အကယ်ဒမီ မမှန်းရဲသေးတဲ့ ဒါရိုက်တာ ကိုပေါက်

အကယ်ဒမီ မမှန်းရဲသေးတဲ့ ဒါရိုက်တာ ကိုပေါက်

ဆန်ကာတင်စာရင်းထဲမှာ သူ့ရဲ့ဇာတ်ကားတွေပါဝင်နေတာကြောင့် ရင်ခုန်ပေမယ့် အကယ်ဒမီဆုကို မမှန်းရဲ သေးဘူးလို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

သူဟာ အခုဆိုရင် သရုပ်ဆောင်အပိုင်းမှာသာမကဘဲ ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေသလို ဇာတ်ညွှန်းရေးသားတာတွေကိုလည်း လုပ်ဆောင်လို့နေပါတယ်။ လက်ရှိကာလအထိ ရုပ်ရှင် ဇာတ်ကားကြီး ခုနစ်ကားရိုက်ကူးခဲ့သလို အကယ်ဒမီ ဆန်ကာတင်စိစစ်နေတဲ့ ရုပ်ရှင်ဇာတ်ကား တွေကို ထုတ်ပြန်ခဲ့တဲ့အခါ ကိုပေါက်ရဲ့ ဇာတ်ကားတွေလည်း ပါဝင်ခဲ့ပါတယ်။ “သူများတွေအတွက် ရင်ခုန်နေသလို ကျွန်တော့်အတွက်လည်း ရင်ခုန်နေပါတယ်၊ ကျွန်တော်အားစိုက်ထားတဲ့ ရိုက်ချင်တဲ့ကားလေးလည်းဖြစ်တယ်၊ ဆန်ကာတင်မှာပါတော့ ဂုဏ်ယူပါတယ်၊ အကယ်ဒမီကို ဘယ်သူမဆို မလိုချင်တဲ့သူတော့မရှိဘူးလေ၊ ဒါပေမဲ့ မမျှော်လင့်ရဲဘူးပေါ့၊ ၅၀ %  ၅၀ % ပေါ့ ပေးရင်တော့ ယူချင်တာပေါ့နော်”လို့ သူက ပြောပါတယ်။

အကယ်ဒမီဆုဟာ တကယ်အိုက်တင်တွေကြိုးစားပြီး အိုက်တင်တွေကောင်းတိုင်းလည်း မရတတ်သလို ဒါရိုက်တာ တွေအနေနဲ့လည်း အချိန်တွေအကုန်ခံ၊ ငွေကြေးတွေအကုန်အကျခံကာ ရိုက်ကူးပေမယ့်လည်း မရနိုင်ဘူးလို့ ဆိုလာတာတွေရှိပါတယ်။  “သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေက တစ်နှစ်နဲ့တစ်နှစ်မတူဘူး၊ အမြဲတမ်းပြောင်းနေတာလေ၊ တစ်ချို့ရုပ်ရှင်ပွဲတော်တွေဆိုရင် rule and regulation က တော်တော်များများ နှစ်တိုင်းနှစ်တိုင်းတော့ မပြောင်းဘူးလေ၊ ကျွန်တော်တို့ဆီမှာ ကျတော့ ထားလိုက်ပါတော့၊ နိုင်ငံခြားကားကို မှီငြမ်းပြီး ရိုက်တဲ့နှစ်မှာ ပေးမယ်ဆိုလည်း ပေးလိုက်ပြန်ရော၊ မပေးဘူးဆိုလည်း မပေးပြန်ဘူး၊ မပေးဘူး လုပ်ပြီးတော့ ပေးချင်လည်း ပေးတာပဲ၊ အဲ့ဒီတော့ အမြဲတမ်းက ဥပဒေက အမြဲတမ်းပြောင်းနေတာကို၊ မနှစ်ကဆိုရင် ကျွန်တော်တို့ လူဆိုးသူခိုးဂျပိုးပေါ့နော် အဲ့ဒီလိုမျိုးတွေကို အိုက်တင်ကောင်းရင်လည်း မပေးဘူးပေါ့၊ အဲ့ဒီလိုဖြစ်တဲ့အတွက် နိုင်ငံတော် အကယ်ဒမီရတဲ့သူဟာ လူဆိုးသူခိုးဂျပိုးမဖြစ်ရဘူး၊ အဲ့ဒီလိုဆိုရင် အကယ်ဒမီရမယ်ဆိုတဲ့ အဲ့ဒီလိုအပြောင်းအလဲတွေက နှစ်တိုင်းရှိနေတယ်၊ ဒီနှစ်မှာကျတော့ အဲ့ဒီလိုမဟုတ်တော့ပြန်ဘူး၊ ဒီနှစ်မှာကျတော့ လူဆိုးသူခိုးဂျပိုးလည်း အိုက်တင်ကောင်းရင် ပေးမယ်ဆိုတော့ မနှစ်က ကြိုးစားခဲ့ရတာက ဒီနှစ်မှာ ကိုယ်လည်း အချည်းအနှီးဖြစ်သွားပြီပေါ့၊ ဒီနှစ်မှာ ကိုယ်လည်း အဲ့ဒီလိုကားမျိုးတွေမရှိဘူး၊ အဲ့ဒီလို ဥပဒေက မျိုးစုံပြောင်းနေတော့ ဒီနှစ်မှာ ရင်ခုန်ရမှာလည်း ခပ်လန့်လန့်ပေါ့၊ မရတော့လည်း နောက်နှစ်ပေါ့၊ ကျွန်တော်ကတော့ အမြဲကြိုးစားနေမှာပါ”လို့ ဒါရိုက်တာ ကိုပေါက်က ရှင်းပြပါတယ်။

