အနုပညာကြေးပမာဏထက် သရုပ်ဆောင်မှုကိုသာ ကြိုစဉ်းစားနေတဲ့ သူဇာပွင့်

အနုပညာကြေးပမာဏထက် သရုပ်ဆောင်မှုကိုသာ ကြိုစဉ်းစားနေတဲ့ သူဇာပွင့်

ဇာတ်ကားတစ်ကား ဖန်တီးတဲ့နေရာမှာ ဇာတ်ပို့/ဇာတ်ရန်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးသလို ဇာတ်ပို့/ဇာတ်ရန် လက်ရှိ ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက် ကျဆင်းနေသော်လည်း အနုပညာကြေးပမာဏထက် မိမိသရုပ်ဆောင်ရမယ့် အခြေအနေကိုသာ ကြိုတင်စဉ်းစား လုပ်ကိုင်နေရတာဖြစ်တယ်လို့ ဇာတ်ပို့/ဇာတ်ရန် သရုပ်ဆောင် သူဇာပွင့် က ပြောပါတယ်။

“အစ်မက ငွေကြေးချမ်းသာသူတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ရဲ့အနုပညာနဲ့ ကာရိုက်တာစရိုက်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ကြိုပြီးစဉ်းစားရပါတယ်၊ ကိုယ့်ဘက်က ပီပီပြင်ပြင်နဲ့ လုပ်ပြနိုင်မှလည်း ကိုယ့်ကိုယုံကြည်မှုနဲ့ ခေါ်ခိုင်းမှာပေါ့၊ ဒါကြောင့်လည်း လုပ်ရမယ့် ကာရိုက်တာစရိုက်ကို ပီပြင်အောင် စဉ်းစားပြီး ကြိုးစားရပါတယ်” လို့ သူက ရှင်းပြပါတယ်။

အခုနောက်ပိုင်းမှာ မီဒီယာလုပ်ငန်းတွေ ဖွံ့ဖြိုးလာချိန်ဖြစ်တာကြောင့် လူသိများလာအောင် လုပ်ဖို့ရာအတွက် လွယ်ကူသော ခေတ်ကာလဖြစ်နေပြီး အရင်ခေတ်ကာလကဆိုရင် ဇာတ်ပို့/ဇာတ်ရန်တွေဟာ ဖြတ်လျှောက်အခန်းကနေ ပါဝင်ခဲ့ကြရကြောင်း၊ အဲ့ဒီလိုပါဝင်ရင်းနဲ့ ဝင်ရောက်ပြောဆို သရုပ်ဆောင်ဖို့ စမ်းသပ်ပြီး ခေါ်ရိုက်တာတွေ ရှိလာသလို အဲ့ဒီအပေါ် ပီပီပြင်ပြင်လုပ်ပြမှသာ ဒါရိုက်တာတွေက သူတို့ကို နောက်ပိုင်း ယုံယုံကြည်ကြည်နဲ့ သရုပ်ဆောင်ခိုင်းတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“အစတုန်းကဆိုရင် အစ်မကို အိမ်ကခွင့်မပြုဘူးလေ၊ ကိုယ်ကလည်း ဝါသနာပါတာဆိုတော့ ဇာတ်ကားထဲ စကားပြောဖို့ အခွင့်အရေးရတာနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပြရင်း ကိုယ့်ကိုယုံကြည်မှုနဲ့ သရုပ်ဆောင်ခိုင်းတဲ့ ဒါရိုက်တာတွေရှိလာတာ ဖြစ်ပါတယ်၊ အခုထိတော့ အဆက်မပြတ်အောင် ရိုက်နေရပါတယ်၊ ဇာတ်လမ်းတွဲတွေအတွက်လည်း အစ်မကို ခေါ်ထားတာ ရှိပါတယ်” လို့ ဇာတ်ပို့/ဇာတ်ရန် သရုပ်ဆောင် သူဇာပွင့် က ရှင်းပြပါတယ်။

အခုနောက်ပိုင်းမှာ ဗီဒီယိုဈေးကွက် ပျက်သုဉ်းသွားပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲ တွေကို အများအပြားဖန်တီးရိုက်ကူးကြသလို သူ့ကို သရုပ်ဆောင်ဖို့ ခေါ်ယူတာတွေရှိတယ်လို့ သိရပါတယ်။ဒါ့အပြင် သူမဟာ သွားလာတဲ့အခါ ပတ်ဝန်းကျင်မှာ မြင်တွေ့သူတွေရဲ့ ဘဝတွေ၊ ဓလေ့စရိုက်တွေကို လေ့လာလေ့ရှိတယ်လို့ သိရပါတယ်။

