ဟွာဝေးရဲ့ Mate 20 Pro တခြားဖုန်းများတွင် မရနိုင်သည့် အသံသော့ဖွင့်စနစ်ဖြင့် ထွက်ရှိလာမည်

ဟွာဝေးရဲ့ Mate 20 Pro တခြားဖုန်းများတွင် မရနိုင်သည့် အသံသော့ဖွင့်စနစ်ဖြင့် ထွက်ရှိလာမည်

စမတ်ဖုန်းဘီလူးကြီး ဟွာဝေးရဲ့ နောက်ထွက်မယ့် ဖုန်းနဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ သတင်းတွေကြောင့် Mate 20 စီးရီးအကြောင်းကို တစတစ သိလာကြရပါတယ်။

ဒါပေမယ့်လည်း Mate 20 ဖုန်းတွေကို မကြေညာမီ ရက်သတ္တပတ် သုံးပတ်လျော့လျော့အချိန်မှာပဲ အရင်က သိထားတဲ့ လုံးဝခြားနားတဲ့ သတင်းတစ်ခု ပေါက်ကြားလာခဲ့ပြန်ပါတယ်။အဲဒါကတော့ Mate 20 Pro မှာ အရင်က မဖော်ပြဖူးတဲ့ အသုံးစရိုက်တစ်ခု၊ တခြားစမတ်ဖုန်းတွေမှာ လုံးဝမရနိုင်တဲ့ အသုံးစရိုက်တစ်ခု၊ အသစ်စက်စက်ထွက်လာတဲ့ iPhone XS မှာတောင် မပါတဲ့ အသုံးစရိုက်တစ်ခု ပါလာတယ်ဆိုတဲ့ သတင်းပါပဲ။

 
အစ္စရေး နည်းပညာဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Girafa က Mate 20 နဲ့ Mate 20 Pro ရဲ့ တင်ပြပုံစံ အပြည့်အစုံလို့ ယူဆရတဲ့ အရာကို ရသွားခဲ့လို့ အရင်က မမြင်ဖူးခဲ့သေးတဲ့ ဖုန်းတွေအကြောင်း အသေးစိတ်တွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖုန်းနှစ်လုံးစလုံးကို လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က IFA 2018 မှာ ပြသခဲ့တဲ့ ဟွာဝေးရဲ့ ကိုယ်ပိုင် 7nm ချိပ်ဆက် Kirin  980 ပရိုဆက်ဆာနဲ့ မောင်းနှင်တာပဲ ဖြစ်ပါတယ်။Pro မှာက ၆.၉ လက်မ ရုပ်ပြဖန်ပြင်အကွေးနဲ့ ဖြစ်ပြီး RAM က 6GB ၊ 4200 mAh ဘတ္ထရီနဲ့ ဖြစ်ပါတယ်။ပုံမှန် Mate 20 မော်ဒယ်ကတော့ ၆.၅၃ လက်မ ဖန်ပြင်ပြားနဲ့ဖြစ်ပြီး RAM က 4GB ၊ 4000 mAh ဘတ္ထရီနဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုးနဲ့ရော ကြိုးမဲ့ပါ ဘတ္ထရီအားသွင်းနိုင်ပြီး အားသွင်းရတာ မြန်ဆန်မယ်လို့ ခန့်မှန်းထားကြပါတယ်။Supercharge နည်းပညာကို သုံးထားလို့ 4200 mAh ဘတ္ထရီမှာ ဓာတ်အား ၇၀% လောက်ကို မိနစ် ၃၀ အတွင်း သွင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းနှစ်လုံးစလုံးက ရုပ်ထွက်အားရော ကြည်ပြတ်နှုန်းရော ကောင်းမွန်တဲ့ 24-megapixel ကင်မရာကို သုံးထားမှာဖြစ်ပြီး ကျောဘက်မှာ ကင်မရာသုံးလုံး ပါမယ်လို့ ဆိုပါတယ်။Pro မှာဆိုရင် ပိုကောင်းတဲ့ ဟာ့ဒ်ဝဲတွေ ပါလာမယ်လို့ ဆိုပါတယ်။
အဓိကကင်မရာမှာက ရွေ့လျှားနေတဲ့ အရာဝတ္ထုတွေကို ထောက်လှမ်းနိုင်၊ အလိုအလျောက် ဗဟိုချက်ညှိနိုင်၊ အနီးအဝေး ခြေရာခံနိုင်တဲ့ AI Smart Zoom စနစ်လည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Mate 20 Pro မှာက ဖန်ပြင်တွင်း လက်ဗွေအာရုံခံ ပါဝင်မှာဖြစ်ပြီး ပုံမှန်မော်ဒယ်မှာကတော့ ကျောဘက်မှာ လက်ဗွေဖတ်စက် ပါဝင်လိမ့်မယ်လို့ ဆိုပါတယ်။