သူ့အနေနဲ့ ကြော်ငြာအစီအစဉ်တွေအတွက် ရိုက်ကူးနေရတာတွေရှိသလို သရုပ်ဆောင် ပြေတီဦးနဲ့အတူ ရုပ်ရှင်ကားကြီးနှစ်ကားကိုလည်း ရိုက်ကူးဖို့ ရှိနေသလို တစ်ကားကိုတော့ ပုပ္ပါးဘက်မှာ ရိုက်မှာလို့ သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁၀ 

(    Zawgyi   )

 ဆန္ကာတင္စာရင္းထဲမွာ သူ႔ရဲ႕ဇာတ္ကားေတြပါဝင္ေနတာေၾကာင့္ ရင္ခုန္ေပမယ့္ အကယ္ဒမီဆုကို မမွန္းရဲ ေသးဘူးလို႔ ဒါ႐ိုက္တာ ကိုေပါက္က ေျပာပါတယ္။

သူဟာ အခုဆိုရင္ သ႐ုပ္ေဆာင္အပိုင္းမွာသာမကဘဲ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူၿပီး ႐ုပ္ရွင္ဇာတ္ကားေတြကို ႐ိုက္ကူးေနသလို ဇာတ္ၫႊန္းေရးသားတာေတြကိုလည္း လုပ္ေဆာင္လို႔ေနပါတယ္။ လက္ရွိကာလအထိ ႐ုပ္ရွင္ ဇာတ္ကားႀကီး ခုနစ္ကား႐ိုက္ကူးခဲ့သလို အကယ္ဒမီ ဆန္ကာတင္စိစစ္ေနတဲ့ ႐ုပ္ရွင္ဇာတ္ကား ေတြကို ထုတ္ျပန္ခဲ့တဲ့အခါ ကိုေပါက္ရဲ႕ ဇာတ္ကားေတြလည္း ပါဝင္ခဲ့ပါတယ္။ “သူမ်ားေတြအတြက္ ရင္ခုန္ေနသလို ကြၽန္ေတာ့္အတြက္လည္း ရင္ခုန္ေနပါတယ္၊ ကြၽန္ေတာ္အားစိုက္ထားတဲ့ ႐ိုက္ခ်င္တဲ့ကားေလးလည္းျဖစ္တယ္၊ ဆန္ကာတင္မွာပါေတာ့ ဂုဏ္ယူပါတယ္၊ အကယ္ဒမီကို ဘယ္သူမဆို မလိုခ်င္တဲ့သူေတာ့မရွိဘူးေလ၊ ဒါေပမဲ့ မေမွ်ာ္လင့္ရဲဘူးေပါ့၊ ၅၀ %  ၅၀ % ေပါ့ ေပးရင္ေတာ့ ယူခ်င္တာေပါ့ေနာ္”လို႔ သူက ေျပာပါတယ္။