“အနုပညာဝမ်းစာဆိုတာ အမြဲဖြည့်ဆည်းနေရတာပါ၊ သေသွားရင်တောင်မှ အနုပညာဝမ်းစာက မပြည့်နိုင်သေးပါဘူး၊ ဒါက အစ်မခံယူထားတာလေ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်တဲ့အခါ ဇာတ်ကောင် ကာရိုက်တာအတွက် ပတ်ဝန်းကျင်က သင်ယူလေ့လာစရာ အကောင်းဆုံးပါပဲ၊ ဥပမာပြောရင် ဈေးသည်စရိုက်ဆိုရင် ကိုယ်က မြင်တွေ့ထားတော့ ပီပြင်အောင် ဘယ်လိုတွေ ပြောဆိုသလဲဆိုတာ ခေါင်းထဲဝင်လာစေတယ်လေ၊ အဒေါ်ဆိုလည်း အဒေါ်နေရာ၊ မကောင်းတာ လုပ်စားတဲ့သူဆိုလည်း ဘယ်လိုဆိုတာ ပီပြင်အောင်တော့ ကြိုစဉ်းစားကြည့်ပြီး ဒါရိုက်တာက ခိုင်းတာနဲ့ ပီပြင်အောင် သရုပ်ဆောင်ရပါတယ်၊ တကယ်တော့လေ အနုပညာဆိုတာ အပြောသာလွယ်တာပါ၊ တကယ်တမ်း ခက်ခဲပါတယ်၊ နက်နဲမှုလည်းရှိတယ်၊ အပေါ်ယံသွားလုပ်လို့မရဘူး၊ ဇာတ်ကောင်စရိုက်မှာ စီးမြောရင်းလုပ်မှ ပီပြင်တာပါ” လို့ သူက ရှင်းပြပါတယ်။

သူ့အနေနဲ့ ဆက်လက်ပြီးတော့လည်း ကြိုးစားနေဆဲဖြစ်သလို သူသရုပ်ဆောင်တာနဲ့ပတ်သက်လို့ လိုအပ်ချက်တွေအတွက်လည်း ဝေဖန်အကြံပြုနိုင်တယ်လို့လည်း ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၀

( Zawgyi )

ဇာတ္ကားတစ္ကား ဖန္တီးတဲ့ေနရာမွာ ဇာတ္ပို႔/ဇာတ္ရန္ေတြရဲ႕ အခန္းက႑ဟာလည္း အေရးႀကီးသလို ဇာတ္ပို႔/ဇာတ္ရန္ လက္ရွိ ႐ုပ္ရွင္နဲ႔ ဗီဒီယိုေဈးကြက္ က်ဆင္းေနေသာ္လည္း အႏုပညာေၾကးပမာဏထက္ မိမိသ႐ုပ္ေဆာင္ရမယ့္ အေျခအေနကိုသာ ႀကိဳတင္စဥ္းစား လုပ္ကိုင္ေနရတာျဖစ္တယ္လို႔ ဇာတ္ပို႔/ဇာတ္ရန္ သ႐ုပ္ေဆာင္ သူဇာပြင့္ က ေျပာပါတယ္။

“အစ္မက ေငြေၾကးခ်မ္းသာသူေတာ့ မဟုတ္ပါဘူး၊ ဒါေပမဲ့ ကိုယ့္ရဲ႕အႏုပညာနဲ႔ ကာ႐ိုက္တာစ႐ိုက္ကို ဘယ္လိုလုပ္ရမလဲဆိုတာ ႀကိဳၿပီးစဥ္းစားရပါတယ္၊ ကိုယ့္ဘက္က ပီပီျပင္ျပင္နဲ႔ လုပ္ျပႏိုင္မွလည္း ကိုယ့္ကိုယုံၾကည္မႈနဲ႔ ေခၚခိုင္းမွာေပါ့၊ ဒါေၾကာင့္လည္း လုပ္ရမယ့္ ကာ႐ိုက္တာစ႐ိုက္ကို ပီျပင္ေအာင္ စဥ္းစားၿပီး ႀကိဳးစားရပါတယ္” လို႔ သူက ရွင္းျပပါတယ္။

အခုေနာက္ပိုင္းမွာ မီဒီယာလုပ္ငန္းေတြ ဖြံ႕ၿဖိဳးလာခ်ိန္ျဖစ္တာေၾကာင့္ လူသိမ်ားလာေအာင္ လုပ္ဖို႔ရာအတြက္ လြယ္ကူေသာ ေခတ္ကာလျဖစ္ေနၿပီး အရင္ေခတ္ကာလကဆိုရင္ ဇာတ္ပို႔/ဇာတ္ရန္ေတြဟာ ျဖတ္ေလွ်ာက္အခန္းကေန ပါဝင္ခဲ့ၾကရေၾကာင္း၊ အဲ့ဒီလိုပါဝင္ရင္းနဲ႔ ဝင္ေရာက္ေျပာဆို သ႐ုပ္ေဆာင္ဖို႔ စမ္းသပ္ၿပီး ေခၚ႐ိုက္တာေတြ ရွိလာသလို အဲ့ဒီအေပၚ ပီပီျပင္ျပင္လုပ္ျပမွသာ ဒါ႐ိုက္တာေတြက သူတို႔ကို ေနာက္ပိုင္း ယုံယုံၾကည္ၾကည္နဲ႔ သ႐ုပ္ေဆာင္ခိုင္းတာမ်ိဳးေတြ ရွိတယ္လို႔ ဆိုပါတယ္။

