အကောင်းဘက်ကတွေးရင်း COVID ကာလကို ရင်ဆိုင်ဖြတ်ကျော်နေတဲ့ Esther

အကောင်းဘက်ကတွေးရင်း COVID ကာလကို ရင်ဆိုင်ဖြတ်ကျော်နေတဲ့ Esther

Myanmar Idol Season 4 ရဲ့ Winner တစ်ယောက်ဖြစ်ခဲ့တဲ့ တေးသံရှင် Esther ဟာ အခုလို COVID ကာလမှာ စိတ်ညစ်မှုတွေထက် အကောင်းဘက်ကတွေးရင်း ရင်ဆိုင်ဖြတ်ကျော်နေတယ်လို့ သိရပါတယ်။

“စစဖြစ်ချင်းတုန်းက တော်တော်လေးကို စိတ်ညစ်ရတယ်၊ အိမ်ထဲမှာပိတ်ပြီးနေရတော့ ပိုဆိုးတာပေါ့၊ ဘယ်လိုပြောရမလဲ တော်တော်လေးကိုစိတ်ညစ်ခဲ့တာ၊ ဒါပေမဲ့ အကောင်းဘက်ကနေ တွေးကြည့်ပြီးတော့ ဒီအချိန်က အချိန်ကောင်းဖြစ်တယ်၊ ဒီအချိန်ကောင်းကိုယူပြီးတော့ ကိုယ်ဘာလိုအပ်လဲ ကိုယ့်အတွက် ဝမ်းစာဖြည့်ရင်း လေ့လာသင်ယူစရာရှိတာလေးတွေကို လေ့လာသင်ယူတယ်၊ ဟုတ်တယ်လေ၊ ဒါကလည်း တစ်ယောက်တည်းကြုံတာမဟုတ်ဘူး၊ တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ဆင်းရဲချမ်းသာမရွေး ကြုံနေရတာဖြစ်ပါတယ်၊ အချိန်တန်ကျရင်ပြီးသွားမယ်၊ အဲ့ဒီအခါ ကိုယ့်ဘက်က Ready ဖြစ်နေဖို့ လိုတယ်၊ ဒါကြောင့်လည်း အဲ့ဒီလိုစိတ်လေးကိုထားပြီးတော့ အားတင်းပြီးသွားနေတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

ဒါ့အပြင် အခု ဒီဇင်ဘာလထဲမှာ Single Song သီချင်းတစ်ပုဒ် ထုတ်ဖို့ရှိနေပြီး မကြာခင်ရက်ပိုင်းအတွင်း အွန်လိုင်းမှာဖြန့်ချီဖို့ လုပ်ဆောင်နေသလို အဲ့ဒီသီချင်းထဲမှာ ခရစ္စမတ်အကြောင်းအရာလေးတွေနဲ့ အချစ်သီချင်းလေးကိုပေါင်းစပ်ကာ ဖန်တီးထားကြောင်း၊ ဒီဇင်ဘာရဲ့ အငွေ့အသက်တွေကို သီချင်းလေးထဲမှာ ခံစားနိုင်အောင် ဖန်တီးနေတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဇင်ဘာရောက်ရင် စိတ်ထဲမှာ တစ်ခုခုကို အရမ်းလွမ်းနေသလိုလိုပဲ၊ ဒီနှစ်က COVID လည်းဖြစ်တော့ ညီမတို့ဆိုရင် ပွဲတွေလည်းမလုပ်ရဘူး၊ ဘုရားကျောင်းလည်းမတက်ရဘူး၊ ခရစ္စမတ်ရဲ့အရိပ်အယောင်ကို မခံစားရဘူး၊ အိမ်ထဲမှာပဲနေနေရတယ်၊ ခရစ္စမတ်ရဲ့ အငွေ့အသက်လေးလည်းရသွားအောင်၊ ခရစ္စမတ်ရဲ့ အငွေ့ အသက်ကို စိတ်ထဲမှာခံစားပြီး ဒီဇင်ဘာလထဲမှာ ကြိုးစားပြီးလုပ်ခဲ့ပါတယ်၊ တစ်ကိုယ်တော်အခွေ အယ်လ်ဘမ်ဖြစ်ဖို့ နည်းနည်းတော့ကြာဦးမယ်၊ အခုအချိန်က စတူဒီယိုတွေကလည်း ပိတ်ထားတယ်၊ ရောဂါအခြေအနေ အခက်အခဲကြောင့် ဘယ်တော့လောက်ထုတ်နိုင်မလဲဆိုတာ မမှန်းနိုင်သေးဘူး၊ ကြိုးစားပြီးတော့လုပ်သွားမယ်။ညီမက အခြေအနေအမျိုးမျိုးကြောင့် အခက်အခဲအမျိုးမျိုးကြောင့် သီချင်းတွေ သိပ်မလုပ်နိုင်ခဲ့ဘူး၊ Single Song တွေ လုပ်တဲ့အခါမှာလည်း အခက်အခဲတွေအမျိုးမျိုး ကြုံနေတာကြောင့် သိပ်မလုပ်နိုင်ခဲ့ဘူး၊ ညီမကိုအားပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ဒီအချိန်မှာ ကျန်းမာရေးဂရုစိုက်ကြပါ” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - အက်စ်တာ)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၅

( Zawgyi )