အကယ္ဒမီဆုဟာ တကယ္အိုက္တင္ေတြႀကိဳးစားၿပီး အိုက္တင္ေတြေကာင္းတိုင္းလည္း မရတတ္သလို ဒါ႐ိုက္တာ ေတြအေနနဲ႔လည္း အခ်ိန္ေတြအကုန္ခံ၊ ေငြေၾကးေတြအကုန္အက်ခံကာ ႐ိုက္ကူးေပမယ့္လည္း မရႏိုင္ဘူးလို႔ ဆိုလာတာေတြရွိပါတယ္။  “သူတို႔ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြက တစ္ႏွစ္နဲ႔တစ္ႏွစ္မတူဘူး၊ အၿမဲတမ္းေျပာင္းေနတာေလ၊ တစ္ခ်ိဳ႕႐ုပ္ရွင္ပြဲေတာ္ေတြဆိုရင္ rule and regulation က ေတာ္ေတာ္မ်ားမ်ား ႏွစ္တိုင္းႏွစ္တိုင္းေတာ့ မေျပာင္းဘူးေလ၊ ကြၽန္ေတာ္တို႔ဆီမွာ က်ေတာ့ ထားလိုက္ပါေတာ့၊ ႏိုင္ငံျခားကားကို မွီျငမ္းၿပီး ႐ိုက္တဲ့ႏွစ္မွာ ေပးမယ္ဆိုလည္း ေပးလိုက္ျပန္ေရာ၊ မေပးဘူးဆိုလည္း မေပးျပန္ဘူး၊ မေပးဘူး လုပ္ၿပီးေတာ့ ေပးခ်င္လည္း ေပးတာပဲ၊ အဲ့ဒီေတာ့ အၿမဲတမ္းက ဥပေဒက အၿမဲတမ္းေျပာင္းေနတာကို၊ မႏွစ္ကဆိုရင္ ကြၽန္ေတာ္တို႔ လူဆိုးသူခိုးဂ်ပိုးေပါ့ေနာ္ အဲ့ဒီလိုမ်ိဳးေတြကို အိုက္တင္ေကာင္းရင္လည္း မေပးဘူးေပါ့၊ အဲ့ဒီလိုျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ အကယ္ဒမီရတဲ့သူဟာ လူဆိုးသူခိုးဂ်ပိုးမျဖစ္ရဘူး၊ အဲ့ဒီလိုဆိုရင္ အကယ္ဒမီရမယ္ဆိုတဲ့ အဲ့ဒီလိုအေျပာင္းအလဲေတြက ႏွစ္တိုင္းရွိေနတယ္၊ ဒီႏွစ္မွာက်ေတာ့ အဲ့ဒီလိုမဟုတ္ေတာ့ျပန္ဘူး၊ ဒီႏွစ္မွာက်ေတာ့ လူဆိုးသူခိုးဂ်ပိုးလည္း အိုက္တင္ေကာင္းရင္ ေပးမယ္ဆိုေတာ့ မႏွစ္က ႀကိဳးစားခဲ့ရတာက ဒီႏွစ္မွာ ကိုယ္လည္း အခ်ည္းအႏွီးျဖစ္သြားၿပီေပါ့၊ ဒီႏွစ္မွာ ကိုယ္လည္း အဲ့ဒီလိုကားမ်ိဳးေတြမရွိဘူး၊ အဲ့ဒီလို ဥပေဒက မ်ိဳးစုံေျပာင္းေနေတာ့ ဒီႏွစ္မွာ ရင္ခုန္ရမွာလည္း ခပ္လန႔္လန႔္ေပါ့၊ မရေတာ့လည္း ေနာက္ႏွစ္ေပါ့၊ ကြၽန္ေတာ္ကေတာ့ အၿမဲႀကိဳးစားေနမွာပါ”လို႔ ဒါ႐ိုက္တာ ကိုေပါက္က ရွင္းျပပါတယ္။

သူ႔အေနနဲ႔ ေၾကာ္ျငာအစီအစဥ္ေတြအတြက္ ႐ိုက္ကူးေနရတာေတြရွိသလို သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔အတူ ႐ုပ္ရွင္ကားႀကီးႏွစ္ကားကိုလည္း ႐ိုက္ကူးဖို႔ ရွိေနသလို တစ္ကားကိုေတာ့ ပုပၸါးဘက္မွာ ႐ိုက္မွာလို႔ သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁၀