အကယ်ဒမီရခဲ့သော “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသ

အကယ်ဒမီရခဲ့သော “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသ

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲမှာ အထူးဆုအဖြစ်နဲ့ ဆုရရှိခဲ့တဲ့ “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရန်ကုန်မြို့က Junction City ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီ ၁၃ ရက် ည ၇နာရီခွဲခန့်က အထူးပွဲအဖြစ် ပြသခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ကချင်ပြည်နယ်ရဲ့ သဘာဝအလှအပတွေနဲ့ ကျောက်စိမ်းလုပ်သား ကျောက်တူးသမားတွေရဲ့ ဘဝတွေကို ကြည့်ရှုခံစားရမှာဖြစ်ပြီး ကချင်ဘာသာစကား ပြောဆိုရိုက်ကူးထားပေမယ့် မြန်မာစာတန်းထိုးတွေနဲ့ ပြထားတာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအဖြစ် JZ ဒေါင်းလွဏ်း၊ M ဆိုင်းနော်၊ G Taint Saung, swan swan pan , M ဂျာအောင်၊ ဂျာဆိုင်းအိန်၊ L ဇော်ဒိန်၊ D မွန်းအောင်၊ MZ လွန်းနော်နဲ့ ကချင်တိုင်းရင်းသား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် JZ ဒေါင်းလွဏ်း က ရိုက်ကူးပုံဖော်ထားသလို Moon Myanmar Media က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် ထူးခြားတဲ့ ရေမြေသယံဇာတ သဘာဝမျိုးကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံ မြောက်ဖျားဒေသ ကချင်ပြည်နယ်ကနေ ထွက်ရှိတဲ့ ကျောက်စိမ်းတွေ တူးဖော်နေတဲ့ ကျောက်တူးသမားတွေရဲ့ ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းများ၊ ရေခဲပြင်အလှအပများ၊ ကချင်တိုင်းရင်းသားတို့ရဲ့ သဘာဝအလှ သဘာဝရှုခင်းများကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ စတင်ပြီး မြန်မာနိုင်ငံ တစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်သလို လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ကလည်း သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲအဖြစ် ပြသခဲ့ပါသေးတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄

( Zawgyi )

လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု (အကယ္ဒမီ) ေပးပြဲမွာ အထူးဆုအျဖစ္နဲ႔ ဆုရရွိခဲ့တဲ့ “မေနာေျမမွ ေက်ာက္စိမ္းကမာၻ” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ရန္ကုန္ၿမိဳ႕က Junction City ႐ုပ္ရွင္႐ုံမွာ ေဖေဖာ္ဝါရီ ၁၃ ရက္ ည ၇နာရီခြဲခန႔္က အထူးပြဲအျဖစ္ ျပသခဲ့ပါတယ္။

အဲ့ဒီ႐ုပ္ရွင္ဇာတ္ကားထဲမွာ ကခ်င္ျပည္နယ္ရဲ႕ သဘာဝအလွအပေတြနဲ႔ ေက်ာက္စိမ္းလုပ္သား ေက်ာက္တူးသမားေတြရဲ႕ ဘဝေတြကို ၾကည့္ရႈခံစားရမွာျဖစ္ၿပီး ကခ်င္ဘာသာစကား ေျပာဆို႐ိုက္ကူးထားေပမယ့္ ျမန္မာစာတန္းထိုးေတြနဲ႔ ျပထားတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအျဖစ္ JZ ေဒါင္းလြဏ္း၊ M ဆိုင္းေနာ္၊ G Taint Saung, swan swan pan , M ဂ်ာေအာင္၊ ဂ်ာဆိုင္းအိန္၊ L ေဇာ္ဒိန္၊ D မြန္းေအာင္၊ MZ လြန္းေနာ္နဲ႔ ကခ်င္တိုင္းရင္းသား သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားၾကၿပီး ဇာတ္လမ္း၊ ဇာတ္ၫႊန္းနဲ႔ ဒါ႐ိုက္တာအျဖစ္ JZ ေဒါင္းလြဏ္း က ႐ိုက္ကူးပုံေဖာ္ထားသလို Moon Myanmar Media က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

ကမာၻေပၚတြင္ ထူးျခားတဲ့ ေရေျမသယံဇာတ သဘာဝမ်ိဳးကို ပိုင္ဆိုင္ထားေသာ ျမန္မာႏိုင္ငံ ေျမာက္ဖ်ားေဒသ ကခ်င္ျပည္နယ္ကေန ထြက္ရွိတဲ့ ေက်ာက္စိမ္းေတြ တူးေဖာ္ေနတဲ့ ေက်ာက္တူးသမားေတြရဲ႕ ဘဝျဖစ္ရပ္မွန္ ဇာတ္လမ္းမ်ား၊ ေရခဲျပင္အလွအပမ်ား၊ ကခ်င္တိုင္းရင္းသားတို႔ရဲ႕ သဘာဝအလွ သဘာဝရႈခင္းမ်ားကို ႐ိုက္ကူးျပသထားတာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားကို ေဖေဖာ္ဝါရီ ၁၅ ရက္ကေန စတင္ၿပီး ျမန္မာႏိုင္ငံ တစ္ဝန္းက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသမွာျဖစ္သလို လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၁ ရက္ မနက္ကလည္း သမၼတ႐ုပ္ရွင္႐ုံမွာ အထူးပြဲအျဖစ္ ျပသခဲ့ပါေသးတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၄