Mate 20 Pro မှာသာရှိတဲ့ တစ်ခုတည်းသော ထူးခြားချက်ကတော့ သုံးဖက်မြင် မျက်နှာသော့ဖွင့်စနစ် (3D Face Unlock) ပဲ ဖြစ်ပြီး တင်ပြပုံစံတွေအရတော့ ဟွာဝေးရဲ့ မျက်နှာသိမှတ် စစ်ဆေးအတည်ပြုမှု (Face ID) ဟာ iPhone X ထက်တောင် မြန်ဆန်တယ်လို့ ဆိုပါတယ်။iPhone XS ဟာလည်း မြန်ဆန်တဲ့ မျက်နှာသော့ဖွင့်စနစ်နဲ့ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Bone Voice ID လို့ ခေါ်တဲ့ အသံစစ်ဆေး အတည်ပြုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။မယုံနိုင်လောက်အောင် စမတ်ကျတဲ့ အသုံးစရိုက်တစ်ခုပဲ ဖြစ်ပါတယ်။

ဟွာဝေးကတော့ Mate 20 ဖုန်းတွေဟာ ကမ္ဘာမှာတော့ အသံသော့ဖွင့်စနစ်ပါတဲ့ ပထမဆုံးဖုန်းတွေ ဖြစ်လိမ့်မယ်လို့ ပြောကြားထားပါတယ်။ဒါပေမယ့်လည်း အသံသော့ဖွင့်စနစ် အလုပ်လုပ်ဖို့က ဟွာဝေး ခေါင်းဆောင်းနားကျပ် တပ်ထားဖို့တော့ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Smartphone Tip
Ref : BGR
စက်တင်ဘာ - ၂၈

( Zawgyi )

စမတ္ဖုန္းဘီလူးႀကီး ဟြာေဝးရဲ႕ ေနာက္ထြက္မယ့္ ဖုန္းနဲ႔ ပတ္သက္ၿပီး ေပါက္ၾကားလာတဲ့ သတင္းေတြေၾကာင့္ Mate 20 စီးရီးအေၾကာင္းကို တစတစ သိလာၾကရပါတယ္။

ဒါေပမယ့္လည္း Mate 20 ဖုန္းေတြကို မေၾကညာမီ ရက္သတၱပတ္ သုံးပတ္ေလ်ာ့ေလ်ာ့အခ်ိန္မွာပဲ အရင္က သိထားတဲ့ လုံးဝျခားနားတဲ့ သတင္းတစ္ခု ေပါက္ၾကားလာခဲ့ျပန္ပါတယ္။အဲဒါကေတာ့ Mate 20 Pro မွာ အရင္က မေဖာ္ျပဖူးတဲ့ အသုံးစ႐ိုက္တစ္ခု၊ တျခားစမတ္ဖုန္းေတြမွာ လုံးဝမရႏိုင္တဲ့ အသုံးစ႐ိုက္တစ္ခု၊ အသစ္စက္စက္ထြက္လာတဲ့ iPhone XS မွာေတာင္ မပါတဲ့ အသုံးစ႐ိုက္တစ္ခု ပါလာတယ္ဆိုတဲ့ သတင္းပါပဲ။

 
အစၥေရး နည္းပညာဝဘ္ဆိုက္တစ္ခုျဖစ္တဲ့ Girafa က Mate 20 နဲ႔ Mate 20 Pro ရဲ႕ တင္ျပပုံစံ အျပည့္အစုံလို႔ ယူဆရတဲ့ အရာကို ရသြားခဲ့လို႔ အရင္က မျမင္ဖူးခဲ့ေသးတဲ့ ဖုန္းေတြအေၾကာင္း အေသးစိတ္ေတြ ထြက္ေပၚလာခဲ့တာပဲ ျဖစ္ပါတယ္။

