အကယ်ဒမီစာရင်းဝင် ဆန်ကာတင်ဇာတ်ကားများမတ် ၁၀ရက် အပြီးသတ် အကဲဖြတ်မည်

 
အကယ်ဒမီစာရင်းဝင် ဆန်ကာတင်ဇာတ်ကားများမတ် ၁၀ရက် အပြီးသတ် အကဲဖြတ်မည်

မကြာခင် ကျင်းပတော့မယ့် ၂၀၁၈-ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အကယ်ဒမီပွဲ)အတွက် စာရင်းဝင် ဆန်ကာတင် ရုပ်ရှင်ဇာတ်ကားများကို မတ်လ ၁၀ ရက်အပြီးသတ် အကဲဖြတ် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

“မတ်လ ၆ ရက်မှာ နောက်ဆုံးအဆင့် ကြည့်ရှုကြပြီး လိုအပ်ရင် ဆက်ကြည့်ရှုဖို့ အချိန်ယူကြတာ ဖြစ်ပါတယ်၊ မတ်လ ၁၀ ရက်မှာ နောက်ဆုံးအပြီးသတ် ချိတ်ပိတ်သိမ်းဆည်းသွားပါမယ်၊ ဆန်ကာတင်အဆင့် အနေနဲ့ ၂၅ ကားကို အရင်က ထုတ်ပြန်ခဲ့ပေမယ့် အခုတစ်ဆင့်မှာတော့ မထုတ်ပြန်တော့ဘူး”လို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့မှ ဦးကြည်စိုးထွန်းက ပြောသည်။ ဆုချီးမြှင့်ဖို့အတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားဟာ ဘာကြောင့်ပေးရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို အချက်အလက်တွေနဲ့ မှတ်သားထားပြီး ချိတ်ပိတ်သိမ်းဆည်းဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

အဲ့ဒီမြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို The One Entertainment Park မှာကျင်းပကာ အကယ်ဒမီ စင်မြင့် တည်ဆောက်မှုကိုတော့ မတ်လ ၁၇ ရက်မှာ စတင် တည်ဆောက်သွားဖို့ စီစဉ်ထားကြောင်း၊ Moon Myanmar Media နဲ့ ABC Content Solution တို့ က တင်ဒါအောင်မြင်ခဲ့ကြပြီး ပွဲအခမ်း အနားအတွက် ဂျွန်လွင် က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အခမ်းအနားအတွက် မီး၊ အသံ၊ စင်မြင့်နေရာပြင်ဆင်မှုတွေ အလှဆင်မှုတွေ၊ စားသောက်စရိတ်၊ စီမံခန့်ခွဲ့မှုတွေအတွက် ကျပ်သိန်း ၈၀၀ မှ ၈၈၀ ကြားအသုံးပြုသွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

စင်မြင့်ဟာ Indoor ဧရိယာဖြစ်တာကြောင့် သီးသန့်အထူး အစီအစဉ်တွေ မပါဘဲ ဖျော်ဖြေရေး အစီအစဉ်တွေကိုသာ လုပ်ဆောင်သွားဖို့ စီစဉ်ထားပြီး လူဦးရေ ၃၀၀၀ ကနေ ၃၂၀၀ လောက် အထိဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီပွဲမှာ တစ်နှစ်တာအတွင်း အကောင်းဆုံး ထူးချွန်ဆု ၁၁ ဆုအပြင် ထူးခြားတဲ့ အနုပညာရှင်အတတ်ပညာရှင်တွေ ပေါ်ထွက်လာပါက အထူးဆုတွေကိုပါ ပေးအပ်သွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
 

(   Zawgyi  )

 မၾကာခင္ က်င္းပေတာ့မယ့္ ၂၀၁၈-ခုႏွစ္၊ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ (အကယ္ဒမီပြဲ)အတြက္ စာရင္းဝင္ ဆန္ကာတင္ ႐ုပ္ရွင္ဇာတ္ကားမ်ားကို မတ္လ ၁၀ ရက္အၿပီးသတ္ အကဲျဖတ္ လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။

“မတ္လ ၆ ရက္မွာ ေနာက္ဆုံးအဆင့္ ၾကည့္ရႈၾကၿပီး လိုအပ္ရင္ ဆက္ၾကည့္ရႈဖို႔ အခ်ိန္ယူၾကတာ ျဖစ္ပါတယ္၊ မတ္လ ၁၀ ရက္မွာ ေနာက္ဆုံးအၿပီးသတ္ ခ်ိတ္ပိတ္သိမ္းဆည္းသြားပါမယ္၊ ဆန္ကာတင္အဆင့္ အေနနဲ႔ ၂၅ ကားကို အရင္က ထုတ္ျပန္ခဲ့ေပမယ့္ အခုတစ္ဆင့္မွာေတာ့ မထုတ္ျပန္ေတာ့ဘူး”လို႔ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု စိစစ္အကဲျဖတ္ေရးအဖြဲ႕မွ ဦးၾကည္စိုးထြန္းက ေျပာသည္။ ဆုခ်ီးျမႇင့္ဖို႔အတြက္ ေ႐ြးခ်ယ္ထားတဲ့ ဇာတ္ကားဟာ ဘာေၾကာင့္ေပးရသလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြကို အခ်က္အလက္ေတြနဲ႔ မွတ္သားထားၿပီး ခ်ိတ္ပိတ္သိမ္းဆည္းဖို႔ စီစဥ္ထားၾကတာ ျဖစ္ပါတယ္။

အဲ့ဒီျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို The One Entertainment Park မွာက်င္းပကာ အကယ္ဒမီ စင္ျမင့္ တည္ေဆာက္မႈကိုေတာ့ မတ္လ ၁၇ ရက္မွာ စတင္ တည္ေဆာက္သြားဖို႔ စီစဥ္ထားေၾကာင္း၊ Moon Myanmar Media နဲ႔ ABC Content Solution တို႔ က တင္ဒါေအာင္ျမင္ခဲ့ၾကၿပီး ပြဲအခမ္း အနားအတြက္ ဂြၽန္လြင္ က တာဝန္ယူေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ အခမ္းအနားအတြက္ မီး၊ အသံ၊ စင္ျမင့္ေနရာျပင္ဆင္မႈေတြ အလွဆင္မႈေတြ၊ စားေသာက္စရိတ္၊ စီမံခန႔္ခြဲ႕မႈေတြအတြက္ က်ပ္သိန္း ၈၀၀ မွ ၈၈၀ ၾကားအသုံးျပဳသြားဖို႔ စီစဥ္ထားၾကတယ္လို႔ သိရပါတယ္။

စင္ျမင့္ဟာ Indoor ဧရိယာျဖစ္တာေၾကာင့္ သီးသန႔္အထူး အစီအစဥ္ေတြ မပါဘဲ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြကိုသာ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားၿပီး လူဦးေရ ၃၀၀၀ ကေန ၃၂၀၀ ေလာက္ အထိဝင္ေရာက္ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ အဲ့ဒီပြဲမွာ တစ္ႏွစ္တာအတြင္း အေကာင္းဆုံး ထူးခြၽန္ဆု ၁၁ ဆုအျပင္ ထူးျခားတဲ့ အႏုပညာရွင္အတတ္ပညာရွင္ေတြ ေပၚထြက္လာပါက အထူးဆုေတြကိုပါ ေပးအပ္သြားဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း