Myanmar Idol Season 4 ရဲ႕ Winner တစ္ေယာက္ျဖစ္ခဲ့တဲ့ ေတးသံရွင္ Esther ဟာ အခုလို COVID ကာလမွာ စိတ္ညစ္မႈေတြထက္ အေကာင္းဘက္ကေတြးရင္း ရင္ဆိုင္ျဖတ္ေက်ာ္ေနတယ္လို႔ သိရပါတယ္။

“စစျဖစ္ခ်င္းတုန္းက ေတာ္ေတာ္ေလးကို စိတ္ညစ္ရတယ္၊ အိမ္ထဲမွာပိတ္ၿပီးေနရေတာ့ ပိုဆိုးတာေပါ့၊ ဘယ္လိုေျပာရမလဲ ေတာ္ေတာ္ေလးကိုစိတ္ညစ္ခဲ့တာ၊ ဒါေပမဲ့ အေကာင္းဘက္ကေန ေတြးၾကည့္ၿပီးေတာ့ ဒီအခ်ိန္က အခ်ိန္ေကာင္းျဖစ္တယ္၊ ဒီအခ်ိန္ေကာင္းကိုယူၿပီးေတာ့ ကိုယ္ဘာလိုအပ္လဲ ကိုယ့္အတြက္ ဝမ္းစာျဖည့္ရင္း ေလ့လာသင္ယူစရာရွိတာေလးေတြကို ေလ့လာသင္ယူတယ္၊ ဟုတ္တယ္ေလ၊ ဒါကလည္း တစ္ေယာက္တည္းႀကဳံတာမဟုတ္ဘူး၊ တစ္ကမာၻလုံးအတိုင္းအတာမွာ ဆင္းရဲခ်မ္းသာမေ႐ြး ႀကဳံေနရတာျဖစ္ပါတယ္၊ အခ်ိန္တန္က်ရင္ၿပီးသြားမယ္၊ အဲ့ဒီအခါ ကိုယ့္ဘက္က Ready ျဖစ္ေနဖို႔ လိုတယ္၊ ဒါေၾကာင့္လည္း အဲ့ဒီလိုစိတ္ေလးကိုထားၿပီးေတာ့ အားတင္းၿပီးသြားေနတယ္” လို႔ ၎က ရွင္းျပပါတယ္။

ဒါ့အျပင္ အခု ဒီဇင္ဘာလထဲမွာ Single Song သီခ်င္းတစ္ပုဒ္ ထုတ္ဖို႔ရွိေနၿပီး မၾကာခင္ရက္ပိုင္းအတြင္း အြန္လိုင္းမွာျဖန႔္ခ်ီဖို႔ လုပ္ေဆာင္ေနသလို အဲ့ဒီသီခ်င္းထဲမွာ ခရစၥမတ္အေၾကာင္းအရာေလးေတြနဲ႔ အခ်စ္သီခ်င္းေလးကိုေပါင္းစပ္ကာ ဖန္တီးထားေၾကာင္း၊ ဒီဇင္ဘာရဲ႕ အေငြ႕အသက္ေတြကို သီခ်င္းေလးထဲမွာ ခံစားႏိုင္ေအာင္ ဖန္တီးေနတာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီဇင္ဘာေရာက္ရင္ စိတ္ထဲမွာ တစ္ခုခုကို အရမ္းလြမ္းေနသလိုလိုပဲ၊ ဒီႏွစ္က COVID လည္းျဖစ္ေတာ့ ညီမတို႔ဆိုရင္ ပြဲေတြလည္းမလုပ္ရဘူး၊ ဘုရားေက်ာင္းလည္းမတက္ရဘူး၊ ခရစၥမတ္ရဲ႕အရိပ္အေယာင္ကို မခံစားရဘူး၊ အိမ္ထဲမွာပဲေနေနရတယ္၊ ခရစၥမတ္ရဲ႕ အေငြ႕အသက္ေလးလည္းရသြားေအာင္၊ ခရစၥမတ္ရဲ႕ အေငြ႕ အသက္ကို စိတ္ထဲမွာခံစားၿပီး ဒီဇင္ဘာလထဲမွာ ႀကိဳးစားၿပီးလုပ္ခဲ့ပါတယ္၊ တစ္ကိုယ္ေတာ္အေခြ အယ္လ္ဘမ္ျဖစ္ဖို႔ နည္းနည္းေတာ့ၾကာဦးမယ္၊ အခုအခ်ိန္က စတူဒီယိုေတြကလည္း ပိတ္ထားတယ္၊ ေရာဂါအေျခအေန အခက္အခဲေၾကာင့္ ဘယ္ေတာ့ေလာက္ထုတ္ႏိုင္မလဲဆိုတာ မမွန္းႏိုင္ေသးဘူး၊ ႀကိဳးစားၿပီးေတာ့လုပ္သြားမယ္။ညီမက အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ သီခ်င္းေတြ သိပ္မလုပ္ႏိုင္ခဲ့ဘူး၊ Single Song ေတြ လုပ္တဲ့အခါမွာလည္း အခက္အခဲေတြအမ်ိဳးမ်ိဳး ႀကဳံေနတာေၾကာင့္ သိပ္မလုပ္ႏိုင္ခဲ့ဘူး၊ ညီမကိုအားေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ဒီအခ်ိန္မွာ က်န္းမာေရးဂ႐ုစိုက္ၾကပါ” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - အက္စ္တာ)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၅