“အစတုန္းကဆိုရင္ အစ္မကို အိမ္ကခြင့္မျပဳဘူးေလ၊ ကိုယ္ကလည္း ဝါသနာပါတာဆိုေတာ့ ဇာတ္ကားထဲ စကားေျပာဖို႔ အခြင့္အေရးရတာနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ျပရင္း ကိုယ့္ကိုယုံၾကည္မႈနဲ႔ သ႐ုပ္ေဆာင္ခိုင္းတဲ့ ဒါ႐ိုက္တာေတြရွိလာတာ ျဖစ္ပါတယ္၊ အခုထိေတာ့ အဆက္မျပတ္ေအာင္ ႐ိုက္ေနရပါတယ္၊ ဇာတ္လမ္းတြဲေတြအတြက္လည္း အစ္မကို ေခၚထားတာ ရွိပါတယ္” လို႔ ဇာတ္ပို႔/ဇာတ္ရန္ သ႐ုပ္ေဆာင္ သူဇာပြင့္ က ရွင္းျပပါတယ္။

အခုေနာက္ပိုင္းမွာ ဗီဒီယိုေဈးကြက္ ပ်က္သုဥ္းသြားေပမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္ရွင္ဇာတ္လမ္းတြဲ ေတြကို အမ်ားအျပားဖန္တီး႐ိုက္ကူးၾကသလို သူ႔ကို သ႐ုပ္ေဆာင္ဖို႔ ေခၚယူတာေတြရွိတယ္လို႔ သိရပါတယ္။ဒါ့အျပင္ သူမဟာ သြားလာတဲ့အခါ ပတ္ဝန္းက်င္မွာ ျမင္ေတြ႕သူေတြရဲ႕ ဘဝေတြ၊ ဓေလ့စ႐ိုက္ေတြကို ေလ့လာေလ့ရွိတယ္လို႔ သိရပါတယ္။

“အႏုပညာဝမ္းစာဆိုတာ အၿမဲျဖည့္ဆည္းေနရတာပါ၊ ေသသြားရင္ေတာင္မွ အႏုပညာဝမ္းစာက မျပည့္ႏိုင္ေသးပါဘူး၊ ဒါက အစ္မခံယူထားတာေလ၊ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္ကို ေလ့လာၾကည့္တဲ့အခါ ဇာတ္ေကာင္ ကာ႐ိုက္တာအတြက္ ပတ္ဝန္းက်င္က သင္ယူေလ့လာစရာ အေကာင္းဆုံးပါပဲ၊ ဥပမာေျပာရင္ ေဈးသည္စ႐ိုက္ဆိုရင္ ကိုယ္က ျမင္ေတြ႕ထားေတာ့ ပီျပင္ေအာင္ ဘယ္လိုေတြ ေျပာဆိုသလဲဆိုတာ ေခါင္းထဲဝင္လာေစတယ္ေလ၊ အေဒၚဆိုလည္း အေဒၚေနရာ၊ မေကာင္းတာ လုပ္စားတဲ့သူဆိုလည္း ဘယ္လိုဆိုတာ ပီျပင္ေအာင္ေတာ့ ႀကိဳစဥ္းစားၾကည့္ၿပီး ဒါ႐ိုက္တာက ခိုင္းတာနဲ႔ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ရပါတယ္၊ တကယ္ေတာ့ေလ အႏုပညာဆိုတာ အေျပာသာလြယ္တာပါ၊ တကယ္တမ္း ခက္ခဲပါတယ္၊ နက္နဲမႈလည္းရွိတယ္၊ အေပၚယံသြားလုပ္လို႔မရဘူး၊ ဇာတ္ေကာင္စ႐ိုက္မွာ စီးေျမာရင္းလုပ္မွ ပီျပင္တာပါ” လို႔ သူက ရွင္းျပပါတယ္။

သူ႔အေနနဲ႔ ဆက္လက္ၿပီးေတာ့လည္း ႀကိဳးစားေနဆဲျဖစ္သလို သူသ႐ုပ္ေဆာင္တာနဲ႔ပတ္သက္လို႔ လိုအပ္ခ်က္ေတြအတြက္လည္း ေဝဖန္အႀကံျပဳႏိုင္တယ္လို႔လည္း ဆိုပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၂၀