလီ ကိုအမြဲအနိုင်ကျင့်တတ်ပါတယ်။ဟေလီ က အစ်မဖြစ်သူ နဲ့မိုင်လီ တို့ရင်းနှီးပြီး အတူတူကစားချင်ပေမဲ့ သူတို့နှစ်ဦးကတော့ အမြဲသူမကို အခန်းအပြင်မှာလော့ချ ထားလေ့ ရှိပါတယ်။ယခင်ကလည်း အစီအစဉ်တစ်ခုမှာ မိုင်လီ က ဟေလီ ကို အသိမပေး ပဲရောက်လာပြီး သူမနဲ့ အလိုင်ရယ်တို့ ဟေလီ ကိုဘယ်လိုအနိုင်ကျင့်ခဲ့ တာကိုပြောပြခဲ့ဖူးပါတယ်။

ဟေလီ ကလည်းသူတို့ ၂ ယောက်ကြောင့်ကျွန်မယခုလို ကြံ့ခိုင်ပြီး လောကကိုပျော်ရွင်စွာဖြတ်သန်း တတ်လာကြောင်း အရွှန်းဖောက်ပြီးပြောပြခဲ့ဖူးပါတယ်။

TT 

(   Zawgyi  )

 မိုင္လီဆိုင္းရပ္ဟာ အမ်ိဳးသမီးမ်ားေန႔ မွာ သူမရဲ႕အရင္းႏွီးဆုံးသူေတြျဖစ္တဲ့ နီကီမနစ့္ ႏွင့္ေဘးယွဥ္ ရပ္ေနပုံ ၊အီမလီေအာ့မက္ကိုဖက္ထားပုံ ၊ ေကတီပယ္ရီကိုနမ္းေနတဲ့ပုံ ၊ အန္မာေရာဘတ္ႏွင့္ရယ္ေနတဲ့ အစရွိ တဲ့ ပုံေတြကိုသူမ ရဲ႕ Instagram  မွာတင္ထားပါ တယ္။သူမတင္တဲ့ပုံေတြထဲက ေဟလီဘတ္ဝင္းနဲ႔ဟာသ႐ုပ္ လုပ္ၿပီးတင္းထားတဲ့ပုံကေတာ့ ပရိတ္သတ္ရဲ႕အၿပဳံးေတြ အားလုံးကို သိမ္းပိုက္ထားပါတယ္။

သူတို႔ ႏွစ္ေယာက္ဟာ ေဟလီရဲ႕ အစ္မျဖစ္သူ အလိုင္ရယ္ဘတ္ဝင္း ေၾကာင့္ရင္းႏွီးသူမ်ားျဖစ္ကာ မိုင္လီနဲ႔အလိုင္ရယ္ တို႔ေပါင္းၿပီး ေဟလီ ကိုအၿမဲအႏိုင္က်င့္တတ္ပါတယ္။ေဟလီ က အစ္မျဖစ္သူ နဲ႔မိုင္လီ တို႔ရင္းႏွီးၿပီး အတူတူကစားခ်င္ေပမဲ့ သူတို႔ႏွစ္ဦးကေတာ့ အၿမဲသူမကို အခန္းအျပင္မွာေလာ့ခ် ထားေလ့ ရွိပါတယ္။ယခင္ကလည္း အစီအစဥ္တစ္ခုမွာ မိုင္လီ က ေဟလီ ကို အသိမေပး ပဲေရာက္လာၿပီး သူမနဲ႔ အလိုင္ရယ္တို႔ ေဟလီ ကိုဘယ္လိုအႏိုင္က်င့္ခဲ့ တာကိုေျပာျပခဲ့ဖူးပါတယ္။

ေဟလီ ကလည္းသူတို႔ ၂ ေယာက္ေၾကာင့္ကြၽန္မယခုလို ႀကံ့ခိုင္ၿပီး ေလာကကိုေပ်ာ္႐ြင္စြာျဖတ္သန္း တတ္လာေၾကာင္း အ႐ႊန္းေဖာက္ၿပီးေျပာျပခဲ့ဖူးပါတယ္။

TT