ဒီဖုန္းႏွစ္လုံးစလုံးကို လြန္ခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က IFA 2018 မွာ ျပသခဲ့တဲ့ ဟြာေဝးရဲ႕ ကိုယ္ပိုင္ 7nm ခ်ိပ္ဆက္ Kirin  980 ပ႐ိုဆက္ဆာနဲ႔ ေမာင္းႏွင္တာပဲ ျဖစ္ပါတယ္။Pro မွာက ၆.၉ လက္မ ႐ုပ္ျပဖန္ျပင္အေကြးနဲ႔ ျဖစ္ၿပီး RAM က 6GB ၊ 4200 mAh ဘတၳရီနဲ႔ ျဖစ္ပါတယ္။ပုံမွန္ Mate 20 ေမာ္ဒယ္ကေတာ့ ၆.၅၃ လက္မ ဖန္ျပင္ျပားနဲ႔ျဖစ္ၿပီး RAM က 4GB ၊ 4000 mAh ဘတၳရီနဲ႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ႀကိဳးနဲ႔ေရာ ႀကိဳးမဲ့ပါ ဘတၳရီအားသြင္းႏိုင္ၿပီး အားသြင္းရတာ ျမန္ဆန္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။Supercharge နည္းပညာကို သုံးထားလို႔ 4200 mAh ဘတၳရီမွာ ဓာတ္အား ၇၀% ေလာက္ကို မိနစ္ ၃၀ အတြင္း သြင္းႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဖုန္းႏွစ္လုံးစလုံးက ႐ုပ္ထြက္အားေရာ ၾကည္ျပတ္ႏႈန္းေရာ ေကာင္းမြန္တဲ့ 24-megapixel ကင္မရာကို သုံးထားမွာျဖစ္ၿပီး ေက်ာဘက္မွာ ကင္မရာသုံးလုံး ပါမယ္လို႔ ဆိုပါတယ္။Pro မွာဆိုရင္ ပိုေကာင္းတဲ့ ဟာ့ဒ္ဝဲေတြ ပါလာမယ္လို႔ ဆိုပါတယ္။
အဓိကကင္မရာမွာက ေ႐ြ႕လွ်ားေနတဲ့ အရာဝတၳဳေတြကို ေထာက္လွမ္းႏိုင္၊ အလိုအေလ်ာက္ ဗဟိုခ်က္ညႇိႏိုင္၊ အနီးအေဝး ေျခရာခံႏိုင္တဲ့ AI Smart Zoom စနစ္လည္း ပါဝင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Mate 20 Pro မွာက ဖန္ျပင္တြင္း လက္ေဗြအာ႐ုံခံ ပါဝင္မွာျဖစ္ၿပီး ပုံမွန္ေမာ္ဒယ္မွာကေတာ့ ေက်ာဘက္မွာ လက္ေဗြဖတ္စက္ ပါဝင္လိမ့္မယ္လို႔ ဆိုပါတယ္။

Mate 20 Pro မွာသာရွိတဲ့ တစ္ခုတည္းေသာ ထူးျခားခ်က္ကေတာ့ သုံးဖက္ျမင္ မ်က္ႏွာေသာ့ဖြင့္စနစ္ (3D Face Unlock) ပဲ ျဖစ္ၿပီး တင္ျပပုံစံေတြအရေတာ့ ဟြာေဝးရဲ႕ မ်က္ႏွာသိမွတ္ စစ္ေဆးအတည္ျပဳမႈ (Face ID) ဟာ iPhone X ထက္ေတာင္ ျမန္ဆန္တယ္လို႔ ဆိုပါတယ္။iPhone XS ဟာလည္း ျမန္ဆန္တဲ့ မ်က္ႏွာေသာ့ဖြင့္စနစ္နဲ႔ ထြက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။

ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက Bone Voice ID လို႔ ေခၚတဲ့ အသံစစ္ေဆး အတည္ျပဳတဲ့ စနစ္ပဲ ျဖစ္ပါတယ္။မယုံႏိုင္ေလာက္ေအာင္ စမတ္က်တဲ့ အသုံးစ႐ိုက္တစ္ခုပဲ ျဖစ္ပါတယ္။

ဟြာေဝးကေတာ့ Mate 20 ဖုန္းေတြဟာ ကမာၻမွာေတာ့ အသံေသာ့ဖြင့္စနစ္ပါတဲ့ ပထမဆုံးဖုန္းေတြ ျဖစ္လိမ့္မယ္လို႔ ေျပာၾကားထားပါတယ္။ဒါေပမယ့္လည္း အသံေသာ့ဖြင့္စနစ္ အလုပ္လုပ္ဖို႔က ဟြာေဝး ေခါင္းေဆာင္းနားက်ပ္ တပ္ထားဖို႔ေတာ့ လိုအပ္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

Smartphone Tip
Ref : BGR
စက္တင္ဘာ - ၂၈